Thursday, February 27, 2014

Huawei C8816 Firmware


သူ့မှာကို က Hauwei ကုမဏီက နေ တစ်ခါတည်း မြန်မာစာထည့်ပေးလိုက်ပြီဂျာ။

ကြိုက်နှစ်သက်တဲ့ Myanmar Keyboard လေးထည့်သုံးရုံပါဘဲ။

ကျွန်တော်တို့ က service သမားတွေချိုတော့ လက်ဆော့ချင်တာကို။

firmware လေးတော့ ဆောင်ထားဦးနော်။ Huawei ရဲ့

Official Firmware လေးနော် 

မြန်မြန်လေးယူထားအုံးနော်။


သူ့မှာကို က Hauwei ကုမဏီက နေ တစ်ခါတည်း မြန်မာစာထည့်ပေးလိုက်ပြီဂျာ။

ကြိုက်နှစ်သက်တဲ့ Myanmar Keyboard လေးထည့်သုံးရုံပါဘဲ။ 

ကျွန်တော်တို့ က service သမားတွေချိုတော့ လက်ဆော့ချင်တာကို။


firmware လေးတော့ ဆောင်ထားဦးနော်။ Huawei ရဲ့

Official Firmware လေးညော်  - See more at: http://koye9992.blogspot.com/2014/02/huawei-c8816-offical-myanmar-font.html#sthash.Go9nZEzp.dpuf

Zapya တင်ပြီး Computer နဲ့ ဖုန်းကို ကြိုးမဲ့ဆက်သွယ်မယ်..




Android Device မှာပဲဖြစ်ဖြစ်၊ iDevice မှာပဲဖြစ်ဖြစ် Zapya ဆိုတဲ့ File Transfer ဆော့ဝဲကို တော်တော်အသုံးပြုကြတယ်.. ဒါပေမယ့် ဖုန်းအချင်းချင်းသာ ဆက်သွယ်နေကြဆဲဖြစ်ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုသူနည်းပါးပါသေးတယ်.. ဟိုတလောက Zapya For Windows PC ကိုတင်ပေးခဲ့ပါတယ်.. မသုံးတတ်လို့ဆိုပြီး ပြောပါတယ်.. အခု အခြေခံသမားတွေ  နားလည်လွယ်အောင် ပြောပြပါမယ်.. ကွန်ပျူတာက Wireless Adapter ရှိတဲ့ Laptop ဖြစ်ရပါမယ်.. Desktop မှာ Wireless Adapter တပ်ထားပြီး လုပ်လို့ရသလားတော့ မသိ...

ပထမဆုံး ကွန်ပျူတာအတွက် Zapya ကို အောက်ကလင့်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ။ 3.15 Mb ပဲရှိပါတယ်

ဒီမှာဒေါင်းလိုက်နော် ကွန်ပျူတာအတွက်

  သင့်ဖုန်းမှာ ရော Zapya ရှိရဲ့လား.. မရှိရင် Android အတွက်တော့ အောက်ကလင့်မှာ ဒေါင်းလိုက်ပါအုံး..

ဒီမှာဒေါင်းလိုက်ပါ ဖုန်းအတွက်နော်

 ပြီးရင်တော့ နှစ်ခုစလုံးမှာ Install လုပ်ထားပေါ့ဗျာ...

1. ကွန်ပျူတာက Zapya ကို Run ပါ.. ဒါဆိုရင် ကွန်ပျူတာနည်မည်နဲ့ Password ကို Zapya မှာ မြင်နေရမှာဖြစ်ပါတယ်..






2. ဖုန်းက Zapya ကို Run ပါ.. android လည်းရတယ်. iOS လည်းရတယ်နှော်.. ဖုန်းမှာ Search and Join ကိုနှိပ်လိုက်ပါ.. ဒါဆိုရင် ဖုန်းမှာ အောက်ကလို -Win-ကွန်ပျူတာနာမည်-PC ဆိုတာကိုတွေ့ပါမယ်.. အဲဒါကိုနှိပ်ပါ.. Password တောင်းပါမယ်.. ကွန်ပျူတာ Zapya က Password ကိုထည့်ပေးလိုက်ပါ.. ဒါဆိုရင် ဖုန်းနဲ့ကွန်ပျူတာ အချိတ်အဆက်ရပါမယ်။







4. ဖုန်းက ကွန်ပျူတာကို ဖိုင်ပို့တာ လွယ်ပေမယ့် ကွန်ပျူတာက ဖုန်းကို ပို့တာတော့ Drag and Drop လုပ်ပြီးမှ ရွှေ့ပို့ရပါတယ်.. ကွန်ပျူတာမှာ ကိုယ်ပို့ချင်တဲ့ ဖိုင် Explorer ကိုဘေးချင်းယှဉ်တွဲဖွင့်ထားပြီး ဖိဆွဲကာ Zapya ထဲက ဆက်သွယ်ထားတဲ့ ပုံဆီရွှေ့ကာ လွှတ်လိုက်ပါ.. ဒါဆို ဖုန်းဆီ ရောက်သွားပါမယ်.


