Saturday, November 22, 2014

Huawei G610+ Touch Error အကြောင်း

G610+တွေမှာ 1.8v,2.8v ပျောက်ပြီး touch မရတော.ဘူးဆို၇င် power ic လဲလည်း touch ic ကို volt မရောက်ဘူး၊ cpu လဲးလည်း v မရောက်ဘူး,ကောင်းမလာဘူး၊ဘာလုပ်ရမှန်းမသိဖြစ်နေကြတယ် ၊အချို့ လည်းသိပြီးကြမှာပါ။ G610မှာ software ရေးပြီးမှ touch မရတော့တာမျိုး၊ အခြားဆိုင်မှာ software မှားရေးပြီးမှ ရောက်လာတာမျိုး ကိုယ့်ဆိုင်ရောက်တော့ touch လဲးစမ်းပြီး hardware လိုက်ပြင်တာမျိုးဖြစ်တတ်ကြတယ်။
အဓိကကတော့ G610+ ကို G610 ရိုးရိုးမှတ်ပြီး firmware မှားေ၇းတာများပါတယ်။
G610 + firmware အမှန်ပြန်တင်ပေးမှ ရပါလိမ့်မယ်။
ပုံမှန်ကြည့်၇င်တူတယ်လို့ထင်ပြီးမခွဲတတ်ကြဘူး။

ဖုန်းမှာဆိုရင် imei number နောက်မှာကြည့်ခွဲတယ်။
PCB မှာဆိုရင် အဓိက
၁ charging ပိုင်း
၂ power ic ဘေးက diode
၃ Q201 tr ပါ/မပါ ပေါ့
ပုံမှာပြထားပါတယ် 
















လေးစားစွာဖြင့်
ရဲထက်(wavemobilespecial service)

credit by KO LINN


 

Thursday, October 23, 2014

Adb Error တွေရှင်းကြမယ်

Android ဖုန်းတွေမှာ Driver တွေ ရှိပါလျက်နဲ့ Mobile Tool တွေနဲ့ မသိတာတို့
Root Tool တွေနဲ့ မသိတာမျိုးတို့ ကိုကြုံဖူးကြမှာပါ.အဓိကကတော့ ADB Error တက်နေတာပါ
အခုကျွန်တော်တင်ပေးမယ့် Tool လေးကတော့ ADB Error များကို 100% ရှင်းပေးပါလိမ့်မယ်
ကျွန်တော်လည်းအခုလက်ရှိသုံးနေတာပါ..အဆင်ပြေပါတယ်
ဒီTool လေးကိုေ၇းသားသူကတော့ ကိုစိုးထွန်းဦးဖြစ်ပါတယ်ခင်ဗျား
လိုအပ်သူများအောက်ကလင့်မှာ ဒေါင်းလော့ရယူကြနော်

Adb Error Tool  

အဆင်ပြေကြပါစေ.....

Thursday, October 16, 2014

Coolpad 5200 Firmware Download Fail Error ဖြေရှင်းကြည့်ရအောင်နော်...

Coolpad 5200 မှာ Firmware တင်ရင် ဖိုင်တွေလည်းမှန်ပါတယ် ဖုန်းကိုလည်း fastboot အနေအထားမှာထားပါတယ်။ဒါပေမယ့် Download Fail ဆိုပြီးတော့ Firmware ရေးလို့မရတဲ့ သူများရှိကောင်းရှိနိုင်ပါတယ်။ကျွန်တော်လည်းကြုံဖူးပါတယ်..အခု တော့ အားလုံးအဆင်ပြေသွားပါပြီ
အမှန်က Firmware Tool ကြောင့်ဖြစ်တာပါခင်ဗျား။
အဲဒိ Tool လေးကို ကျွန်တော်မျှဝေပေးပါ့မယ်ခင်ဗျား။100% အဆင်ပြေပါတယ် ။စမ်းသပ်ပြီးသားပါ။
လိုအပ်သူများရှိရင် အောက်မှာ ဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား..


Firwmare ဖိုင်ကိုတော့ ကျွန်တော့ ဆိုဒ်မှာ ပဲရှိပါတယ် တင်ပေးပြီးသားပါ။ပြန်မတင်ပေးနိုင်တာတော့ခွင့်လွှတ်ကြပါ။ ကွန်နရှင်အဆင်မပြေလို့ပါ
အခုတင်ပေးတဲ့ Tool လေးနဲ့ အစားထိုးပြီး Firmware ပြန်တင်လိုက်ပါ အဆင်ပြေပါစေဗျာ.....

ဒီပို့စ်လေးအတွက် ကျွန်တော်ရဲ့လက်ဦးဆရာ ဆရာကိုညီညီစိုး ကိုကျေးဇူးအထူးတင်ပါတယ်ဗျာ
ဒီနေရာကနေကျွန်တော် ဂါဝရပြုလိုက်ပါတယ်
ကျွန်တော့ဆရာပြောထားတဲ့ နည်းအတိုင်း ဒီ Tool လေးကို စဉ်းစားပြီးပြင်ဆင်လိုက်တာပါ
အခုတော့အားလုံးအဆင်ပြေသွားပြီ

ကျွန်တော်ကြိုးစားနေသမျှအရာအားလုံးဟာ အားလုံးကိုမျှဝေဖို့ပါ
ရဲထက်(Wave Mobile Special Service)

Coolpad 7060 N/V Fail (or) 3G မတက်သူများ ပူစရာမလိုတော့ပါဘူးဗျာ.....



ခုဆို
firmware ကျလို့ လာတဲ့ အလုံးတွေ အတော်များနေပါပြီ power by MOF နဲ့တက်တဲ့
firmware က 3G ပျောက်ပြီး network unlock ဆိုတဲ့ APK နဲ့လဲ မရပါဘူး

အခု ဒီ firmware လေးက သူနဲ့ အတူတွဲတင်ရမယ့် downloader လဲ ပါပြီးသားပါ 3G လုံးဝ လုံးဝ တက်ပြီး လုံးဝ လုံးဝ အိုကေပါတယ်

အဆင်ပြေကြမယ် လို့မျှော်လင့်ပါတယ်
3G မတက်ခြင်းရန်မှ ကင်းဝေးကြပါစေ။............

7060 3G Fix Firmware

 credit Mg Nyi Zaw
 ref..MMSD

ဆက်လက်ကြိုးစားနေဆဲပါ
ရဲထက်(Wave mobile Special service)

Friday, October 10, 2014

Coolpad 5310 Firwmare တင်နည်းလေးလာပါပြီ......

 Coolpad 5310 Firmware တင်နည်းလေး တင်ပေးလိုက်ပါတယ်ခင်ဗျား
Firmware ကိုအရင်ဆွဲပါ။
ပြီးရင် ဖုန်းကို Fastboot mode ၀င်ပါ။ပြီးရင် PC နဲ့ချိတ်ပါ။
Driver သိရင် အဆင်ပြေပါပြီ။မသိပါက Driver ပြန်တင်ပါ။
ပြီးရင် .bat File လေးကို Run လိုက်ပါ။သူ့ဘာသူဆက်လုပ်သွားပါလိမ့်မယ်
Reboot ကျပြီးပြန်တက်လာ ရင် အဆင်ပြေပါပြီ
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

Coolpad 5310 Fastboot Firmware

Coolpad 5217 SaveBrick Firwmare

 Root ဖောက်ရင်း(သို့) boot ဖိုင်မှားထည့်မိတာတို့လုပ်မိပြီး Logo မှာ ရပ်နေတတ်ပါတယ်
အမြန်ဆုံး Firwmare ပြန်ရေးနိုင်အောင် Firwmare  တင်နည်းလေးမျှဝေလိုက်ပါတယ်ခင်ဗျ
Driver မရှိပါက Driver အရင်တင်ပါ။
ပြီးရင် Phone ကို သက်ဆိုင်ရာ Key များနဲ့ Fastboot ၀င်ပါ
ပြီးရင် Firwmare ဖိုင်ထဲက .bat  ဖိုင်လေးကို Run လိုက်ပါ သူ့ဘာ့သူဆက်တင်သွားပါလိမ့်မယ်




Coolpad 5217 Firwmare

အားလုံးအဆင်ပြေကြပါစေ။


Coolpad 7232 Flashtool Firmware တင်နည်းလေးပါ

Coolpad 7232 အတွက် Flashtool Firmware တင်နည်းလေးပါ ။
Coolpad 7232 Flashtool Firwmare 

Firmware တင်နည်းလေးပါမျှဝေလိုက်ပါတယ်
အဆင်မပြေသေးတဲ့ သူများအတွက်သာရည်ရွယ်ပါတယ်ခင်ဗျာ
သိပြီးသားသူများကတော့ကျော်သွားလိုက်ပါခင်ဗျာ။

Firwmare ကိုအရင်ဒေါင်းပါ။ဒေါင်းပြီးရင် SP_Flash_Tool_v3.1316.0.150 ကိုဖွင့်ပါ။
မရှိပါက ဒေါင်းပါ။
ပြီးရင် Scatterloading မှာ 7232 ဖိုင်ထဲက MT6572 Android Scatter ကိုရွေးလိုက်ပါ။
ပြီးရင် Firwmare upgrade ကိုရွေးလိုက်ပါ။
ပြီးရင် ဖုန်းကို ဓာတ်ခဲဖြုတ်ပါ.ပြီးရင် ဓာတ်ခဲပြန်တက်ပါ
ဖုန်းကိုဘာခလုတ်မှ မနှိပ်ပဲ PC နဲ့ ချိတ်လိုက်ပါ။
ရောင်စုံတန်းလေးတွေ ပြေးပြီးသူ့ဘာသူ ဆက်ရေးသွားပါလိမ့်မယ်။
လက်တွေ့ ဆန်းသပ်ပြီးသားပါ။100% အဆင်ပြေပါတယ်။

အစဉ်ပြေကြပါစေ။
မှတ်ချက်.......SP_Flash_Tool_v3.1316.0.150 နဲ့စမ်းထားတာပါ။

အားလုံးအတွက်အကျိုးရှိအောင် ကြိုးစားနေဆဲပါ

ရဲထက်(Wave Mobile Special Services )

