Saturday, November 22, 2014

Huawei G610+ Touch Error အကြောင်း

G610+တွေမှာ 1.8v,2.8v ပျောက်ပြီး touch မရတော.ဘူးဆို၇င် power ic လဲလည်း touch ic ကို volt မရောက်ဘူး၊ cpu လဲးလည်း v မရောက်ဘူး,ကောင်းမလာဘူး၊ဘာလုပ်ရမှန်းမသိဖြစ်နေကြတယ် ၊အချို့ လည်းသိပြီးကြမှာပါ။ G610မှာ software ရေးပြီးမှ touch မရတော့တာမျိုး၊ အခြားဆိုင်မှာ software မှားရေးပြီးမှ ရောက်လာတာမျိုး ကိုယ့်ဆိုင်ရောက်တော့ touch လဲးစမ်းပြီး hardware လိုက်ပြင်တာမျိုးဖြစ်တတ်ကြတယ်။
အဓိကကတော့ G610+ ကို G610 ရိုးရိုးမှတ်ပြီး firmware မှားေ၇းတာများပါတယ်။
G610 + firmware အမှန်ပြန်တင်ပေးမှ ရပါလိမ့်မယ်။
ပုံမှန်ကြည့်၇င်တူတယ်လို့ထင်ပြီးမခွဲတတ်ကြဘူး။

ဖုန်းမှာဆိုရင် imei number နောက်မှာကြည့်ခွဲတယ်။
PCB မှာဆိုရင် အဓိက
၁ charging ပိုင်း
၂ power ic ဘေးက diode
၃ Q201 tr ပါ/မပါ ပေါ့
ပုံမှာပြထားပါတယ် 
















လေးစားစွာဖြင့်
ရဲထက်(wavemobilespecial service)

credit by KO LINN


 

Thursday, October 23, 2014

Adb Error တွေရှင်းကြမယ်

Android ဖုန်းတွေမှာ Driver တွေ ရှိပါလျက်နဲ့ Mobile Tool တွေနဲ့ မသိတာတို့
Root Tool တွေနဲ့ မသိတာမျိုးတို့ ကိုကြုံဖူးကြမှာပါ.အဓိကကတော့ ADB Error တက်နေတာပါ
အခုကျွန်တော်တင်ပေးမယ့် Tool လေးကတော့ ADB Error များကို 100% ရှင်းပေးပါလိမ့်မယ်
ကျွန်တော်လည်းအခုလက်ရှိသုံးနေတာပါ..အဆင်ပြေပါတယ်
ဒီTool လေးကိုေ၇းသားသူကတော့ ကိုစိုးထွန်းဦးဖြစ်ပါတယ်ခင်ဗျား
လိုအပ်သူများအောက်ကလင့်မှာ ဒေါင်းလော့ရယူကြနော်

Adb Error Tool  

အဆင်ပြေကြပါစေ.....

Thursday, October 16, 2014

Coolpad 5200 Firmware Download Fail Error ဖြေရှင်းကြည့်ရအောင်နော်...

Coolpad 5200 မှာ Firmware တင်ရင် ဖိုင်တွေလည်းမှန်ပါတယ် ဖုန်းကိုလည်း fastboot အနေအထားမှာထားပါတယ်။ဒါပေမယ့် Download Fail ဆိုပြီးတော့ Firmware ရေးလို့မရတဲ့ သူများရှိကောင်းရှိနိုင်ပါတယ်။ကျွန်တော်လည်းကြုံဖူးပါတယ်..အခု တော့ အားလုံးအဆင်ပြေသွားပါပြီ
အမှန်က Firmware Tool ကြောင့်ဖြစ်တာပါခင်ဗျား။
အဲဒိ Tool လေးကို ကျွန်တော်မျှဝေပေးပါ့မယ်ခင်ဗျား။100% အဆင်ပြေပါတယ် ။စမ်းသပ်ပြီးသားပါ။
လိုအပ်သူများရှိရင် အောက်မှာ ဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား..