5. ကွန်ပျူတာရဲ့ Zapya မှာ Setting ချိန်ခြင်း
   (က) ကွန်ပျူတာ Zapya ရဲ့ နာမည်နဲ့ Password တွေကို ကိုယ်ကြိုက်တာ ပြောင်းလို့ရပါတယ်.. ပုံထဲကလို Password နဲ့ Inbox ကြားက > လေးကိုနှိပ်လိုက်ပါ..

  ပေါ်လာတဲ့ ဘောက်မှာ နာမည်နဲ့ Password ပြောင်းနိုင်ပါပြီ..





အဆင်ပြေကြပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ

CDMA 800 MHz အတွက် Huawei ရဲ့ Model သစ် C8816 ( မြန်မာစာပါပြီး )

ဒီပတ်ပြည်တွင်းဈေးကွက်ကို Huawei ရဲ့ Model သစ်တစ်မျိုးဖြစ်တဲ့ C8816 ဝင်ရောက်လာပါတယ်.. Android Version 4.3 ကိုသုံးထားပြီး မြန်မာစာ Built In ပါဝင်လာပါတယ်.. CPU က Quad Core 1.2Ghz ဖြစ်တဲ့အတွက် မြန်ဆန်တဲ့ Speed နဲ့မောင်းနှင်ပေးမှာပါ.. Camera 8 Mp ဖြစ်တဲ့အတွက် အရည်အသွေးကောင်းတဲ့ ဓါတ်ပုံ၊ ဗွီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ.. Battery 2000 mAh ဖြစ်ပြီး အချိန်အကြာကြီးခံတဲ့ Battery အမျိုးအစားပါ.. ဈေးနှုန်းကလည်း ၁ သိန်း ခွဲ ဝန်းကျင်လောက်နဲ့ ကိုင်နိုင်မှာဖြစ်တဲ့အတွက် C800 သမားတွေ အကြိုက်တွေ့စေမှာပါ။
-
Specification

Model  -  Huawei C8816
Android Version - 4.3(Jellybean)
CPU - Quadcore 1.2GHz
RAM - 1GB
ROM - 4GB
Emotion UI - 1.6
Camera - 8MP
Battery - 2000 mAh
Display Size - 5 inch
Color - Black / White







Monday, February 24, 2014

Volume Control For Android

Android Phone + Tablet တွေအတွက်volume controlလေးပါ။
တစ်ချို့ Android Phone တွေမှာvolume ခလုတ်မကောင်းတာတို့
volume ခလုတ်ပျက်နေတာတို့ ဖြစ်တတ်ပါတယ်။အဲဒီအခါကျရင် service
ဆိုင်သွားရင် ပိုက်ပိုက်ကုန်နေအုန်းမယ်။service ဆိုင်နဲ့ နီးတဲ့ သူက အကြောင်း
မဟုတ်ပါဘူး။ဝေးတဲ့သူတွေအတွက်ကတော့ အဆင်မပြေပါဘူး။volume ခလုတ်
မကောင်းရင် အသံအတိုးအချဲ့က ဒုက်ခရောက်တတ်ကြပါတယ်။တော်တော်
များများ ဖြစ်ဘူးမယ်ထင်ပါတယ်နော်။အခုဆော့ဝဲလေးကတော့ volume ခလုတ်
ကို ထိန်းချုပ်ပေးမဲ့ Apk လေးပါ။ဒီ APKကို ထည့်ထားယုံနဲ့ အဲဒီ APK ထဲမှာ အသံ
အတိုး အချဲ့ သွားလုပ်လို့ရပါတယ်ခင်ဗျာ ။မိမိရဲ့ Home Screen မှာလည်း widget
တစ်ခုအနေနဲ့လည်း ထားလို့ရပါတယ်။ပြီးတော့ noti bar ပေါ်မှာလည်း တင်ထားလို့
ရပါတယ်ခင်ဗျာ။ Google Play Store မှာတော့ ဒေါ်လာ 3.99 ပေးဝယ်ရပါတယ်။
ကျွန်တော့ဆိုဒ်မှာတော့ Free ပေါ့ဗျာ။
အောက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား
အားလုံးကိုကျေးဇူးတင်ပါတယ်။


Thank You For All......................