Friday, August 29, 2014

Y511-U251 Flashtool Firmware လေးပါ







Y511-U251 Flashtool Firwmare လေးတင်ပေးလိုက်ပါတယ်ခင်ဗျား
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား
အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျား
အဆင်ပြေကြပါစေ

crdit by Myanmar XDA



Y511-U251 Flash Tool Firmware Download

Huawei G610-U00 VideoCall & Myanmar Font Flashtool Firmware



 Huawei G610 အတွက် Video Call ရော မြန်မာစာဖောင့်ရော ပါတဲ့ Flash
tool Firmware လေး ဖြစ်ပါတယ်။ ဒီ Firmware လေးကိုတော့ S4 Rom ကို
ပြန်ပြီးတော့ ပြင်ထားတာ ဖြစ်ပါတယ်။ S4 Rom ကိုတင်မယ်ဆိုရင်တော့ မိမိ
ရဲ့ 610 ဖုန်းဟာ cwm တင်ထားတာတောင်မှ ပေးပြီးတော့ သွင်းမရတာတွေ
ရှိပါတယ်။ ဒီ Flashtool Firmware လေးကိုတင်လိုက်ရင် Gesture sensing
တွေလည်း အလုပ်လုပ်ပါလိမ့်မည်။ Gallery ထဲက ဓါတ်ပုံတွေကိုလည်း လက်နဲ့
ရွှေ့စရာ မလိုဘဲ လေပေါ်ကနေ ကျော်လို့ရခြင်း ၊ ဓါတ်ပုံရိုက်ချင်ရင်လည်း
ကင်မရာကို နှိပ်စရာမလိုဘဲနဲ့ လက်ကလေးနဲ့ အချက်ပြလိုက်တာနဲ့ အော်တို
ရိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ music ဖွင့်ရင်းနဲ့ နောက်တစ်ပုဒ်ကျော်
ချင်ရင်လည်း next ကို နှိပ်စရာမလိုဘဲ လက်ကလေး ဝှေ့ယမ်းလိုက်တာနဲ့
အော်တို ကျော်ပေးသွားမှာ ဖြစ်ပါတယ်။ error ကတော့ internal memory
0B ဖြစ်သွားပါလိမ့်မည်။ ပြောရမယ်ဆိုရင် ဒီ Flashtool Firmware ကို
တင်လိုက်ရင် internal memory အလုပ်မလုပ်တော့ပါဘူး။ sd card ထပ်စိုက်
မှ အဆင်ပြေပါလိမ့်မည်။ ဒီ Flashtool Firmware တင်ပြီးလို့ မကြိုက်ရင်လည်း
official firmware ပြန်ရေးလို့ရပါတယ်။ ကျန်တာတွေကတော့ ဘာ error မှ မရှိ
ပါဘူး။ Ooredoo sim card ရယ် GSM/WCDMA Sim Card ရယ် နှစ်ခုစလုံး
ထည့်ထားပြီး 3G ကွန်ယက် အလုပ်လုပ်ပါတယ်။ စမ်းသပ်သုံးချင်သူများအတွက်
တင်ပေးလိုက်ပါတယ်။


 credit-Aung Min Han

အဆင်ပြေကြပါစေ။


Saturday, July 19, 2014

H30-U10 Full Flashtool Firmware


Honor 3C (H30-U10) Flash tool Firmware လေးတင်ပေးလိုက်ပါတယ်ခင်ဗျား။အောက်ကလင့်မှာဒေါင်းလော့ရယူကြပါခင်ဗျား။


Flashtool Full Firmware

SP Flashtool

Usb_Vcom_Auto_Installer_v1.1236.00_2

H30-U10_B108_MY_recovery-sign

MT 6582 Andriod Scatter.txt

Driver For Service 2012-11-27


Credit by Myanmar XDA

အားလုံးအဆင်ပြေကြပါစေ.............


ဖုန်းပြောရင်းကိုယ့်ချစ်သူကိုသီချင်းဖွင်းပြမယ့် application လေးနော်

မိမိ ဖုန်းပြောနေရင်း တဖတ်ကသူတွေ ဒါမှမဟုတ် မိမိရဲ့ ချစ်ချစ် ကိုမိမိဖုန်းထဲက သီချင်းလေးတွေကို ဖွင့်ပြနိုင်မဲ့ ဆော့ဝဲလေးမျှဝေလိုက်ပါတယ်။ မြန်မာမူလေးဖြစ်လို့ အသုံးပြုရတာလဲ အဆင်ပြေမှာပါ။ ဆော့ဝဲလေးကို on လုပ်ထားရုံနဲ့ မိမိဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ noti ဘားအဖြစ်ရှိနေမှာပါ။ မိမိထားချင်တဲ့နေရာ ထားနိုင်တယ်နော်။ ကျနော်က ဘယ်မှာထား ထားလို့ပါ။ မိမိဖွင့်ပြချင်တဲ့သီချင်းလေးရွေးထားပီး အချိန်ကျရင် noti ဘားလေးဆွဲပီးဖွင့်ပြရုံပါပဲ။ ပြောနေတာကြာနေတယ်ဗျာ။ အောက်မှာဒေါင်းယူလိုက်နော်။ အဆင်ပြေပါစေ..

Download Here 



Friday, July 18, 2014

Huawei G615-U10 - Official Firmware



Huawei G615-U10 ရဲ့ official Firmware လေးပါ

service သမားတိုင်းဆောင်ထားသင့်ပါတယ်

 ကျွန်တော်တို့လိုကလိတဲ့လူတွေနဲ့တွေ့လို့တစ်

ခုခုဖြစ်သွားရင်မြန်မြန်ဆန်ဆန်လေးပြန်တင်နိုင်တာပေါ့

လိုအပ်ရင်အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား

Download G615-U10 build 113

အားလုံးအဆင်ပြေကြပါစေ
ကျေးဇူးတင်ပါတယ်ခင်ဗျား။

C8816 Firmware ရေးနည်း



C8816 Firmware ရေးနည်း လေးပါ

unlockbootloader ဖြည်ချထားပါတယ်

တကယ်လိုများ unlockbootloader ဖြည်ထားခဲ့မယ်ဆိုရင်

အခု ပြောတာနဲ အားလုံးအဆင်ပြေပါတယ်

အရင် ဆုံး ဖုန်းကို

volume down + power ကို 10 စက္ကန့် ဖိထားပေးပါ

Logo မှာ ရပ်နေရင်

usb ထိုး ဒေါင်းလိုရတဲ့ ဖိုင်ထဲက Yehtutnaung.exe ကို

Run ပေးလိုက် 3 - 4 မိနစ်လောက်နေရင် ပြီးပါပြီ

Power ပြန်ဖွင့် ပြန်သုံးလို့ရပါပြီ


အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား။

C8816 Firmware Download 

credit by  www.koye9992.blogspot.com


အဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား



Thursday, July 17, 2014

19July.apk Version က 1.0.2 update လေးပါ

ဒီ Version က ဥသြသံပိုကျယ်လာပြီး ဥသြဆွဲချိန်က ၂မိနစ်ကြာပါမယ်။
(၁၀ နာရီ ၃၇ မိနစ်) သို့ (၁၀ နာရီ ၃၇ မိနစ် ၁ စက္ကန့်) မှာ ဥသြသံ စကြားရမှာဖြစ်ပါတယ်။
ပြီးရင် ဒေါ်မေလှမြိုင်ရဲ့ အလေးပြုပါသည် သီချင်းဆက်တိုက်လာပါမယ်။
File size က 3.8 MB ဖြစ်ပြီး Android Version 1.6 နှင့်အထက် Phone နဲ့ Tablet တွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
အသုံးပြုနည်းက တော့ apk ကို install လုပ်ပြီးနောက် Open လုပ်ပါ။ ပြီးရင်ပြန်ပိတ်ထားလိုက်ပါ။
ပြည်ပရောက်မြန်မာများကတော့ Settings > Date & Time ကနေ Myanmar time zone ကိုရွေးထားပါ။
အာဇာနည်နေ့နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြသံ ၂မိနစ်နဲ့ သီချင်း အလိုအလျှောက်ထွက်ပေါ်လာမှာဖြစ်ပါတယ်။
အဆင်ပြေမပြေသိချင်ရင် မိမိဖုန်းကို ဇူလိုင်၊ ၁၉ ရက်၊ AM ၁၀ နာရီ၊ ၃၇ မိနစ်လို့ပြောင်းပြီး အသံထွက်မထွက်စမ်းကြည့်ထားပါလို့။
ဘလော့ဂါ များအနေနဲ့ အရင် Version ကိုတင်ထားတာဖြစ်ပါက ယခု Version ကိုပြောင်းတင်ပေးသင့်ပါတယ်။


 Download 19 July.apk

credit by Daw Htar Htar Saw Lwin

Coolpad 7232 Flashtool Firmware


Coolpad 7232 အတွက် Flashtool Firmware ကို Error တစ်စုံတစ်ရာ တက်လို့ 
Firmware ပြန်ရေးချင်တဲ့
သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆိုင်သမားတွေကတော့ ဆောင်ထားတာ 
မမှားပါဘူးဗျာ။ :)
အလိုရှိတဲ့သူတော့ ရယူထားလိုက်ပါ။
credit by Ko Htoo
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား.............

Honor 3C H30-U10 Root & Font Installer.........

Honor 3C (H30-U10) Root လုပ်နည်းနှင့် Font Installion လုပ်နည်းကိုစုပေါင်းပြီးတင်ပေးလိုက်ပါတယ်ခင်ဗျား။
လိုအပ်မယ်ထင်လို့တင်ပေးလိုက်တာပါ။
ဒီပို့စ် အတွက်သက်ဆိုင်သူအားလုံးကို Credit ပေးပါတယ်ခင်ဗျား။
အောက်ကလင့်မှာဒေါင်းလော့ရယူကြပါ။

Root Tool For Honor3C (H30-U10)

Font Installer For Honor3C (H30-U10)


အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ် 

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
ရဲထက်(www.wavemobilespecialservices.blogspot.com)


Wednesday, July 16, 2014

အာဇာနည်နေ့မှာ ဥသြဆွဲပေးမယ့် ဆော့ဖ်ဝဲလ်





Android phone/Tablet ကိုင်ဆောင်သူများအတွက် အာဇာနည်နေ့အကြိုဆော့ဝဲလ်လေးကို တင်ပေးလိုက်ပါတယ်။
ဒီ apk ကို ရတာနဲ့ ဖုန်းမှာ install လုပ်ထားပါ။
အခြားဘာမှထပ်လုပ်စရာမလိုဘဲ အာဇာနည်နေ့ နံနက် 10 နာရီ 37 မိနစ်တိတိမှာ ၂မိနစ်ကြာ ဥသြသံထွက်ပေါ်လာမှာဖြစ်ပါတယ်။
ဥသြသံပြီးတာနဲ့ ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါသည် သီချင်း ဆက်တိုက်ထွက်ပေါ်လာမှာဖြစ်ပါတယ်။
အချိန်ကိုက်တပြိုင်နက်သံပြိုင်ဥသြသံထွက်ပေါ်စေရန် မြန်မာနိုင်ငံသားတိုင်း မမေ့မလျော့ install လုပ်ထားကြပါ။
ကြိုတင်ခံစားကြည့်ချင်ရင်တော့ မိမိတို့ဖုန်းရဲ့ Date and Time ကို July 19
10: 35 လောက်ပြောင်းထားကြည့်ပါ။
ဒီမှာဒေါင်းပါ

credit to : ဆရာမဒေါ်ထားထားစောလွင်

အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ...................