Firwmare ဖိုင်ကိုတော့ ကျွန်တော့ ဆိုဒ်မှာ ပဲရှိပါတယ် တင်ပေးပြီးသားပါ။ပြန်မတင်ပေးနိုင်တာတော့ခွင့်လွှတ်ကြပါ။ ကွန်နရှင်အဆင်မပြေလို့ပါ
အခုတင်ပေးတဲ့ Tool လေးနဲ့ အစားထိုးပြီး Firmware ပြန်တင်လိုက်ပါ အဆင်ပြေပါစေဗျာ.....

ဒီပို့စ်လေးအတွက် ကျွန်တော်ရဲ့လက်ဦးဆရာ ဆရာကိုညီညီစိုး ကိုကျေးဇူးအထူးတင်ပါတယ်ဗျာ
ဒီနေရာကနေကျွန်တော် ဂါဝရပြုလိုက်ပါတယ်
ကျွန်တော့ဆရာပြောထားတဲ့ နည်းအတိုင်း ဒီ Tool လေးကို စဉ်းစားပြီးပြင်ဆင်လိုက်တာပါ
အခုတော့အားလုံးအဆင်ပြေသွားပြီ

ကျွန်တော်ကြိုးစားနေသမျှအရာအားလုံးဟာ အားလုံးကိုမျှဝေဖို့ပါ
ရဲထက်(Wave Mobile Special Service)

Coolpad 7060 N/V Fail (or) 3G မတက်သူများ ပူစရာမလိုတော့ပါဘူးဗျာ.....



ခုဆို
firmware ကျလို့ လာတဲ့ အလုံးတွေ အတော်များနေပါပြီ power by MOF နဲ့တက်တဲ့
firmware က 3G ပျောက်ပြီး network unlock ဆိုတဲ့ APK နဲ့လဲ မရပါဘူး

အခု ဒီ firmware လေးက သူနဲ့ အတူတွဲတင်ရမယ့် downloader လဲ ပါပြီးသားပါ 3G လုံးဝ လုံးဝ တက်ပြီး လုံးဝ လုံးဝ အိုကေပါတယ်

အဆင်ပြေကြမယ် လို့မျှော်လင့်ပါတယ်
3G မတက်ခြင်းရန်မှ ကင်းဝေးကြပါစေ။............

7060 3G Fix Firmware

 credit Mg Nyi Zaw
 ref..MMSD

ဆက်လက်ကြိုးစားနေဆဲပါ
ရဲထက်(Wave mobile Special service)

Friday, October 10, 2014

Coolpad 5310 Firwmare တင်နည်းလေးလာပါပြီ......

 Coolpad 5310 Firmware တင်နည်းလေး တင်ပေးလိုက်ပါတယ်ခင်ဗျား
Firmware ကိုအရင်ဆွဲပါ။
ပြီးရင် ဖုန်းကို Fastboot mode ၀င်ပါ။ပြီးရင် PC နဲ့ချိတ်ပါ။
Driver သိရင် အဆင်ပြေပါပြီ။မသိပါက Driver ပြန်တင်ပါ။
ပြီးရင် .bat File လေးကို Run လိုက်ပါ။သူ့ဘာသူဆက်လုပ်သွားပါလိမ့်မယ်
Reboot ကျပြီးပြန်တက်လာ ရင် အဆင်ပြေပါပြီ
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

Coolpad 5310 Fastboot Firmware

Coolpad 5217 SaveBrick Firwmare

 Root ဖောက်ရင်း(သို့) boot ဖိုင်မှားထည့်မိတာတို့လုပ်မိပြီး Logo မှာ ရပ်နေတတ်ပါတယ်
အမြန်ဆုံး Firwmare ပြန်ရေးနိုင်အောင် Firwmare  တင်နည်းလေးမျှဝေလိုက်ပါတယ်ခင်ဗျ
Driver မရှိပါက Driver အရင်တင်ပါ။
ပြီးရင် Phone ကို သက်ဆိုင်ရာ Key များနဲ့ Fastboot ၀င်ပါ
ပြီးရင် Firwmare ဖိုင်ထဲက .bat  ဖိုင်လေးကို Run လိုက်ပါ သူ့ဘာ့သူဆက်တင်သွားပါလိမ့်မယ်