Rom or Firmware


ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်လေးထဲက နေပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။
Custom ROM ဆိုတာဘာလဲ ? ROM ဆိုတာ Read Only Memory ပါ။ ဒါပေမယ့် - See more at: http://koye9992.blogspot.com/2014/02/rom-or-firmware.html#sthash.crnZjU8z.dpuf
ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်လေးထဲက နေပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။
Custom ROM ဆိုတာဘာလဲ ? ROM ဆိုတာ Read Only Memory ပါ။ ဒါပေမယ့် - ဒီ Android မှာတော့ ROM ဆိုတာကို ဖုန်းတစ်ခုချင်းအတွက် စီမံထားတဲ့ Android OS
 ကိုဆိုလိုတာပါ။ဥပမာ- HTC Desire ဖုန်းနဲ့  Samsung Galaxy ဖုန်းတို့ က Android ကို
သုံးထားတာချင်းတူပေမယ့် အပြင်အဆင်လေးတွေ နည်းနည်းတော့ ကွာကြပါတယ်
ဖုန်းထုတ်လုပ်သူတွေက Android ကို Google ကပေးတဲ့အတိုင်း မထုတ်လုပ်ဘဲ ထူးခြား
နေအောင်လို့  နည်းနည်းလေးတော့ အလှအပလေးတွေ လိုက်ထည့်တတ်ပါတယ်။ အဲဒါကြောင့်
 လည်း widget လေးတွေ Message Box တွေကအပြင်အဆင်လေးတွေက ဖုန်းတခုနဲ့ တခုမတူညီကြပါဘူး။
အဲဒီလို အပြင်ပိုင်း အလှအပ အပြင်အဆင်လေးတွေအပြင် Android ကိုကိုယ့်ဖုန်းရဲ့  Hardware န
ဲ့ ဟန်ချက်ညီအောင်လည်း ပြင်ဆင်ရပါသေးတယ်။ဥပမာ- Camera 3.5 megapixel သုံးထားတာလား
 5 megapixel သုံးထားတာလား ဆိုတာ ကို Android နဲ့ လိုက်လျှောညီထွေဖြစ်အောင် ချိန်ညှိထားတာမျိုးတွေရှိပါတယ်။
အဲဒီလို ဖုန်းနဲ့ ဟန်ချက်ညီ တဲ့ Android ကို ROM လို့ ခေါ်ပါတယ်။ Samsung Galaxy Note 2 နဲ့ ဟန်ချက်ညီတဲ့
Android OS ကို Samsung Galaxy Note 2 ROM လို့ ခေါ်မှာ ပါ။Google ကပေးထားတဲ့ Android ကိုဘယ်သူအခမဲ့
ရယူနိုင်ပေမယ့် ဖုန်းရဲ Hardware ရဲ့  ဟန်ချက်ညီအောင် ပြင်ဆင်ဖို့ ကတော့ ပညာရှင် မဟုတ်သူတွေအတွက် မဖြစ်နိုင်ပါဘူး ။
အဲဒါကြောင့် ကိုယ့်ဖုန်းအတွက် ROM ကို Update လုပ်ချင်တဲ့အခါမျိုးမှာ ဖုန်းထုတ်လုပ်သူ ဆီက ကိုယ့်ဖုန်း အတွက် ROM ကိုရရှိမှ
 ကိုယ့်ရဲ့  Android ကို version မြှင့်နိုင်တော့မှာပါ။ အဲဒီလို ဖုန်းဝယ်ကတည်းကပါလာတဲ့ ROM ကို Official ROM လို့ ခေါ်ပါတယ်။
ရှေ့ကပြောခဲ့သလို Google က Android ကိုအခမဲ့ ပေးထားတာဖြစ်လို့  ဘယ်သူမဆိုလွပ်လပ်စွာ Download ရယူပြုပြင်နိုင်တာကြောင့်
 ပြင်ပက Developer တွေက ဖုန်းတချို့ အတွက် ဟန်ချက်ညီညီ အသုံးပြုနိုင်မယ့် ROM တွေကို ဖန်တီးပြီး ဖြန့် ဝေလေ့ရှိပါတယ်။အဲဒါကို
Custom ROM လို့ ခေါ်ပါတယ်။ ဥပမာ- Developer တစ်ယောက်က Android ကို Google ကနေ Download ယူပြီး Samsung Galaxy Note 2
 ရှိနေမယ်ဆိုရင် စမ်းကြည့်နိုင်ပါတယ်။ အဲဒီ့လို Samsung ကမဟုတ်ဘဲအပြင်က Developer တွေရေးထားတဲ့ ROM တွေကို Custom ROM လို့ ခေါ်ပါတယ်
Custom ROM တွေက ဖုန်းထုတ်လုပ်သူတွေဖြန့်ဝေပေးတဲ့ ROM မဟုတ်တာကြောင့် ROM ကောင်းမကောင်းဆိုတာ Developer ရဲ့ အစွမ်းအစပေါ်မူတည်နေပါတယ်။
အဲဒါကြောင့် Custom ROM တွေဟာ ကိုယ့်ဖုန်းအတွက်ပြည့်အ၀ စိတ်ချရစေတဲ့ ROM တွေတော့ မဟုတ်ပါဘူး။
ဒါဆိုကျနော်တို့  Custom ROM တွေကို ဘာလို့ ထည့်ကြသလဲ………? ဆိုကြပါစို့  ကျွန်တော်ဆီမှာ
Huawei C8600 Android ဖုန်းလေး ရှိတယ်ပေါ့ဗျာ။ အဲဒီမှာ Android က 2.1 ပဲပါတယ်။ကျွန်တော်က