Coolpad 5200 Firmware လေးမလိုချင်ကြဘူးလားဗျ

Coolpad 5200 Firmware လေးတင်ပေးလိုက်ပါတယ်ခင်ဗျား.လိုအပ်မယ်ထင်ပါတယ်
လိုအပ်မယ်ဆိုရင်အောက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား။

ROM >>>https://usersfiles.com/e48ga7gyjeri

Driver >>>https://usersfiles.com/m2dxwdyng5xs

upgrade Tools >>>https://usersfiles.com/l8gtl4a73jqf

PDF >>>https://usersfiles.com/jnmn180n0815

 Creit by Mg Htet Wai Phyo
 အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။............. 

Tuesday, July 15, 2014

Huawei G610 U00 + Flashtool Firmware

နောက်ပိုင်းထွက်လာတဲ့ G610 U00+ အတွက် Flashtool Firmware လေးပါ
အရင်ထွက်ထားတဲ့ G610 U00 အတွက်မဟုတ်ပါဘူး
မှာတင်မိရင် Error တက်တတ်ပါတယ်
လိုအပ်မယ်ဆိုရင် အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျား

Download Here

အားလုံးအဆင်ပြေကြပါစေခင်ဗျား။

Samsung Galaxy Note 3 Neo SM-N750 & SM-N7505 version 4.3 အတွက် CF-Auto-Root

Samsung Galaxy Note 3 Neo version 4.3 အတွက် CF-Auto-Root ရှာနေသူတွေအတွက်
အဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Root လုပ်ရန် လိုအပ်နေကြတယ်ဆိုရင်တော့ Download ရယူလိုက်ပါ။



 CF-Auto Root SM- N750 .zip

CF-Auto-Root-SM-N7505.zip 

အဆင်ပြေကြပါစေခင်ဗျား။

 

Y330-C00 Network unlock

Y330-C00  အတွက် Network unlock & Sim unlock ရှင်းတဲ့ Tool လေးကိုတင်ပေးလိုက်ပါတယ်
ခင်ဗျား။လေ့လာလို့ရအောင်လို့ Booting ကို Tri color လေးပါထည့်ပေးထားပါတယ်။ *စမ်းရဲမှစမ်းပေါ့ဗျာ* ...လိုအပ်မယ်ဆိုရင်တော့ Download ရယူလိုက်ပါ

Y330-C00 Network Unlock  






 

Credit ; KoYeGyi
 

Thursday, June 26, 2014

Y600D 4.3 Root လုပ်နည်းလေးပါ............

အခုနောက်ပိုင်း ထွက်ရှိလာတဲ့ version 4.3  နဲ့ထွက်လာတဲ့ Y600D root လုပ်နည်းလေးကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။
အောက်ကလင့်မှာ ဒေါင်းလော့ ရယူနိုင်ပါတယ်ခင်ဗျား.............

Y600D Root tool.exe

Font Charger.apk

မှတ်ချက်..............Root ဖောက်နေစဉ် အင်တာနက်သုံး နေရင်ခဏ ပိတ်ပေးထားပါ။
                         ဖွင့်ထားမိရင်တစ်ခါတစ်လေ super user request မပေးတတ်ပါဘူး။


အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား



Saturday, May 31, 2014

Huawei Emotion UIပါသောဖုန်းများ အတွက် Root မလိုတဲ့ မြန်မာFont.apk



Huawei Emotion UI ပါသော ဖုန်းများအတွက်Root မလိုတဲ့ မြန်မာFont.apkလေးတင်ပေးလိုက်ပါတယ်။
ကွန်ပြူတာနဲ့ဝေးနေသူများလဲ ဖုန်းထဲမှာတင်အသင့်ပြုလုပ်နိုင်တာကြောင့် အဆင်တာပေါ့နော်...
Root မလိုပဲ တမ်းထည့်ရုံပါပဲ.Root ထားလဲ
ပြသနာမရှိပါဘူး...
Huawei ဖုန်းတိုင်းနဲ့ကိုက်ညီမူ့ရှိပါတယ်.Error ကင်းရှင်းပါတယ်..အသုံးပြုချင်ရင်တော့ အောက်ကလင့်ခ်မှာရယူနိုင်ပါတယ်ခင်ဗျာ...

Download Here

အားလုံးအဆင်ပြေပါစေ။


PES 2014 apk for Android (apk+data) (202 Mb)






ကျွန်တော့်ဖုန်းမှာတော့ ထည့်ပြီး မကစားကြည့်
ရပေမဲ့ ဖုန်းတိုင်း(Version 3.0 +) မှာ အဆင်ပြေမယ်လို့ထင်ပါတယ်။

apk ဖိုင်နဲ့ Data ဖိုင်ကို တဖိုင်စီ သီးခြားတင်ပေးထားပါတယ်။apk ဖိုင်ကိုလဲ မူရင် apk အတိုင်း၊
Data ဖိုင်ကိုလဲ မူရင်း obb ဖိုင်အတိုင်း တင်ထားပေးပါတယ်။
အားလုံး အဆင်ပြေကြပါစေဗျာ...။

PES 2014.apk

PES Data OBB



Friday, May 30, 2014

Honor 3C H30-U10 Google Gapp မြန်မာစာပါလာသောFirmware

   Honor 3C အတွက် google gapp firmware လေးတင်ပေးလိုက်ပါတယ် မြန်မာစာလဲပါလာပါတယ်

မှတ်ချက်------Dictionary တွေမှာလဲမြန်မာလိုပေါ်ပါတယ်


Download Here


Credit by MPX TEAM



Tuesday, May 27, 2014

Huawei G730-T00 Flashtool Firmware

Huawei G730 -T00 Flash tool Firmware လိုချင်သူများအောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား။
အဆင်ပြေကြပါစေ။





Download Part 1

Download Part 2


Wednesday, April 9, 2014

အင်တာနက်အလိုအလျောက်ပွင့်နေခြင်း၊ ဖွင့်လျက် အိပ်ပျော်ခြင်းတို့အတွက် ပိုက်ဆံမကုန်စေရန် တားဆီးပေးမယ့် Andriod Apk

ဖုန်း ဖြင့် အင်တာနက် သုံး သူများ ဆောင် သင့် တဲ့ ဆော့ဝ်၀ဲလေးပါ။
ဖုန်း တွေ အင်တာနက် ရတော့ တော်တော် များ များ သုံး လာကြ ပါတယ် ။ကွန်နက် ရှင် က သိပ်မကောင်း တော့ စောင့် ရင်း နဲ့ အိပ်ပျော် သွား တာတို့ မေ့ သွား တာတို့ ရှိတက်ပါတယ် ။ အဲ့ ချိန် မှာ ပိုက် ဆံ မကုန် ရအောင် ဒီဆော့ဝ် လေး က ကူညီပေး မှာပါ ။
သုံး ရတာ လဲ အရမ်း လွယ်ပါတယ် ။သွင်း ပြီး ရင် စသုံး ချင်ပြီ ဆို အဲ့ ဆော့ဝ် ပေါ် တစ်ချက်ထောက် လိုက် ရင် စတင် ပြီး နောက် တစ်ချက် ပြန်ထောက် လိုက် ရင် ပိတ်သွား ပါမယ် ။

သူက တော့ ဖုန်းမျက်နှာ ပြင် မှောင် သွား တာ နဲ့ ပိတ်ပေး မှာ ဖြစ် ပြီး ပါဝါ ခလုပ် တစ်ချက် ပြန်နိုပ် ရင် ဖြစ်ဖြစ် ကီး တစ်ခုခု နိုပ် လို့ ဖြစ်ဖြစ် မျက်နှာ ပြင်လင်း တာ နဲ့ အင်တာနက် ပြန်ဖွင့် ပေးမှာပါ ။ ဖုန်းသုံး နေ ရင် screen ကပိတ် သွားပါဘူး ။
(မသုံး ပဲ ဘယ်လောက် ထားရင် ပိတ် မလဲ ဆို တာ ကိုယ့် ဖုန်း ရဲ့ screen time out ပေါ် မူတည်ပါမယ် ။ setting ထဲက display အောက် မှာ screen timeout မှာ ချိန် နိုင်ပါတယ်။ )


ဒီမှာဒေါင်းလိုက်နော်

အဆင်ပြေကြပါစေ။ 

Wednesday, April 2, 2014

Samsung Firmware တင်သူများ သတိပြုရန်....

အခုနောက်ပိုင်းထွက်ရှိလာသော Samsung Firmware 4.3 နှင့် 4.4 တင်သူများ

သတိပြုရန် Samsung Firmware များမှာ firmware တင်သော်လည်း

ဘာမှမပျက်သော်လည်း

အရင် Version များတွင် အခက်အခဲမရှိ အဆင်ပြေနိုင်ပေမယ့် 4.3 နှင့်

4.4

တင်သူအချို့ ဖြစ်တတ်သောပြသနာများမှာ......

Power Button ကို တစ်ချက်ဖြင့် ဖွင့်မရခြင်းများ

ပွင့်လျှင်လည်း စက်ဟန်းပြီး အလုပ်မလုပ်ခြင်းများ

တစ်ခါတလေ Gapp များ အလုပ်မလုပ်ခြင်းများ...

Setup wizard အလုပ်မလုပ်ခြင်းများ တွေ့ ကြုံလာပါသည်

အကောင်းဆုံးက Firmware တင်ပြီးပြီးခြင်း.... Stock Recovery mode မှ

Factory Data reset ချပြီးမှ အသုံးပြုလျှင်ပိုကောင်းပါသည် ...

မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်ခြင်းဆိုတာ ကျွန်တော်လည်း

အတိအကျတော့ မပြောတတ်သေးပါဘူးဗျာ...ဘာပဲပြောပြော

Firmware မတင်ခင်တော့ Full Back up လုပ်ပြီးမှ Firmware

တင်ခြင်းသာ

အကောင်းဆုံးဖြစ်ကြောင်းပြောချင်ပါတယ်

အကောင်းဆုံးမဟုတ်ပေမယ့် သိသမျှ ပြန်လည်ဝေမျှပေးမည်။

Credit To : ညီပိုင်

Media Converter For Android

Android ဖုန်းထဲမှာတင် အသံဖိုင်နှင့် ဗီဒီယိုဖိုင်များကို
format ပြောင်းချင်သူများအတွက်အဆင်ပြေစေမယ့် ဆော့ဝဲလေးတစ်ခုပါ။
အောက်မှာဒေါင်းလိုက်ကြနော်။

Download Here

အဆင်ပြေကြပါစေ။
ရဲထက်
Credit by Orange Cracker

Friday, March 28, 2014

Huawei Y535-C00 version 4.3 ကို Root လုပ်စရာမလိုပဲ myanmar font သွင်းကြမယ်။

Huawei Y535-C00 ကို Root လုပ်စရာမလိုပဲနဲ့ Myanmar Font ကို
နေရာအစုံမှာ မြင်ရအောင် သွင်းလို့ရမဲ့ .bat file လေးတစ်ခု ဝေမျှပေးလိုက်ပါတယ်။
တော်တော်ခေါင်းစားခဲ့ရတဲ့ Y535-C00 လေးပါ။
ခုတော့ Developer တစ်ဦးရဲ့ .bat file လေးကြောင့် မြန်မာစာလေး မြင်ခဲ့ရပါပြီ။
ကျတော် Developer name ကိုတော့သေချာ မသိတော့လို့ သက်ဆိုင်သူ အားလုံးကို
credit ပေးပါတယ်။
လုပ်ရတာလဲ မခက်ပါဘူး ... Phone ကို Debugging mode on ပြီး PC နဲ့ connect
လုပ်ပေးပြီး .bat file လေး ဖွင့်လိုက်တာနဲ့ သူ့ပါသာ အလုပ်လုပ်ပေးသွားပါတယ်။
Reboot ကျပြီးပြန်တက်လာရင်တော့ Myanmar Font ရရှိပါပြီ။
Keyboard ပါမလာရင် နှစ်သက်ရာ Keyboard ထည့်ပြီး အသုံးပြုနိုင်ပါပြီ။
လိုအပ်ရင်တော့ အောက်ကလင့်ကနေ ၀င်ယူလိုက်ပါ။
ဒီမှာဒေါင်းလိုက်နော်...............

ခေါင်းစားခြင်းရန်မှကင်းဝေးကြပါစေ။
ရဲထက်

မှတ်ထားလိုက်အုံးနော်

ဖုန်းမှာ *124# လို့ရိုက်ထည့်လိုက်မယ်ဆိုရင် သင့်ဖုန်းဘေလ် လက်ကျန်ကို စစ်ဆေးတာ အားလုံးသိကြမယ်လို့ ထင်ပါတယ်။

*888# ဆိုတဲ့ Code လေးကတော့ သင့်ဖုန်းနံပါတ်ကို ပြန်စစ်ပေးမှာပါ။

Country Code ပါဖော်ပြပေးပါတယ်။

မသိသေးတဲ့သူတွေ စမ်းလုပ်ကြည့်ပါဦးနော် ...............

Credit ==> Ooredoo Myanmar


အဆင်ပြေကြပါစေ။

Thursday, March 27, 2014

Huawei Y535-C00 Root

ဒေါင်းလို့ ရလာတဲ့ zip ထဲ မှာ ပါ တဲ့ Y535.bat ကို ဖွင့် လိုက်ပါ ။ ပြီး ရင် fastboot ခေါ် ပြီးကြိုးထိုးရင်ထိုး မထိုးချင်ရင် လဲ usb debug on ပြီး ကြိုးထိုး ထားပါ ။fastboot မခေါ် ရသေးရင် 1 နိုပ်ပြီး Enter ခေါက်ပါ ။ ခေါ် ပြီးသား ဆို ၂နိုပ် ပြီး Enter ခေါက် ပါ ။ပြီး ရင် Vroot နဲ့ ဖောက်လိုက်ပါ ။
 အောက်မှာဒေါင်းလိုက်တော့ဗျာ။
 အဆင်ပြေပါစေ .....

ဒီမှာဒေါင်းလိုက်နော်.................


Wednesday, March 26, 2014

Y535-C00 B131 Firmware !



အသစ်ထွက်ရှိလာတဲ့ ” Huawei ” ” Y535-C00 ” ရဲ့ 
Firmware လေးအသစ်ထွက်ရှိလာတော့ အားလုံးလည်းဒေါင်းချင်မှာပေါ့ဗျာ..
သူ့ တရုတ်ဆိုက်က ဒေါင်းလို့  အဆင်မပြေတဲ့ဘော်ဒါများ အတွက်
Pcloud ကနေ ပြန်တင်ပေးလိုက်ပါတယ်ဗျာ….
ဒေါင်းလိုက်ပါအုန်းလို့ 

Downlaod Here

အဆင်ပြေကြပါစေ။

Monday, March 24, 2014

Huawei Y325 Firmware တင်နည်း

ကျွန်တော်အရမ်းကိုခေါင်းစားတိုင်ပတ်ခဲ့တဲ့ HUAWEI Y325 Firmwareတင်နည်းလေးကိုကျွန်တော်လိုတိုင်ပတ်ကြမှာဆိုးလို့ သူငယ်ချင်းများအားလုံးကို
 ပြန်လည်ဝေမျှပေးလိုက်ပါတယ် HUAWEI Y325 Firmware က update zip ဖြင့်ထွက်ရှိလာတဲ့အတွက် recovery ကတင်ရတာဖြစ်ပါတယ်ဒါပေမဲ့ recovery ကလုံးဝခေါ်မရခဲ့ပါဘူး ကျွန်တော် recovery ကိုကျွန်တော်သိသလောက်တတ်သလောက်အမျိုးမျိုးခေါ်ခဲ့ပါတယ်မရခဲ့ပါဘူး
ကျွန်တော်တစ်နေ့ လုံးကြိုးစားသမျှအရာမထင်ခဲ့ဘူးဗျ..နောက်နေ့ မနက်မှာတော့စဉ်းစားမိသလောက်
ထပ်ခေါ်နေရင်းတွေရှိခဲ့ရပါတယ်အဲ့ဒါကတော့...အရင်းဆုံး power key ကိုအချိန်၃စက္ကန့် လောက်ဖိပြီး volume + volume - ကိုတွဲဖိထားရမှာဖြစ်ပါတယ်အဲ့ဒါမှ recovery ကိုရောက်ပြီး မိမိတို့ လိုအပ်သော Firmware လေးကိုတင်နိုင်မှာဖြစ်ပါတယ်။
သိပြီးသားဆရာများရှိရင်လဲ ကျော်သွားပေးပါကျွန်တော်သိသလောက်တင်ပြပေးတာ
ပါ ကျွန်တော်ရဲ့သင်ဆရာမြင်ဆရာကြားဆရာများအားလုံးကိုအစဉ်လေးစားနေလျှက်ပါ...

ရဲထက် (www.wavemobilespecialservices.blogspot.com)

ဆော့ဝဲကောင်းလေးတစ်ခုနော်....ယူထားလိုက်ကြအုံး

ဖုန်းservice သမားတွေအတွက်ဆိုအသုံးတည့် software ကောင်းတစ်လက်ပေါ့...
Supported Flash, Unlock, Remove Screen Lock, Repair IMEI, NVM/EFS, Root etc for HTC, Samsung Android Smartphones ကျွန်တော့်အတွက်တော့အဖိုးမဖြတ်နိုင်တာမို့ 
နည်းပညာလေ့လာတဲ့သူငယ်ချင်းများအတွက်လဲအသုံးပြုနိုင်အောင်ဝေမျှလိုက်ရပါသည်
Win2K,WinXP,Win2003,Vista,Win7တွေမှာအသုံးပြုနိုင်မှာဖစ်ပြီး Products ဖစ်လို့ 
လဲအသုံးပြုရကျိုးနပ်မှာပါ လိုအပ်မယ်ဆိုရင်တော့ အောက်မှာဒေါင်းယူလိုက်ပါ..


YE HTET ဆိုတဲ့စာသားလေးကိုနှိပ်လိုက်ပါ။
ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။

သင်သိပြီးသော် ကျန်သူများအား ဆင့်ကာဆင့်ကာ သိစေလို၏

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
ရဲထက်(www.wavemobilespecialservices.blogspot.com)

Credit by MMSSG

Sunday, March 23, 2014

သင်္ကြန် Ringtone လေးနော်

ကဲကဲ သင်္ကြန်လဲတဖြည်းဖြည်းနီးလာပြီ Phone Ringtone ကိုတောင် သင်္ကြန်သီချင်းလေးလုပ်လိုက်ပြီး အားလုံးကိုလဲဝေမျှလိုက်ပါတယ် သီးချင်းလေးတွေကတော့ အဟောင်းလေးတွေရော အသစ်လေးတွေပါရောလုပ်ထားပါတယ်...
Android သူငယ်ချင်းအားလုံးအတွက် သင်္ကြန်Ringtone App လေးပါ...

အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ကြနော်။

YE HTET 

ရဲထက်ဆိုတဲ့စာသားလေးကို နှိပ်လိုက်ပါ။
ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေ။

iPhone မှာ Message ပို့တာမထွက်လို့ Message Center Code change ချင်သူများအတွက် ပြောင်းနည်း

iPhone မှာ Message ပို့တာမထွက်လို့ Message Center Code change ချင်သူများအတွက် Message Center ပြောင်းနည်းလေးပါ။

-ပထမဆုံးအနေနဲ့ ဖုန်းခေါ်တဲ့ Dial Mode ထဲကိုဝင်ပါ။ အခု ဖုန်းထဲမှာလက်ရှိလုပ်ထားတဲ့ Message Center*#5005*7672# ကိုရိုက်ပြီး Call ကိုနှိပ်ပါ။

-လက်ရှိဖုန်းထဲက Message Center number ပေါ်လာပါလိမ့်မယ်။

-အခုလက်ရှိ Mesage Center number နဲ့မရလို့ အသစ်ပြန်ထည့်ချင်တယ်ဆိုရင်တော့ *5005*7672*+(new message center number) ကိုရိုက်ပြီး Call ကိုနှိပ်ပါ။ ဥပမာ-*5005*7672*+9595930003# လို့ရိုက်ရမှာပါ။

-ဒါဆိုရင် Message Center number ကို အောင်မြင်စွာပြောင်းလဲပြီးပြီဖြစ်ပါတယ်။


အားလုံးအဆင်ပြေကြပါစေ။

ဖုန်းအချက်ပေးစနစ်.apk - 4 MB


Android Phone + Tablet တွေအတွက် မြန်မာမှု ပြုထားတဲ့

ဖုန်းအချက်ပေးစနစ် APK လေးကို ကိုကျော်မျိုးဝင်းမှ မြန်မာမှု
ထားပါတယ်။ဒီ APK လေးမှာ ဘာတွေ ပြုလုပ်လို့ ရလဲ ဆိုရင်တော့
ရွေ့လျားခြင်း ( ဖုန်းရွေ့သွားတာနဲ့ အသံထမြည်ခြင်း)
ထိကိုင်ခြင်း (ဖုန်းကိုင်လိုက်တာနဲ့ အသံထမြည်ခြင်း)
အားသွင်းကြိုးဖြုတ်ခြင်း (ဖုန်းကို အားသွင်းထားရင်းနဲ့ တစ်စုံတစ်ယောက်
က ကြိုးကို ဖြုတ်လိုက်ရင် အသံထမြည်ခြင်း)
ဖုန်းလော့ဖွင့်ခြင်း (ဖုန်းရဲ့ Home screen ကို ဖွင့်လိုက်တာနဲ့ အသံထမြည်
ခြင်း)
ဆူညံသံ ( အသံတွေ ကြားတာနဲ့ အသံထမြည်ခြင်း)
ကင်မရာ (ကင်မရာ ဆော့ဝဲလေးကို ဖွင့်လိုက်တာနဲ့ အသံထမြည်ခြင်း )
တို့ကို တစ်ခုခြင်းသို့မဟုတ် အကုန်လုံးကို Alarm ပေးထားလို့ ရပါတယ်။
ဥပမာ မိမိဖုန်းကို မိမိက အားသွင်းထားတယ် ဆိုပါစို့ တစ်စုံတစ်ယောက်က
ကြိုးကို ဖြုတ်လိုက်ရင် အလိုအလျောက် အသံထမြည်မှာ ဖြစ်ပါတယ်။ အဲဒီ
တော့ မိမိဖုန်းကို စိတ်ချလက်ချ အားသွင်းထားလို့ ရပါပြီ။ အသံထမြည်နေတဲ့
အချိန်မှာ အသံကို အတိုးအလျော့လုပ်လဲ အသံကတော့ မြည်မြဲအတိုင်း မြည်
နေမှာပါ မိမိက အဲဆော့ဝဲလေးကို သွားပိတ်မှ အသံက ပိတ်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ခု ဆူညံသံလေးကို ပေးထားမယ်ဆိုပါစို့.... မိမိက အိပ်နေရင်း နဲ့
ဆူညံသံလေးကို Alarm လေး ပေးထားလိုက်မယ်..... ဖုန်းက အိပ်နေရင်းနဲ့
အောက်ကို ကျသွားတာတို့ တစ်နေရာရာမှာ အထားမှားထား တာ ဆို့ပါစို့....
လေလေးကို ချွန်လိုက်တာနဲ့ ဖုန်းရှိတဲ့နေရာကို သိရမှာ ဖြစ်ပါတယ်..........အသုံး
တည့်တဲ့ ဆော့ဝဲလေး ဖြစ်တဲ့အတွက် Android Phone ကိုင်ဆောင်ထားသူတိုင်း
ရှိထားသင့်တဲ့ ဆော့ဝဲလေး ဖြစ်ပါတယ်
Android Version 2.2. အထက်မှာ အသုံးပြုလို့ ရပါတယ်. ဒီကောင်လေးကို အသုံး
ပြုဖို့အတွက် မိမိဖုန်းက မြန်မာဖောင့်ထည့်ထားရန် လိုအပ်ပါတယ်


အားလုံးအဆင်ပြေကြပါစေ။

EMMC အကြောင်းသိကောင်းစရာ

မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ဝေါဟာရကို တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့ Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။ EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။ EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။

EMMC Chip အသုံးပြု မိုဘိုင်း devices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမို များပြားလာမှာဖြစ်ပြီး Android, iPhone နဲ့ Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။

အားလုံးနားလည်သွားကြပြီလို့ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

Android Battery Virus အကြောင်းသိကောင်းစရာ

Android ဖုန်းအသုံးပြုနေသူများသို့ Android Battery Virus အကြောင်းအသိပေးပါရစေဖုန်းအတွင်း Internet အသုံးပြုခြင်း Buletooth များအသုံးပြုခြင်း တို့ကြောင့်အများဆုံး ၀င်ရောက်ပါတယ်..အဓိက ပြန့်နှံ့တာကတော့ အင်တာနက်ကနေဖြစ်ပါတယ် Android ဖုန်း အသုံးပြုနေသူ User များရဲ့ Android Battery စနစ်ကိုတိုက်ခိုက်တဲ့ Virus ဖြစ်ပါတယ်.. ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုရင် ဒီ Virus ၀င်ရောက်တိုက်ခိုက်ခံရသည့် Android Phone ရဲ့ Battery ဟာ အရင်လောက် အား (Power) သက်တမ်းကြာရှည်မခံတော့ခြင်း၊ Battery အကုန်မြန်စေပြီး Battery ကုန်လို့အားသွင်းလိုက်ရင်လည်းငါးမိနစ် ဆယ်မိနစ်ဖြင့် Battery အားပြည့်ကြောင်းပြခြင်း ၊ သုံးလိုက်ပါက ချက်ချင်းကုန်သွားခြင်း ၊ အဆိုးဆုံးအဆင့်တွင် Virus Attack ဖြစ်နေတဲ့ Android ဖုန်းမှာလုံးဝ Battery သုံးမရတော့ခြင်းတို့ဖြစ်ပေါ်လာပါတယ်.. ဒီ လိုမျိုး ကြုံတွေ့လာရပြီဆိုရင်တော့ ဖုန်းမှာ Antivirus တင်ထားလဲ ခဏတာသာထိန်းချုပ်နိုင်ပြီး လုံးဝ သတ်ပစ်ဖို့တော့စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး..ဒီလိုဖြစ်လာခဲ့ရင် အကောင်းဆုံးဖြေရှင်းနည်းက ဖုန်းရဲ့ SD Card ကို Format ချပစ်ပါ ပြီးတာနဲ့ မိမိရဲ့ဖုန်းကို Factory Reset ချပစ်ပါ SD Card များကို တစ်ဦးနှင့်တစ်ဦး လဲလှယ်အသုံးပြုခြင်း တတ်နိုင်သမျှရှောင်ပါ လို့ အသိပေးအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား......................

Android ရဲ့  ဖိုင် System အကြောင်း

 Android ဖုန်းစတင်အသုံးပြုသူများ၊မိုဘိုင်းလောကသို့ စတင် ၀င်ရောက်လာသူ (Beginner ) များအတွက် ရည်ရွယ်ပြီးတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျား။
သိပြီးသားသူများကတော့ကျော်ဖတ်သွားကြပါနော်။
အမှားအယွင်းပါသွားခဲ့ရင်လည်း ပြင်ဆင်ပြီးဖတ်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျား။

Android ဖုန်းတစ်လုံးရဲ့ Partitions (အလွှာ) တွေကို အကြောင်းကိုရှင်းသွားပါမယ်၊ ပုံမှန်အားဖြင့် Android Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊

Model တစ်ခုနဲ့ တစ်ခု မတူပါဘူး၊ အထက်က Android Devices တိုင်းမှာတော့ အောက်မှာဖော်ပြထားတဲ့ အလွှာခြောက်မျိုး ပါကိုပါမှာပါ၊

/boot အလွှာ
/system အလွှာ
/recovery အလွှာ
/data အလွှာ
/cache အလွှာ
/misc အလွှာ

boot အလွှာက Boot.im , system အလွှာက System.img , recovery အလွှာက recovery.img အလွှာတို့က Flash လုပ်လို့ရတဲ့ အလွှာတွေပါ၊ Flash လုပ်ချင်ရင်တော့ bootloader ကို lock ဖွင့်ထားဖို့လိုအပ်ပါတယ်၊ အခြား /sdcard နဲ့ /sd-ext pratitions တွေလဲရှိပါသေးတယ်၊ /sdcard partition က Android သုံး ပစ္စည်းတိုင်းမှာ ပါပေမယ့် SD-Ext partition ကတော့ အချို့ ဖုန်းနဲ့ Android သုံး ပစ္စည်းတွေမှာပဲပါပါတယ်၊

boot အလွှာ (/boot)

Boot အလွှာကတော့ သူ့နာမည်အတိုင်း System Boot လုပ်နိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ kernel နဲ့ ramdisk တို့ပါတယ်၊ ဒီ Boot အလွှာ မပါရင် ဘယ်ဖုန်းက နိုးလို့ရတော့မှာမဟုတ်ဘူး အလုပ်လုပ်တော့မှာ မဟုတ်တော့ဘူး၊ Recovery အလွှာကနေ ပီး လိုအပ်ရင် Boot အလွှာကို ပြန်ရေးနိုင်ပါတယ်၊လိုအပ်လို့R့ecoveryကနေBootအလွှာကိုပြန်ရေးမယ်ဆိုရင်အသစ်ရေးတာမပီးခင်Bootပြန်လုပ်တာမျိုးမဖြစ်သင့်ပါဘူး၊

System အလွှာ (/system)

System ဆိုတဲ့ နာမည်အတိုင်းပါပဲ ဒီအလွှာမှာ Android OS (Operation System) တစ်ခုလံးပါပါတယ်၊ ဒီထဲမှာ Android GUI ( Graphic User Interface ) လို့ ခေါ်တဲ့ အသုံးပြုသူ မြင်နိုင် တွေ့နိုင် interact ( နှိပ်တာတို့ ထိတာတို့ ) လုပ်နိုင်တဲ့ appliactions တွေအားလုံးပါပါတယ်၊ ဒီ အလွှာကို ဖျက်ပစ်ခြင်း က Adnroid OS တစ်ခုလုံးကို ဖြတ်ပစ်တာဖြစ်ပါတယ်၊ recovery ကနေ ဖြစ်စေ ROM တစ်ခုကို bootloader ကနေ Install လုပ်ခြင်းဖြစ်စေ OS ပြန်တင်နိုင်ပါတယ်၊