Coolpad 5217 Firwmare

အားလုံးအဆင်ပြေကြပါစေ။


Coolpad 7232 Flashtool Firmware တင်နည်းလေးပါ

Coolpad 7232 အတွက် Flashtool Firmware တင်နည်းလေးပါ ။
Coolpad 7232 Flashtool Firwmare 

Firmware တင်နည်းလေးပါမျှဝေလိုက်ပါတယ်
အဆင်မပြေသေးတဲ့ သူများအတွက်သာရည်ရွယ်ပါတယ်ခင်ဗျာ
သိပြီးသားသူများကတော့ကျော်သွားလိုက်ပါခင်ဗျာ။

Firwmare ကိုအရင်ဒေါင်းပါ။ဒေါင်းပြီးရင် SP_Flash_Tool_v3.1316.0.150 ကိုဖွင့်ပါ။
မရှိပါက ဒေါင်းပါ။
ပြီးရင် Scatterloading မှာ 7232 ဖိုင်ထဲက MT6572 Android Scatter ကိုရွေးလိုက်ပါ။
ပြီးရင် Firwmare upgrade ကိုရွေးလိုက်ပါ။
ပြီးရင် ဖုန်းကို ဓာတ်ခဲဖြုတ်ပါ.ပြီးရင် ဓာတ်ခဲပြန်တက်ပါ
ဖုန်းကိုဘာခလုတ်မှ မနှိပ်ပဲ PC နဲ့ ချိတ်လိုက်ပါ။
ရောင်စုံတန်းလေးတွေ ပြေးပြီးသူ့ဘာသူ ဆက်ရေးသွားပါလိမ့်မယ်။
လက်တွေ့ ဆန်းသပ်ပြီးသားပါ။100% အဆင်ပြေပါတယ်။

အစဉ်ပြေကြပါစေ။
မှတ်ချက်.......SP_Flash_Tool_v3.1316.0.150 နဲ့စမ်းထားတာပါ။

အားလုံးအတွက်အကျိုးရှိအောင် ကြိုးစားနေဆဲပါ

ရဲထက်(Wave Mobile Special Services )

Friday, August 29, 2014

Y511-U251 Flashtool Firmware လေးပါ







Y511-U251 Flashtool Firwmare လေးတင်ပေးလိုက်ပါတယ်ခင်ဗျား
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား
အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျား
အဆင်ပြေကြပါစေ