Flash Player Apps ထည့်ချင်နေတယ်။ဒါပေမယ့် ထည့်မရပါဘူး။ 2.3 မှ ထည့်လို့ ရမယ်လို့ လာပြောနေပြီ
။အဲဒါဆို ဘာလုပ်မလဲ။ Android ကို version မြှင့်မှာပေါ့။အဲဒီတော့ Huawei C8600 အတွက် Android 2.2
ကိုလိုက်ရှာတော့ Huawei က C8600 အတွက် Android 2.2 ကိုမလုပ်ရသေးဘူး၊လုပ်လည်းမလုပ်တော့ဘူး။
သူတို့ က Phone Model အသစ်တွေကိုပဲ ထုတ်ရောင်းနေပြီလေ။Model ပိုမြင့်တဲ့ C8655 ဒါမှမဟုတ် C8800
မှာ Android 2.3 ပါပြီးသားတဲ့ အဲဒါကိုပဲဝယ်ဖို့ ညွှန်းပါတယ် Flash Apps လေးတခုအတွက်နဲ့ ကိုယ်ကလည်း
 ဖုန်းအသစ် မ၀ယ်ချင်ဘူး အဲဒီတော့ C8600 အတွက်တခြား Developer တွေဖန်တီးပေးထားတဲ့ Android 2.2 ROM ကိုရှာရပါတော့တယ်။
Android version မြင့်သွားတဲ့အခါမှာ Framework Level တွေမြင့်ကုန်လို့ နောက်ပိုင်းထွက်တဲ့ apps တွေက
 Framework အမြင့်တွေနဲ့ ရေးဆွဲထားတာ များတာကြောင့် Android version နိမ့်ရင်သုံးလို့ မရတော့ပါဘူး။
 ဒါကြောင့် Android version မြှင့်ဖို့ အတွက် Stock ROM update မရတဲ့ဖုန်းတွေက Custom ROM ကိုပဲ အားကိုးရတော့တာပဲ။
Cutom ROM တွေက Stock ROM တွေထက်ပိုမြန်တယ်၊စွမ်းရည်ပိုကောင်းတယ်၊Memory အသုံးပြုနှုန်းနည်းတယ်၊
Battery အစားသက်သာတယ်။ဘာလို့ လဲဆိုတော့ Custom ROM တွေထဲမှာ Stock ROM တွေထဲမှာ တွေ့ ရတတ်တ
ဲ့ အသုံးမလို တဲ့ဟာတွေကို ဖယ်ထုတ်ပြီးသား ဖြစ်နေလို့ ပါ။
Stock ROM နဲ့ တွဲပါတဲ့ Apps တွေက ဖြုတ်ချလို့ မရတာများပါတယ်။
ဥပမာ - Huawei က ဘာမှန်းမသိတဲ့ တရုတ်လိုရေးထားတဲ့ Apps တွေက ကျနော် တို့ အတွက်တော့
 အမှိုက်တွေပါပဲပြီးတော့ ဖယ်ထုတ်လို့ လည်းမရဘူးလေ နောက်ပြီး Developer တွေက
တစ်ကယ်အသုံးတည့်မယ်ထင်တဲ့ Apps တွေလောက်ထည့်ပေးလိုက်တာဆိုတော့ Stock ROM
တွေထက် Battery အစားသက်သာ ပါတယ်။ဒီတော့ Custom ROM ကိုမကြိုက်တဲ့သူ ရှိပါ့မလား။
သူ့မှာလည်းအားနည်းချက်လေးတော့ ရှိတာပေါ့။Developer ကသူ့စိတ်ကြိုက်ဖန်တီးထားတာဆိုတော့
သူနဲ့ အကြိုက်ချင်းတူရင်တော့ ကောင်းတာပေါ့။အကြိုက်ချင်းမတူတဲ့အခါတွေကျတော့ သုံးရတာသိပ်စိတ်တိုင်းမကျရင်တော့ဘူး။
အဲဒီတော့ ကိုယ်နဲ့ အဆင်ပြေမယ့် Custom ROM ကိုထပ်ရှာတင်ရပြန်ရော။ နောက်ပြီးတစ်ချို့ Custom ROM တွေမှာ ဆိုရတော့
 wifi မရတာမျိုး Bluetooth မရတာမျိုး၊3G မရတာမျိုးတွေလိုအသေးအဖွဲ့ ပြသနာလေးတွေရှိတတ်ပါတယ်။ကိုယ်က
 Bluetooth အသုံးနည်းတဲ့ သူဆိုရင် Bluetooth Bug ပါတဲ့ Custom ROM နဲ့ လည်းကိုယ်နဲ့ အဆင်ပြေနေမှာပဲမဟုတ်လား။
Custom ROM တွေကနာမည်ကြီးတဲ့ ROM ကိုပဲရွေးသုံး စေချင်ပါတယ်။ Cyanogen နဲ့  MIUI တို့ က နာမည်ကြီးတဲ့ Custom ROM ပြုလုပ်ပေးတဲ့ သူတွေပါ။
Cyanogen ကတော့ Custom ROM အမြောက်အများရေးပေးခဲ့တဲ့ နာမည်အကြီးအဆုံး Group ပါပဲ။
 သူတို့ ရဲ့ Cyanogen Mod ROM တွေက Google ကပေးထားတဲ့ Code အတိုင်းကို ဖုန်းနဲ့ အံဝင်ဂွင်ကျ ဖြစ်အောင်
 ရေးသားထားတာဖြစ်လို့ Clean ROM ဆိုပြီးနာမည်ကြီးပါတယ်။ တစ်ခြား Custom ROM တွေထက် Error နည်းသလိုပြည့်စုံတဲ့
ROM လည်းဖြစ်ပါတယ်။(တစ်ချို့ Custom ROM တွေဆိုရင် Cyanogen လို Android တခုလုံးအပြည့်အစုံမပါတာမျိုး ဖုန်းထဲမှာရှိတဲ့
Android ပေါ်မှာ Update လုပ်သွားတဲ့ Custom ROM မျိုးလည်းရှိတတ်ပါတယ်။)