Recovery အလွှာ (/recovery)

ဒီ အလွှာ ကတော့ Backup အတွက် သီးသန့်ထားတာပါ၊ ဖုန်းမှာ တစ်စုံတစ်ခု အမှား လုပ်ပီး တစ်ခုခု အကြီး အကျယ် ပျက်စီးသွားခဲ့ရင် Recovery ပြန်လုပ်ခြင်းဖြင့် Android System ကို ပြန်ပီး ပြုပြင်ပေးပါလိမ့်မယ်၊ Recovery အလွှာကို Boot အလွှာလို System restore လုပ်နိုင်တဲ့ အလွှာဖြစ်တဲ့ အတွက် သူကို Alternative Boot လို့လဲ လူသိများတယ်၊ Recovery လုပ်ရင် recovery console ကနေ Phone က Boot လုပ်စေပီး System ပြုပြင်ခြင်း ကိုလုပ်ပါလိမ့်မယ်၊

data အလွှာ (/data)

data အလွှာမှာ userdata တွေ ဖြစ်တဲ့ contacts , sms, setting နဲ့ applications တွေအားလုံးကိုသိုလှောင်ထားတယ်၊ factory reset ပြန်ချရင် ဒီ data အလွှာ ထဲက တန်ဖိုးတွေအားလုံး ဖျက်ပစ်ပါလိမ့်မယ်၊ ဒါဆိုရင်တော့ ဖုန်းဝယ်တုန်း က အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်၊ ဒါမှမဟုတ်ရင် Android ဖုန်းတစ်လုံးရဲ့ Partitions (အလွှာ) တွေကို အကြောင်းကိုရှင်းသွားပါမယ်၊ ပုံမှန်အားဖြင့် Android Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊ (Post တိုင်းမှာ Android ဖုန်း လို့ခြည်း ပြောနေပေမယ့် အခြား Android သုံးပစ္စည်း (Devices) တွေကိုလဲ ရည်ညွန်းပါတယ်၊

cache အလွှာ (/cache)

cache အလွှာ ကတော့ အားလုံး သိထားပီးသားဖြစ်တဲ့တိုင်း အသုံးပြုတာများတဲ့ data တွေနဲ့ application Components တွေကို သိုလှောင်တဲ့ နေရာပါ၊ cache ကိုဖြတ်လိုက်ရင်တော့ မှတ်ထားတဲ့ မှတ်သားမှူတွေကိုဖြတ်ပစ်မှာ ဖြစ်ပါတယ်၊ applications တွေကိုဖြတ်တာမဟုတ်ဘူးဆိုတာတော့ သဘောပေါက်သင့်ပါတယ်၊ အကယ်၍ cache ထဲက မှတ်ထားသမျှ ကိုဖြတ် ပစ်ရင်တောင် ဖြတ်ပီးနောက်ပိုင်း ပြန်သုံးရင် သုံးသမျှကို ပြန်မှတ်နေဦးမှာပါ၊

misc အလွှာ (/misc)

ဒီ Partition ထဲမှာတော့ ဖုန်း ရဲ့ System Setting တွေအားလုံးကို ဖုန်းအသုံးပြုသူ ပြုပြင်ပြောင်းလဲ ထားတဲ့ အတိုင်း သိမ်းပေးထားပါတယ်၊ ဒီ အလွှာ မှာ CID (Carrier / Region ID) setting တို့ USB configuration တို့ ကို Setting ပြောင်းထားတာပါပါတယ် အခြား System Setting တွေအားလုံးကို လဲ ဒီနေရာမှာ မှတ်သားသိမ်းစည်းပါတယ်၊ Custom ROM ထည့်ထားတုန်းက အခြေအနေကို ပြန်ရောက်သွားမယ်ပေါ့ ( Custom ROM install လုပ်ထားခဲ့ရင်ပြောပါတယ်)

အားလုံးအဆင်ပြေကြပါစေ။
ဆက်လက်ကြိုးစားလျက်ပါ။
ရဲထက် (www.wavemobilespecialservices.blogspot.com) 


Thursday, March 20, 2014

Huawei ဖုန်း များ online Firmware Update မပြုလုပ် သင့်

ခုခေတ် က အင်တာ နက် ကိုယ် စီသုံး ကျ တော့ အများ စု က update ဆို ရင် ကောင်းတယ် ယူ ဆပြီး တောင်းသမျှ update တိုင်း လုပ် လေ့ ရှိပါတယ်။
Huawei တွေ မှာ c8813 နောက် ပိုင်း အဖြစ် များ နေ တာ က အင်တာနက် သုံးတဲ့ အချိန် System update တောင်း လာလို့ ပေး လိုက် ပြီး update လုပ်ပြီး သွား ပါက ဖုန်း လိုင်း မတက်တော့ ခြင်း များ ကြုံ တွေ့ နေပါတယ် ။
Version မြင့် သွား တဲ့ သဘော ပေါ့ ။ဒါပေမယ့် Huawei တွေ မှာ က Build Number ပဲ ပြောင်း သွား ပြီး Android Version ပြောင်း လဲ ခြင်း မရှိတဲ့ အတွက် Update လုပ်သော် လဲ ဘာမှ ပြောင်း လဲ ခြင်း ကို မတွေ့ ရပါဘူး ။
သို့ သော် စောနက ပြော တဲ့ Error တွေ တော့ တွေ့ ရပါတယ် ။
လိုင်းမတက် တာက နှစ် မျိုး ရှိပါတယ် ။ တစ်မျိုး က network lock ကျ တာ ဖြစ် ပြီး နောက်တစ်မျိုး က Build number ပြန်နိုမ့် ရုံ နဲ့ ကောင်း ပါတယ် ။
အထူး သဖြင့် 33 ကဒ် တွေ သုံးတဲ့ သူအနေ နဲ့ ပို သတိ ထားဖို့ လိုပါတယ် ။
Build number မြင့် သွား ရင် 33 ကဒ် တွေ မဖတ် တော့ တာ များပါတယ် ။
ထို့ ကြောင့် system update လုပ် ဖို့ ပေါ် လာရင် မလုပ်ပါနဲ့ .....

အားလုံး အဆင်ပြေ ကြပါစေ ......

သူငယ်ချင်း တို့ ရဲ့ မိတ်ဆွေ တွေ လဲ သိ အောင် ရှယ်ပေးလိုက်ပါ ....

Samsung ဖုန်း များ 4.3 နှင့် အထက် မတင်ခင် စဉ်းစား ရန်လို

Samsung ဖုန်း တွေ ဟာ 4.3 နဲ့ အထက် တင် ပြီး ရင် အနိမ့် ကို ပြန် ဆင်း ဖို့ မလွယ် ပါဘူး ။ဆင်းလိုက် ရင် Imei ပျောက် ပြီး လိုင်းမတက် တော့ တာတွေ ကြုံရပါတယ် ။ 4.3 က စပြီး မြန်မာ စာ Error ပါသည့် အပြင် 4.4.2 တွင်လည်း အခြား Error များ ဖြစ်နေတာ ကို တွေ့ ရပါတယ် ။ ထို့ ကြောင့် သူများ တွေ ဗားရှင်း မြင့် တိုင်း အား မကျ ပါ နဲ့ ပြော ရရင် တော့ ကိုယ် စီးနေ တဲ့ ဖိနပ် အကြောင်း ကို ပဲ သိတယ် ပေါ့ ကြည့် တော့ လှ လိုက်တာ စီး တော့ မှ ခြေထောက် ပေါက် ဆိုတာ မျိုး မဖြစ် ရအောင် သူငယ် ချင်း တို့ မတင် ခင် မှာ စဉ်းစား စေ နိုင် ဖို့ တင် ပေး လိုက်ပါ တယ် ။

Samsung ဖုန်း ကိုင် တဲ့ သူငယ် ချင်း တွေ သိရ အောင် ရှယ်ပေး လိုက်ပါ အုံး နော် ......

သင့် ANDROID PHONE မြန်မြန် အလုပ် လုပ်စေဖို့ နည်းလမ်းများ










သင့် Android Phone ကို အသုံးပြုရတာ တစ်ဖြည်းဖြည်း လေးလံနှေးကွေး လာပြီလား? Application တွေကို ဖွင့်တဲ့အချိန်တွေ၊ Application တစ်ခုနဲ့ တစ်ခုပြောင်းလဲ အသုံးပြုတဲ့အချိန်တွေ၊ Home Screenကို ပြန်သွား တဲ့အချိန်တွေမှာ လေးလံနှေးကွေးနေရင် ဒီနည်းတွေကို စမ်းကြည့်ပါ။

အသုံးမပြုတဲ့ Appsတွေကို Disable/Uninstall ပြုလုပ်ပါ

Internal Storage မှာ နေရာလွတ်နည်းလာတာဖုန်းကို လေးလံစေတဲ့ အကြောင်းအရင်း တစ်ခုပါ။ အဲဒီအတွက် နေရာလွတ်ပြန်ရအောင် အသုံးမပြုတဲ့ Apps တွေကို ဖြုတ်ပစ်ပါ။ Photo, Video, Files တွေကိုလည်း Cloud Storage ဒါမှမဟုတ် SD Cardမှာ ပြောင်းပြီးသိမ်းပါ။
Apps တွေကို Uninstall လုပ်ဖို့  Settings ထဲက Apps Menu ကနေ ဖြုတ်ပါ။ Manufacturer က ထည့်ပေးလိုက်တဲ့ Applications တွေကို ဖြုတ်ချင်ရင်တော့ Root App Delete လို Application ကို သုံးပါ။ Root App Delete ကိုသုံးဖို့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုပါတယ်။ Apps တွေကို SD Card ထဲကို ပြောင်းပါ။ ဒီလိုလုပ်ဖို့  Settings ထဲက Apps Menu ကနေ Apps တစ်ခုချင်းစီကို ရွေးပြီး Move To SD Card ကိုနှိပ်ပါ။

Caches တွေကိုရှင်းပါ

Caches Data များပြားလာတာဟာလည်း သင့်ဖုန်းကို လေးလံစေပါတယ်။ Caches တွေကို ရှင်းဖို့  Settings ထဲက Apps Menu ကနေ App တစ်ခုချင်းစီကို ရွေးပြီး Clear cache ကိုနှိပ်ပါ။ တစ်ခုချင်းစီကို ပြောင်းရတာအလုပ်ရှုပ်ရင် App Cache Cleaner , Clean Master လို Apps တွေကို Google Play Store ကနေ အင်စတောလုပ်ပြီး သုံးပါ။