crdit by Myanmar XDA



Y511-U251 Flash Tool Firmware Download

Huawei G610-U00 VideoCall & Myanmar Font Flashtool Firmware



 Huawei G610 အတွက် Video Call ရော မြန်မာစာဖောင့်ရော ပါတဲ့ Flash
tool Firmware လေး ဖြစ်ပါတယ်။ ဒီ Firmware လေးကိုတော့ S4 Rom ကို
ပြန်ပြီးတော့ ပြင်ထားတာ ဖြစ်ပါတယ်။ S4 Rom ကိုတင်မယ်ဆိုရင်တော့ မိမိ
ရဲ့ 610 ဖုန်းဟာ cwm တင်ထားတာတောင်မှ ပေးပြီးတော့ သွင်းမရတာတွေ
ရှိပါတယ်။ ဒီ Flashtool Firmware လေးကိုတင်လိုက်ရင် Gesture sensing
တွေလည်း အလုပ်လုပ်ပါလိမ့်မည်။ Gallery ထဲက ဓါတ်ပုံတွေကိုလည်း လက်နဲ့
ရွှေ့စရာ မလိုဘဲ လေပေါ်ကနေ ကျော်လို့ရခြင်း ၊ ဓါတ်ပုံရိုက်ချင်ရင်လည်း
ကင်မရာကို နှိပ်စရာမလိုဘဲနဲ့ လက်ကလေးနဲ့ အချက်ပြလိုက်တာနဲ့ အော်တို
ရိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ music ဖွင့်ရင်းနဲ့ နောက်တစ်ပုဒ်ကျော်
ချင်ရင်လည်း next ကို နှိပ်စရာမလိုဘဲ လက်ကလေး ဝှေ့ယမ်းလိုက်တာနဲ့
အော်တို ကျော်ပေးသွားမှာ ဖြစ်ပါတယ်။ error ကတော့ internal memory
0B ဖြစ်သွားပါလိမ့်မည်။ ပြောရမယ်ဆိုရင် ဒီ Flashtool Firmware ကို
တင်လိုက်ရင် internal memory အလုပ်မလုပ်တော့ပါဘူး။ sd card ထပ်စိုက်
မှ အဆင်ပြေပါလိမ့်မည်။ ဒီ Flashtool Firmware တင်ပြီးလို့ မကြိုက်ရင်လည်း
official firmware ပြန်ရေးလို့ရပါတယ်။ ကျန်တာတွေကတော့ ဘာ error မှ မရှိ
ပါဘူး။ Ooredoo sim card ရယ် GSM/WCDMA Sim Card ရယ် နှစ်ခုစလုံး
ထည့်ထားပြီး 3G ကွန်ယက် အလုပ်လုပ်ပါတယ်။ စမ်းသပ်သုံးချင်သူများအတွက်
တင်ပေးလိုက်ပါတယ်။


 credit-Aung Min Han

အဆင်ပြေကြပါစေ။


Saturday, July 19, 2014

H30-U10 Full Flashtool Firmware


Honor 3C (H30-U10) Flash tool Firmware လေးတင်ပေးလိုက်ပါတယ်ခင်ဗျား။အောက်ကလင့်မှာဒေါင်းလော့ရယူကြပါခင်ဗျား။


Flashtool Full Firmware

SP Flashtool

Usb_Vcom_Auto_Installer_v1.1236.00_2

H30-U10_B108_MY_recovery-sign

MT 6582 Andriod Scatter.txt

Driver For Service 2012-11-27


Credit by Myanmar XDA

အားလုံးအဆင်ပြေကြပါစေ.............


ဖုန်းပြောရင်းကိုယ့်ချစ်သူကိုသီချင်းဖွင်းပြမယ့် application လေးနော်

မိမိ ဖုန်းပြောနေရင်း တဖတ်ကသူတွေ ဒါမှမဟုတ် မိမိရဲ့ ချစ်ချစ် ကိုမိမိဖုန်းထဲက သီချင်းလေးတွေကို ဖွင့်ပြနိုင်မဲ့ ဆော့ဝဲလေးမျှဝေလိုက်ပါတယ်။ မြန်မာမူလေးဖြစ်လို့ အသုံးပြုရတာလဲ အဆင်ပြေမှာပါ။ ဆော့ဝဲလေးကို on လုပ်ထားရုံနဲ့ မိမိဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ noti ဘားအဖြစ်ရှိနေမှာပါ။ မိမိထားချင်တဲ့နေရာ ထားနိုင်တယ်နော်။ ကျနော်က ဘယ်မှာထား ထားလို့ပါ။ မိမိဖွင့်ပြချင်တဲ့သီချင်းလေးရွေးထားပီး အချိန်ကျရင် noti ဘားလေးဆွဲပီးဖွင့်ပြရုံပါပဲ။ ပြောနေတာကြာနေတယ်ဗျာ။ အောက်မှာဒေါင်းယူလိုက်နော်။ အဆင်ပြေပါစေ..