နောက်မှဆက်ပြီးတော့တင်ပေးပါအုံးမယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား

ဆိုတေး - မင်္ဂလာပါ(2014)[Album]





ဆိုတေးရဲ့ မင်္ဂလာပါ စီးရီးတစ်ခုလုံးကိုအောက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါတယ်။
သီချင်းအေးအေးလေးတွေပါနားထောင်လို့ကောင်းပါတယ်ခင်ဗျား။
ယူထားလိုက်ကြအုံးနော်။

ဒီမှာဒေါင်းလိုက်နော်..............

ဆရာတော်တို့ ၏တရားများကို ဖုန်းမှာ တိုက်ရိုက်နားဆင်လို့ ရတဲ့ ဆော့ဝဲကောင်းလေးပါ






ဒီဆော့ဝဲလေးကတော့ တရားနာဖို့ တရားတော်တွေကို အလွယ်တကူ နာယူနိုင်ဖို့ 

စုစည်း တင်ပြပေးတဲ့ဆော့ဝဲပါ ။ အင်တာနက်လိုင်းရှိရုံနဲ့  တိုက်ရိုက်နာယူနိုင်ပါပြီ

အသုံးလိုသူများ အောက်ကလင့်မှာ ဒေါင်းလုပ်ယူပြီး တရားနာနိုင်ပါပြီ.


ဒီမှာဒေါင်းလိုက်နော်............






G730-C00 no service (solved)

G730-C00 တွေလည်း y320-C00 တို့လိုပါပဲ မှားနှိပ်ပြီးရောက်လာကြပါအုံးမယ်..filter network ထဲရောက်သွားတာပဲပေါ့..

အဲဒီအတွက် 112 ကို ဖုန်းခေါ်ပါ home ကိုနှိပ်ပါ.. setting ထဲက mobile network မှာ select CDMA network မှတဆင့် clear filter network ကို နှိပ်ပေးလိုက်ပါ ပြီးရင် emergency call က

ထွက်လိုက်ပါ..လိုင်းပြန်တတ်လာပါလိမ့်မယ်... အဲဒါမှ အဆင်မပြေသေးဘူးဆိုရင် gsm တကဒ်ပါ တွဲထည့်ပြီး ဖုန်းကိုဖွင့် ခုဏ setting ထဲကို ၀င်ပြီး clear filter network လုပ်လိုက်လည်းရပါတယ်..

................:::::::::::::::အားလုံးပဲအဆင်ပြေကြပါစေ:::::::::::::::::::::.......................

Saturday, February 22, 2014

Android ဖုန်းတွေ အတွက် ANDROID USB DRiV3Rs Collection For WINDOWS

Service သမားများ အသုံးဝင် မဲ့ Tool လေးပါ။
MiloShare Link မှာ တင်ပေးထားပါတယ်။
ဒီ Tool လေးက တော့ File Size ဘယ်လောက်မှ မရှိပါဘူး (1.8 MB) ထဲပါ။

အထဲမှာတင်ပေးထားတဲ့ Driver တွေကို ထပ်မံ ဆွဲရပါမယ်။
တစ်ခုချင်းစီ ခွဲ တင်ပေးထားတဲ့ အတွက်ကြောင့် Connection အခက်အခဲဖြစ်နေတဲ့ သူတွေ အတွက်ပါ မှေးဆွဲ လို့ရစေမှာပါ။

လိုချင်သူများကတော့ အောက်မှာဒေါင်းပါ
!!~~Download From MiloShare~~!!