Widget, Live Wallpaper တွေကို ဖြုတ်ပစ်ပါ

Widget တွေဟာ Apps တွေကို ဖွင့်စရာမလိုဘဲ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူ သိမြင်နိုင်တဲ့အတွက် အသုံးဝင်ပါတယ်။ ဒါပေမယ့် သင့်ဖုန်းဟာ လေးလံလာရင် Widget တွေကို ဖြုတ်ပစ်သင့်ပါတယ်။ Widget တွေကို ဖြုတ်ပစ်ဖို့  Drag And Drop လုပ်ပြီး အမှိုက်ပုံးထဲထည့်ပြီး ဖြုတ်နိုင်ပါတယ်။ Live Wallpaper တွေဟာလည်း မျက်စိပသာဒ ဖြစ်စေပေမယ့် သင့်ဖုန်းကို လေးလံစေပါတယ်။ Home Screen မှာ Press လုပ်ပြီး Wallpaper ကို ပြောင်းလဲပါ။

Animationsတွေကို Disableလုပ်ပါ

Animations တွေကို Disable လုပ်ခြင်းအားဖြင့်လည်း သင့်ဖုန်းကို မြန်ဆန်စွာ အလုပ်လုပ်စေပါတယ်။ ဒီလိုလုပ်ဖို့  Settings ထဲက Developer options ထဲကို ၀င်ပါ။ Developer options ကို မတွေ့ ရင် Settings ထဲက About Phone Build Number ကို (၇)ချက် Tap လုပ်ပါ။ ပြီးရင် Developer optionsထဲက Drawing Options မှာ Windows animation scale, Transition animation scale, Animator duration scale စတဲ့ သုံးခုကို Off လုပ်ပေးပါ။ ဒါဆိုရင် Appsတွေ ဖွင့်တဲ့အခါတွေ၊ Apps တွေ တစ်ခုနဲ့တစ်ခု ပြောင်းလဲသုံးတဲ့ အခါတွေ၊ Home Screen ကို ပြန်သွားတဲ့အခါမျိုးတွေမှာ လျှင်မြန် လာပါ လိမ့်မယ်။

Software တွေကို Updateလုပ်ပါ

Manufacturer or Carrier တွေက Software တွေကို Update ပေးလေ့ ရှိပါတယ်။ အဲဒီ Update တွေ မှာ Security ပိုင်းကို ပိုကောင်းအောင် ပြုလုပ်ထားတာတွေ၊ Bugs or Errors တွေကို ပြုပြင်ထားတာတွေ ပါရှိလာတဲ့ အတွက် Updates တွေ ရရခြင်းမှာ ရယူဖို့  အရေးကြီး ပါတယ်။ အချုပ်အားဖြင့် Update တွေ ရယူခြင်းဖြင့် သင့် Phone ရဲ့ Performance ကို ကောင်းမွန် စေပါတယ်။ Updates တွေ ရယူဖို့  Settings ထဲက About phone ထဲမှာ System Updates ကိုနှိပ်ပါ။

MTK CPU အသုံးပြုထား သည့် ဖုန်း များ ဆော့ဝ် ရေး လျှင် သတိ ထားရန်







MTK CPU သုံးထားတာ က အများ အားဖြင့် Samsung Clone တွေ မှာ ဥပမာ s4 clone i9500 ဆိုပါတော့ CPU နံပတ် မတူ ပဲ စက်ပုံစံ တူ အများ ကြီး လာပါတယ် ။ အဲ့ကောင်တွေ က CPU မတူ ရင်ရေးမရ တဲ့ အတွက် ပြသနာ မရှိပေ မယ့် CPU နံပတ် တူ ပေ မယ့် scatte.txt ဖိုင် က PRELOADER နေရာ လွဲ နေ ရင် လုံးဝ Boot သေတဲ့ အထိ ဖြစ် နိုင်ပါတယ် ။ တနည်း ပြော ရရင် ပါဝါ ပျောက် ပါတယ် ။ထို့ ကြောင့် MTK ဖုန်း ပြုပြင် မည့် သူ အနေ နဲ့ သတိ ထားနိုင် စေ ရန် တင် ပေး လိုက်ပါတယ် ။

အဆင်ပြေ ကြပါ စေ..........

Android Pattern Lock Restore အကြောင်း









Android Pattern Lock Restore

Android Pattern Lock ဆိုတာကတော့ Android OS ဖုန်းတွေထဲမှာပါတဲ့ Screen Lock စနစ်တစ်ခုပဲဖြစ်

ပါတယ်။ဒီစနစ်ကိုအသုံးပြုတဲ့နေရာမှာကိုယ့်ဖုန်းရဲ့ Screen ပေါ်မှာဘယ်လိုပုံစံမျိုးနဲ့ပက်စ်ဝက် ကိုရေးဆွဲမယ်ဆို

တာမျိုးကိုစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ဒီစနစ်ကိုအသုံးပြုတဲ့နည်းစနစ်ကိုအရင်တုန်းက ဖော်ပြပေးခဲ့ဖူးပါတယ်။ဒီတစ်ပတ်တော့ ဒီစနစ်ကြောင့်ဖြစ်

လာနိုင်တဲ့အခက်အခဲနဲ့ပြဿနာတွေကို ဖော်ပြပေးသွားမှာပါ။Android OS ရဲ့ Pattern Lock စနစ်ဟာ အသုံးပြု

သူ User တွေအတွက်အဆင်ပြေတာတွေရှိသလို အဆင်မပြေတာမျိုးလေးတွေလည်းရှိနေပါတယ်။အဲဒါဟာဘာ

လဲဆိုရင်တော့ဒီ Lock စနစ်ဟာ အချို့သော ဖုန်းတွေမှာဆိုရင် အကြိမ်အရေအတွက်နဲ့ ပေးထားတာမျိုးတွေရှိပါ

တယ်။

အဲဒီလိုအကြိမ်အရေအတွက်နဲ့ပေးထားတယ်ဆိုတာကတော့ Pattern ကိုဆွဲပြီးဖုန်းရဲ့Password ကိုဖွင့်တဲ့

အချိန်မှာမှားယွင်းခဲ့တယ်ဆိုရင်အဲဒီလိုမှားယွင်းမှုအကြိမ်အရေအတွက်ကိုအကန့်အသတ်နဲ့ပဲ လက်ခံပေးတာမျိုး

ကိုဆိုလိုတာပါ။ဥပမာဆိုရင်တော့ Sony Ericsson X10 မှာဆိုရင် Pattern မှားယွင်းမှုအကြိမ်ရေဆယ်ကြိမ်ပြည့်

အောင်မှားယွင်းခဲ့မယ်ဆိုရင် Auto Lock သုံးစက္ကန့် ချထားပါတယ်။အဲဒီလိုဖုန်းက သူ့အလိုလို Lock လုပ်ထားတဲ့

အချိန်မှာအသုံးပြုသူကဘာမှလုပ်လို့မရပါဘူး။အဲဒီလိုဖုန်းကအလိုလို Lock ချလိုက်ပြီးပြီ ဆိုရင်တော့ ပြန်ဆွဲလို့ရ

ပါတယ်။ဒါပေမယ့်နောက်ထပ် ထပ်မှားလို့တော့မရပါဘူး။နောက်ထပ်သတ်မှတ်အကြိမ်အရေအတွက် အထိထပ်

မှားနေမယ်ဆိုရင်တော့ ဖုန်းတစ်ခုလုံးကို Lock ချပစ်လိုက်မှာ ဖြစ်ပါတယ်။အဲဒီလို Lock ဖြစ်သွားရင် Password

အမှန်နဲ့လည်းပြန်ဖွင့်လို့မရတော့ပါဘူး။အဲဒီလိုအချိန်မျိုးမှာဆိုရင်အသုံးပြုတဲ့သူတွေအနေနဲ့ အင်တာနက်နဲ့ WiFi

ချိတ်ဆက်ပြီးကိုယ့်ဖုန်းထဲမှာ Email ကိုထည့်မထားဘူးဆိုရင်တော့ဖုန်းတစ်ခုလုံးကို Restore သို့ မဟုတ် Firmware ပြန်လုပ်မှပဲအဆင် ပြေနိုင်ပါလိမ့်မယ်။Debugging mode on ထား ခဲ့ ရင် တော့ ဘာမှ မပျက် ပဲ ကောင်း မွန် အောင် ပြန်လည် ပြုပြင် နိုင်ပါတယ် ။ထို့ ကြောင့် Password သုံး သူ များ အနေ ဖြင့် Debugging mode on ထား ကြ ပါ လို့ တိုက် တွန်း ချင်ပါတယ် ... ။

ဒီလိုပဲ iPhone တွေမှာလည်း User Lock လုပ်တဲ့အချိန်မှာ သတ်မှတ်အကြိမ်ရေအတွင်းမှာသာ မှားယွင်းမှု

ကိုလက်ခံပြီးအကြိမ်ရေကျော်လွန်သွားမယ်ဆိုရင်တော့ဖုန်း Lock ဖြစ်သွားပါလိမ့်မယ်။

Android Error Request

Android OS စနစ်သုံးဖုန်းတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်တတ်တဲ့ Error တွေကို ဖော်ပြ ပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Android OS ဖုန်းတွေဟာအသုံးပြုတဲ့သူတွေကိုအများကြီးအထောက်အကူပေးနိုင်တဲ့အပြင်

အသုံးပြုသူ ကိုယ်တိုင်စိတ်ကြိုက်ပြုပြင်ဖန်တီးမှုတွေကိုပါ ဖုန်းထဲမှာ ပြုလုပ်နိုင်လောက်အောင်ထိ Firmware က

ပြည့်စုံတယ်လိုကျွမ်းကျင်သူတွေက ဆိုကြပါတယ်။အဲဒီလို အသုံးပြုနိုင်ခြင်းတွေ များပြားကောင်းမွန်တဲ့ Android

OS ဖုန်းတွေဟာတစ်ခါတစ်ရံမှာလည်း Firmware Error တွေနဲ့ဖုန်းရဲ့လုပ်ဆောင်ချက်တွေ ပိတ်ဆို့ရပ်တန့်သွား