Download Here 



Friday, July 18, 2014

Huawei G615-U10 - Official Firmware



Huawei G615-U10 ရဲ့ official Firmware လေးပါ

service သမားတိုင်းဆောင်ထားသင့်ပါတယ်

 ကျွန်တော်တို့လိုကလိတဲ့လူတွေနဲ့တွေ့လို့တစ်

ခုခုဖြစ်သွားရင်မြန်မြန်ဆန်ဆန်လေးပြန်တင်နိုင်တာပေါ့

လိုအပ်ရင်အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား

Download G615-U10 build 113

အားလုံးအဆင်ပြေကြပါစေ
ကျေးဇူးတင်ပါတယ်ခင်ဗျား။

C8816 Firmware ရေးနည်း



C8816 Firmware ရေးနည်း လေးပါ

unlockbootloader ဖြည်ချထားပါတယ်

တကယ်လိုများ unlockbootloader ဖြည်ထားခဲ့မယ်ဆိုရင်

အခု ပြောတာနဲ အားလုံးအဆင်ပြေပါတယ်

အရင် ဆုံး ဖုန်းကို

volume down + power ကို 10 စက္ကန့် ဖိထားပေးပါ

Logo မှာ ရပ်နေရင်

usb ထိုး ဒေါင်းလိုရတဲ့ ဖိုင်ထဲက Yehtutnaung.exe ကို

Run ပေးလိုက် 3 - 4 မိနစ်လောက်နေရင် ပြီးပါပြီ

Power ပြန်ဖွင့် ပြန်သုံးလို့ရပါပြီ


အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား။

C8816 Firmware Download 

credit by  www.koye9992.blogspot.com


အဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား



Thursday, July 17, 2014

19July.apk Version က 1.0.2 update လေးပါ

ဒီ Version က ဥသြသံပိုကျယ်လာပြီး ဥသြဆွဲချိန်က ၂မိနစ်ကြာပါမယ်။
(၁၀ နာရီ ၃၇ မိနစ်) သို့ (၁၀ နာရီ ၃၇ မိနစ် ၁ စက္ကန့်) မှာ ဥသြသံ စကြားရမှာဖြစ်ပါတယ်။
ပြီးရင် ဒေါ်မေလှမြိုင်ရဲ့ အလေးပြုပါသည် သီချင်းဆက်တိုက်လာပါမယ်။
File size က 3.8 MB ဖြစ်ပြီး Android Version 1.6 နှင့်အထက် Phone နဲ့ Tablet တွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
အသုံးပြုနည်းက တော့ apk ကို install လုပ်ပြီးနောက် Open လုပ်ပါ။ ပြီးရင်ပြန်ပိတ်ထားလိုက်ပါ။
ပြည်ပရောက်မြန်မာများကတော့ Settings > Date & Time ကနေ Myanmar time zone ကိုရွေးထားပါ။
အာဇာနည်နေ့နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြသံ ၂မိနစ်နဲ့ သီချင်း အလိုအလျှောက်ထွက်ပေါ်လာမှာဖြစ်ပါတယ်။
အဆင်ပြေမပြေသိချင်ရင် မိမိဖုန်းကို ဇူလိုင်၊ ၁၉ ရက်၊ AM ၁၀ နာရီ၊ ၃၇ မိနစ်လို့ပြောင်းပြီး အသံထွက်မထွက်စမ်းကြည့်ထားပါလို့။
ဘလော့ဂါ များအနေနဲ့ အရင် Version ကိုတင်ထားတာဖြစ်ပါက ယခု Version ကိုပြောင်းတင်ပေးသင့်ပါတယ်။


 Download 19 July.apk

credit by Daw Htar Htar Saw Lwin

Coolpad 7232 Flashtool Firmware


Coolpad 7232 အတွက် Flashtool Firmware ကို Error တစ်စုံတစ်ရာ တက်လို့ 
Firmware ပြန်ရေးချင်တဲ့
သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆိုင်သမားတွေကတော့ ဆောင်ထားတာ 
မမှားပါဘူးဗျာ။ :)
အလိုရှိတဲ့သူတော့ ရယူထားလိုက်ပါ။
credit by Ko Htoo
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား.............

Honor 3C H30-U10 Root & Font Installer.........