 ဒီမှာဒေါင်းပါ

 

Spreadtrum Phone Backup Tools / SPD ဖုန်း img များ Backup လုပ်ရန်





Spreadtrum အမျိုးအစား CPU သုံးထားတဲ့ မည့်သည့် Android Phone မှမဆို image file ကို ဒီ Tools လေးနဲ့ Backup လုပ်နိုင်ပါတယ်။
Spreadtrum Phone Backup Tool.exe 6.3 MB
 
 
အဆင်ပြေကြပါစေ။
 
မှတ်ချက်........ သင်တို့ကလိပြီးဖြစ်ပေါ်လာသော error များသည်သင်တို့ဧ။်တာဝန်ပင်ဖြစ်ပါသည်။

အဆင်ပြေကြပါစေ။
ရဲထက်။
 
 
 
 

Thursday, February 20, 2014

S4 Korea SHV-E330S အတွက် 12.2.14 နောက်ဆုံးထွက် Kikat

အတော် ဒုက္ခပေးတတ်တဲ့ ကိုးရီးယား

တစ်ခုခုဆို တအားတိုင်ပတ်

တိုင်ဖက်မထားရအောင်

ဖန်လုံးလေးတော့ ဆောင်သာထား

အောက်မှာ ဒေါင်းပါ။

Download Here

နောက်ကျမှ Root ဖောက်ပြီး မြန်မာစာသွင်းတဲ့နည်းလေးဆက်တင်ပေးပါ့မယ်ခင်ဗျ

လောလောဆယ်တော့MPT ရဲ့ကောင်းမှုကြောင့် upload လုပ်တုန်းရှိပါသေးတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား
ဆက်လက်ကြိုးစားလျက်ပါ။.........................

Sunday, February 9, 2014

Y320-U01 မှာ ဆော့ဝဲတွေ သွင်းလိုမရခြင်း အကြောင်း သိကောင်းစရာ

Huawei Y320-U01 မှာ ဆော့ဝဲတွေကို သွင်းရင် Activated nofound ဘဲ
ပြနေတတ်ပါတယ်။အဲဒါဘာကြောင့်လဲဆိုရင် သူရဲ့ နဂိုပါတဲ့ System software
တစ်ခုကြောင့် ဖြစ်နေတာပါ။သူရဲ့ System ထဲက software ကိုလည်း လွယ်လွယ်
ကူကူ ဖြုတ်လို့မရပါဘူးခင်ဗျာ။ဆော့ဝဲသုံးပေးမှ ရမှာ ဖြစ်ပါတယ်။
Huawei Y320-U01 မှာ Vroot နဲ့ ဖောက်ပေမဲ့လည်း Superuser request မပေး
ပါဘူးခင်ဗျာ အဲဒီအတွက်ကြောင့် ကျွန်တော်ပေးတဲ့ ဆော့ဝဲလေးကို သုံးပေးပါခင်ဗျာ
Proroot APK ကို သုံးပေးပါ။ APK နဲ့ root ဖောက်ချင်း ဖြစ်ပါတယ်။
Proroot APK နဲ့ root ဖောက်ပြီးသွားရင် Superuser request ပေးလာတာကို တွေ့
ရပါလိမ့်မည်။ပြီးပြီဆိုရင် System_app_remover APK ကို သုံပေး ရပါလိမ့်မည်။
System app remover APk ဆိုတာကတော့ သူရဲ့ နဂိုပါတဲ့ system apk တွေကို
ဒီဆော့ဝဲလေး သုံးပြီး ဖျက်ပြစ်မှာ ဖြစ်ပါတယ်။
အဲဒီတော့ အောက်မှာ ပေးထားတဲ့ တရုတ်စာလေးနဲ့ APK လေးကို System app remover
apk သုံးပြီး ဖျက်ပစ်လိုက်ပါ။အဲဒီ တရုတ်ဆော့ဝဲလေး ပျက်သွားပြီဆိုရင် မိမိထည့်ချင်တဲ့
APK တွေ ထည့်သုံးလို့ရပါပြီ။