Honor 3C (H30-U10) Root လုပ်နည်းနှင့် Font Installion လုပ်နည်းကိုစုပေါင်းပြီးတင်ပေးလိုက်ပါတယ်ခင်ဗျား။
လိုအပ်မယ်ထင်လို့တင်ပေးလိုက်တာပါ။
ဒီပို့စ် အတွက်သက်ဆိုင်သူအားလုံးကို Credit ပေးပါတယ်ခင်ဗျား။
အောက်ကလင့်မှာဒေါင်းလော့ရယူကြပါ။

Root Tool For Honor3C (H30-U10)

Font Installer For Honor3C (H30-U10)


အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ် 

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
ရဲထက်(www.wavemobilespecialservices.blogspot.com)


Wednesday, July 16, 2014

အာဇာနည်နေ့မှာ ဥသြဆွဲပေးမယ့် ဆော့ဖ်ဝဲလ်





Android phone/Tablet ကိုင်ဆောင်သူများအတွက် အာဇာနည်နေ့အကြိုဆော့ဝဲလ်လေးကို တင်ပေးလိုက်ပါတယ်။
ဒီ apk ကို ရတာနဲ့ ဖုန်းမှာ install လုပ်ထားပါ။
အခြားဘာမှထပ်လုပ်စရာမလိုဘဲ အာဇာနည်နေ့ နံနက် 10 နာရီ 37 မိနစ်တိတိမှာ ၂မိနစ်ကြာ ဥသြသံထွက်ပေါ်လာမှာဖြစ်ပါတယ်။
ဥသြသံပြီးတာနဲ့ ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါသည် သီချင်း ဆက်တိုက်ထွက်ပေါ်လာမှာဖြစ်ပါတယ်။
အချိန်ကိုက်တပြိုင်နက်သံပြိုင်ဥသြသံထွက်ပေါ်စေရန် မြန်မာနိုင်ငံသားတိုင်း မမေ့မလျော့ install လုပ်ထားကြပါ။
ကြိုတင်ခံစားကြည့်ချင်ရင်တော့ မိမိတို့ဖုန်းရဲ့ Date and Time ကို July 19
10: 35 လောက်ပြောင်းထားကြည့်ပါ။
ဒီမှာဒေါင်းပါ

credit to : ဆရာမဒေါ်ထားထားစောလွင်

အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ...................


Coolpad 5200 Firmware လေးမလိုချင်ကြဘူးလားဗျ

Coolpad 5200 Firmware လေးတင်ပေးလိုက်ပါတယ်ခင်ဗျား.လိုအပ်မယ်ထင်ပါတယ်
လိုအပ်မယ်ဆိုရင်အောက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား။

ROM >>>https://usersfiles.com/e48ga7gyjeri

Driver >>>https://usersfiles.com/m2dxwdyng5xs

upgrade Tools >>>https://usersfiles.com/l8gtl4a73jqf

PDF >>>https://usersfiles.com/jnmn180n0815

 Creit by Mg Htet Wai Phyo
 အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။............. 

Tuesday, July 15, 2014

Huawei G610 U00 + Flashtool Firmware

နောက်ပိုင်းထွက်လာတဲ့ G610 U00+ အတွက် Flashtool Firmware လေးပါ
အရင်ထွက်ထားတဲ့ G610 U00 အတွက်မဟုတ်ပါဘူး
မှာတင်မိရင် Error တက်တတ်ပါတယ်
လိုအပ်မယ်ဆိုရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျား

Download Here

အားလုံးအဆင်ပြေကြပါစေခင်ဗျား။

Samsung Galaxy Note 3 Neo SM-N750 & SM-N7505 version 4.3 အတွက် CF-Auto-Root

Samsung Galaxy Note 3 Neo version 4.3 အတွက် CF-Auto-Root ရှာနေသူတွေအတွက်
အဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Root လုပ်ရန် လိုအပ်နေကြတယ်ဆိုရင်တော့ Download ရယူလိုက်ပါ။



 CF-Auto Root SM- N750 .zip

CF-Auto-Root-SM-N7505.zip 

အဆင်ပြေကြပါစေခင်ဗျား။

 
Twitter Bird Gadget