Pro Root.apk Free Download 

System App Remover.apk Free Download 


Samsung Galaxy S4, S3, Note2 တွေ IMEI ပျောက်တာ ရှင်းဖို့နည်းလမ်း








အစရှိတဲ့ ဖုန်းတွေကို Rom အတင်အချ လုပ်လို့ပဲဖြစ်ဖြစ်၊Caustom Rom တင်တာပဲဖြစ်ဖြစ်၊Upgrade/Downgrade လုပ်တာပဲဖြစ်ဖြစ်၊ကလိလိုက်တာ များလို့ပဲဖြစ်ဖြစ်၊ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့ဗျာ၊IMEI Code ပျောက်ထွက်သွားပြီး ဖုန်းဆက်လို့မရ net error ဖြစ်နေတဲ့အဖြစ်မျိုးနဲ့ကြုံတွေ့နေရတဲ့ အခါမျိုးမှာဖုန်းပြန်ပြောလိုရအောင်လုပ်တဲ့
နည်း ပျောက်နေတဲ့ IMEI Code ပြန်ထည့်သွင်းပေးမယ့် နည်းလေးကို post အဖြစ်တင်ပေးလိုက်ပါတယ်။
ကျုပ်ကိုယ်တိုင်လည်း ဖြစ်ခဲ့ဘူးပါတယ်။
S3 I9300 ကို offi 4.2.2 တင်လိုက်တာ IMEI လွင့်ထွက်သွားပြီး ဖုန်းပါဆက်မရတဲ့ net error မျိုး ကြုံခဲ့ဖူးပါတယ်။ တိုင်ပွတ်ရုံတင်မကဘူး တိုင်ပါကျိုးတဲ့အဖြစ်မျိုးပေါ့ဗျာ။
အဲ ကျုပ်လိုအဖြစ်မျိုးကြုံနေတဲ့သူတွေ အဆင်ပြေပြီး တိုင်ပွတ်မနေအောင်လို့ ရည်ရွယ်ချက်နဲ့ ဒီ post လေးကို တင်ဖြစ်သွားတာပါပဲ။

Samsung galaxy S3 GT-I9300 model ၊ Samsung galaxy Note 2 GT-N7100 model ၊ Samsung galaxy S4 GT-I9500 model အတွက်ပါ..

ပြုလုပ်ပုံနည်းကတော့ လွယ်ပါတယ်။computer laptop တစ်လုံးလောက်ရှိထားဖို့တော့ လိုတာပေါ့နော်။သူ့ရဲ့
လုပ်ပုံလုပ်နည်းလေးကတော့ Odin ထဲကနေပြီးတော့ သူ့ ဖုန်း Model နဲ့ ဆိုင်တဲ့ Tar ဖိုင်လေးတွေကို PDA နေရာမှာထားပြီး
Start ခလုတ်ကို click နှိပ်ပေးလိုက်ယုံလေးပါပဲ။

Auto Power ပြန်တက်လာရင် အဆင်ပြေသွားပါပြီ။ပြီးရင် ဖုန်းကို Power ပြန်ပိတ်ပြီး Recovery ထဲဝင်ကာ Restart ပြန်ချပေးလိုက်ပါ။အားလုံးလုပ်ပြီးသွားပြီးဆိုပါက ဖုန်းထဲကို Sim Card ထဲပြီးဖုန်းဆက်လို့ ပြောလို့ ငွေစစ်လို့ရသွားပါပြီ။ IMEI Code လည်းပြန်မှန်သွားမှာ ဖြစ်ပါတယ်။ကဲ လိုအပ်တဲ့ ဒေါင်းရမယ့် file တွေကို အောက်မှာ လင့်ခ်တွေချပေးလိုက်ပါတယ်။

 Samsung galaxy S3 GT-I9300 model ONLY.---ဒီမှာဒေါင်းပါ

Samsung galaxy Note 2 GT-N7100 model ONLY--- ဒီမှာဒေါင်းပါ

Samsung galaxy S4 GT-I9500 model ONLY---ဒီမှာဒေါင်းပါ

အားလုံးအဆင်ပြေကြပါစေ။
ရဲထက်(www.wavemobilespecialservices.blogspot.com) 

Tuesday, February 4, 2014

ကီးဘုတ်လှလှလေးတွေ (For Android)

Frozen Keyboard လေးကို Windows Phone KB Style ပြုလုပ်ပေးထားတဲ့

Keyboard ပုံစံအသစ်လေးတွေပါ လိုအပ်သူများ ဒေါင်းနိုင်ပါတယ် ခင်ဗျာ






Download Here


Monday, February 3, 2014

Facebook Wiget For Android







Facebook Wiget ဆိုတဲ့ apk လေးပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ application လေးက ဘာတွေကောင်းလဲဆိုရင် Facebook မှာ Status ရေးချင်ရင်

ဒီ application လေးကနေရေးပြီးတင်လိုက်လို့ရပါတယ်။

ဘယ်လိုသုံးမလဲဆိုတော့ ဒီ application လေးကို install လုပ်ပြီး Wiget အနေနဲ့

Home Screen မှာ ပြန်ထုတ်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

လိုအပ်မယ်ဆိုရင်တော့.......

ဒီမှာဒေါင်းလိုက်နော်

အဆင်ပြေကြပါစေ။..................

Samsung Factory mode remover







အပေါ်ကပုံမှာ ဖြစ်နေတဲ့အတိုင်းလေး သင့်ဖုန်းမှာဖြစ်နေတယ်ဆိုရင်

ဖြေရှင်းပေးဖို့ အတွက် ဒီ file လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ Phone ကို USB debugging on ပေးပြီး ...

 Download ဆွဲလို့ရလာတဲ့ 

Samsung Factory mode remover.rar file လေးကို ဖြည်ပြီးလို့

ထွက်လာတဲ့ Folder ထဲက Factory_Mode_Remover.exe လေးကို Run ပေးလိုက်ပါ။

Enter တစ်ချက်ခေါက်ပေးလိုက်ပါ။

phone မှာ Reboot ကျပြီး ပြန်တက်လာရင် အဆင်ပြေသွားပါပြီ။

လိုအပ်တဲ့အချိန်အဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လိုအပ်မယ်ဆိုရင်တော့.......

ဒီမှာဒေါင်းလိုက်နော်




ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက် အထောက်အကူ


ဖြစ်မယ်ဆိုရင် ကျေနပ်ပါတယ်။


..........::::: အဆင်ပြေပါစေ :::::..........
 
ရဲထက်

Sunday, February 2, 2014

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း

Credit to - Mobile House

ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ် 
၁။ လိုဂို ရပ်ခြင်း 
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း 
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း 
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း 
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း 

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။ 3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။ ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ?? အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။ ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။ ဘယ်လို ဖြေရှင်း မလဲ ??? ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။ အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။ အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။ အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။ ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။ သူငယ်ချင်း တို့ ရဲ့ မိတ်ဆွေ၊သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ ဦး..။

Love Sticker for Valentine Day ( for Android )










Message ပိုအမြဲတမ်းပို့တတ်တဲ့မိတ်ဆွေများအတွက်
အကြိုက်တွေ့စေမဲ့ဆော့ဖ်ဝဲကောင်းလေးတင်ပေးလိုက်ပါတယ်..
အကြာခင်ရောက်ရှိလာတော့မဲ့ Valentine Day ကိုကြိုဆိုတဲ့
အနေနဲ့ပေါ့ဗျာ. အမည်လေးကိုကြည့်လိုက်ရင်ပဲသိကြမှာပါ
အောက်မှာဒေါင်းယူနိုင်ပါတယ်ခင်ဗျာ...


Download Here


Saturday, February 1, 2014

ကိုရီးယားစကားပြော - APK

ကိုရီးယားစကားပြောလေးတဲ့နော်လိုချင်ရင်ယူထားလိုက်အုံးနော် မြန်မြန်လေး

အောက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား။
App Version : v1.0
Requires Android: 2.2 and up

Download Link.....






 အောက်ကရဲထက်ဆိုတဲ့စာသားလေးကို နှိပ်လိုက်ပါ
ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။
YE HTET  

အဆင်ပြေကြပါစေ။


SGP SEA A991 firmware တင်နည်း

SGA SEA A991  Firmware ရပါပြီး ကျနော်

 MPX နေမလာတာပါ..ရှာလို့မလွယ်တဲ့

Firmware တွေထဲမှာဒီကောင်တွေ

လဲအပါဝင်ပါပဲ...Firmware ကိုအောက်မှာဒေါင်းလိုက်ပါ

Mediafire ကနေတင်ထားတာပါ


SGP-SEA A991 firmware file


Research Download


1.ဒေါင်းပြီးရလာတဲ့ SPG SEA A991 Zip File ဖြည့်ပြီးထွက်လာတဲ့ PAC File ကို Desktop မှာထုတ်ထားလိုက်ဗျာ
2.Research Download Zip ကိုဖြည့်ပြီးအထဲက Bin File ကိုဝင်ပြီး Reset Download ဖွင့်လိုက်ပါ
3.ထိပ်ဆုံးကစက်သွားပုံ Load Packet ကိုနိပ်ပြီး Desktop မှာထုတ်ထားတဲ့ PAC File ကိုညွှန်းပေးလိုက်ပါ










4.မြားပုံ Start ကိုနိပ်ပြီး ဖုန်းမှာဓာတ်ခဲဖြုတ်ပြန်တပ် Vol - ကိုနိပ်ထားပြီး USB ကြိုးထိုးလိုက်ပါ






သူ့ဟာသူလုပ်သွားပါလိမ့်မယ်..ပြီးရင် Auto Reboot ကျသွားပြီးပြန်ပွင့်လာရင်တော့ ok သွားပါပြီး.........


အဆင်ပြေကြပါစေ။
ဆက်လက်ကြိုးစားလျက်ပါ
ရဲထက်(www.wavemobilespecialservices.blogspot.com)

Twitter Bird Gadget