တဲ့အဖြစ်အပျက်မျိုးတွေကလည်းရှိနေတတ်ပါတယ်။

ပထမဆုံးအနေနဲ့ Android OS ဖုန်းတွေမှာဖုန်းတွင်းစနစ်ပိုင်းတွေနဲ့ဆော့ဖ်ဝဲတွေကိုဖွင့်ပြီးသွားရင်ပဲဖြစ်ဖြစ်

၊ အသုံးပြုပြီးသွားရင်ပဲဖြစ်ဖြစ်ပြန်ပိတ်ပေးနိုင်တဲ့စနစ် မပါဝင်ခြင်းပါပဲ။ဆော့ဖ်ဝဲတစ်ခု စနစ်တစ်ခု ထဲကိုဝင်ခဲ့ပြီးပြီ

ဆိုရင်တော့ Back ခလုတ်နဲ့တင်ပြန်ထွက်လာလို့ရနိုင်ပါတယ်။ဒါကလည်း အားနည်းချက်တစ်ခုလို့တော့မဆိုသာ

ပါဘူး။ဘာကြောင့်လဲဆိုတော့အသုံးပြုတဲ့သူတွေအနေနဲ့ဖုန်းတွင်းစနစ်ပိုင်းတွေကိုအလွယ်တကူ ဝင်နိုင်ထွက်နိုင်

အောင်ပြုလုပ်ပေးထားတဲ့စနစ်တစ်ခုဖြစ်တဲ့အတွက်ပါ။

ဒီလိုမျိုးပြန်ပိတ်လို့မရနိုင်တဲ့အတွက်စနစ်တစ်ခုဆော့ဖ်ဝဲတစ်ခုကိုအသုံးပြုပြီးသွားပြီဆိုရင်ပြန်ပိတ်ပေးနိုင်ဖို့

လိုအပ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲဒီလိုအသုံးပြုခဲ့တဲ့ဆော့ဖ်ဝဲတွေဟာ Back ခလုတ်နဲ့ပြန်ထွက်သွားခဲ့

တယ်ဆိုပေမယ့်လုံးဝပိတ်သွားတာမျိုးမဟုတ်ဘဲဖုန်းထဲမှာနောက်ခံ Background ဆော့ဖ်ဝဲတစ်ခုအနေနဲ့အလုပ်

ဆက်လုပ်ပြီး ကျန်နေခဲ့ ပါတယ်။အဲဒီလို Background ဆော့ဖ်ဝဲတွေ Run နေတာ များလာပြီဆိုရင် ဖုန်းရဲ့လုပ်

ဆောင်ချက်တွေဟာလေးလံလာပြီးနှေးကွေးလာပါတယ်။ဒါ့အပြင်တစ်ခါတစ်ရံမှာဖုန်းတစ်ခုလုံးဟန်းနေပြီးဘာမှ

လုပ်လို့မရတော့တာမျိုးတွေရှိပါတယ်။ဒါရဲ့နောက်ထပ် Error တစ်ခုကတော့ ဘက်ထရီ ကြာကြာမခံတော့ခြင်းပါ ပဲ။

နောက်ခံဆော့ဖ်ဝဲတွေအလုပ်လုပ်နှုန်းများလာတဲ့အတွက်ဖုန်းရဲ့ဘက်ထရီကလည်းနာရီအနည်းငယ်နဲ့တင်

ကုန်သွားတတ်ပါတယ်။ဒါကလည်း Android အသုံးပြုသူတွေသတိပြုသင့်တဲ့အချက်တစ်ခုပါပဲ။ဖုန်းရဲ့ဘက်ထရီ

ကြာကြာမခံတော့ဘူး ၊ဖုန်းလုပ်ဆောင်ချက်တွေနှေးကွေးလာပြီ ၊ဖုန်းမကြာခဏဟန်းလာပြီဆိုရင် ဒါကိုသတိပြုရ

ပါ လိမ့်မယ်။ဒီလို နောက်ခံ Run နေတဲ့ ဆော့ဖ်ဝဲတွေကို ပိတ်ပစ်နိုင်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုပြီး ပိတ်ရပါ

တယ်။ဒါကတော့ Advance Task Killer လို Task Killer ဆော့ဖ်ဝဲတွေကိုထည့်သွင်းထားသင့်ပါတယ်။



Download Here


Error တက်ခြင်းမှ ကင်းဝင်းနိုင်ပါစေ။

ရဲထက် (Wave mobile special Service)

creait by Mobile House

ADB တွေ ရန်ကကင်းဝင်းစေဖို့








ကျွန်တော်တို့ကွန်ပျူတာတွေလက်တော့တွေ့မှာ Android ဖုန်း Driver တွေသွင်းထားပေမယ့်
ADB တွေရှုပ်ပြီးဖုန်းကို ADB မသိတာတွေ အများဆုံးဖြစ်တတ်ပါတယ်.
Game တွေ Application တွေသွင်းတဲ့အခါမျိုးမှာ Driver သိပြီး ADB မသိရင် ဘယ်လို Tools တွေနဲ့ချိတ်ချိတ် ဖုန်းကို မသိပါဘူး။ဒါကြောင့် ADB တွေမသိတဲ့ရန်ကင်းဝင်းစေဖို့
အောက်မှာပေးထားတဲ့ ADB Driver Installer.exe လေးကို ဆောင်ထားလိုက်ပါ။
လုပ်ပုံလုပ်နည်းလေးကလွယ်ပါတယ်။
အဲဒိ exe လေးကို Run လိုက်ပါ။ဖုန်းနဲ့ကွန်ပျူတာနဲ့တော့ချိတ်ထားနော်။
ADB မသိဘူးဆိုရင် ဘေးအကွက်လေး မှာအနီအ၀ိုင်းလေးပြနေပါလိမ့်မယ်
အဲ့အခါကျရင် အဲဒိအကွက်အောက်နားက Install ဆိုတာလေးကိုနှိပ်ပေးပါ။
ခဏစောင့်ပေးပါ။ စာတန်းလေးနှစ်ကြောင်းထပ်ပေါ်လာပါလိမ့်မယ်။
Anyway ပါတဲ့ စာတန်းလေးကိုနှိပ်ပေးပါ။
ခဏစောင့်ပါအတန်းစိမ်းလေးဆုံးသည်အထိ။
အတန်းလေးဆုံးသွားပြီဆိုရင် အပေါ်ကဘောက်ကိုကြည့်လိုက်ပါ။
အနီအ၀ိုင်းလေးနေရာမှာအစိမ်းလေးပြနေပါလိမ့်မယ်။
ကြိုက်တဲ့ Tool နဲ့ချိတ်ပါ။အိုကေသွားပါပြီ................................
အောက်ကလင့်မှာ ဆွဲထားလိုက်နော်............

အဆင်ပြေကြပါစေ။
ဆက်လက်ကြိုးစားလျက်ပါ။
ရဲထက် (Wave Mobile Special Special Services & Training Centre)


Thursday, March 13, 2014

Viber မှ ပိုက်ဆံပေးဝယ်ရသော Sticker များကို Free ရယူနည်း


Viber မှ ပိုက်ဆံပေးဝယ်ရသော sticker များကို Free ရအောင်လုပ်မယ်ဆိုရင် မိမိဖုန်းက Root ဖောက်ထားဖို့ လိုအပ်ပြီး VPN Unlimited နှင့် Freedom ဆိုတဲ့ Application နှစ်ခုပါ ရှိထားရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကလူများကတော့ VPN Application ကို Install လုပ်ပါ။ နိုင်ငံခြားကလူများကတော့ VPN Application ကို Install လုပ်စရာ မလိုပါဘူး။
မြန်မာနိုင်ငံလူတွေအနေနဲ့ VPN Application ကို Install လုပ်ပြီး ဖွင့်ပါ။ App ရဲ့ အပေါ်ထောင့်နားလေးမှာ starting ဆိုပြီး auto ချိတ်ဆက်နေချိန် ခဏစောင့်ပါ။ ပြီးရင် Notification မှာ Icon လေးပေါ်လာရင် ချိတ်ဆက်မှုပြီးပါပြီ။
Freedom Application ကို Install ဆက်လုပ်ပြီး ဖွင့်ပါ။ Root access တောင်းရင် Grant နှိပ်ပေးပြီး Feedom ထဲက Viber ကို တစ်ချက်နှိပ်လိုက်ပါ။
Viber Application ပွင့်လာရင် ဘာမှမလုပ်ပဲ Freedom ထဲကနေ ပြန်ထွက်လိုက်ပါ။ Notification မှာ Freedom ဆိုတာလေး ပေါ်နေရမှာဖြစ်ပါတယ်။
အားလုံးပြီးပြီဆိုရင် Viber Application ထဲဝင်ပြီး မိမိကြိုက်နှစ်သက်တဲ့ Sticker တွေကို Download လုပ်လို့ရပါပြီ။
ပိုက်ဆံပေးဝယ်ရတဲ့ Sticker တွေကို Downloaded လုပ်မယ်ဆိုရင်ရင် ဥပမာ $2.15 ကိုနှိပ်… Buy ကိုဆက်နှိပ်… Payment succesaful ဆိုပြီးပေါ်လာပါမယ်။ ခဏစောင့်ပြီး OK ပေါ်လာရင် နှိပ်ပေးလိုက်ပါ။ နောက်တစ်ကြိမ်ထပ်ပြီး အခုဏက $2.15 ကို ပြန်နှိပ်လိုက်ရင် Download လုပ်နေတာကို Notification မှာ တွေ့မြင်နေရမှာ ဖြစ်ပါတယ်။
မှတ်ချက်။      ။ $2.15 ဆိုတာ ဥပမာပေးထားတာ ဖြစ်ပါတယ်။
အားလုံးပြီးရင် VPN နဲ့ Freedom ကိုပိတ်လိုက်ပါ။ ဒါမှ Google Play Store ကို ပြန်ဝင်လို့ရမှာပါ။
 
 
အဆင်ပြေကြပါစေ။
ရဲထက်

Huawei C8813 no invalid sim build number 166 to 177







.Huawei c8813 မှာ OTA Updateလုပ်မိလို.ပဲဖြစ်ဖြစ်
imei ပျောက်နေလို.လိုင်းမတက်တာပဲဖြစ်ဖြစ်
လိုင်းတက်သော်လဲ3g မတက်ပဲ 1X တက်နေတာပဲဖြစ်ဖြစ်
sim invalid ဖြစ်နေတာပဲဖြစ်ဖြစ်
build number 169အောက်ကို downgreadပြန်ဆင်းစရာမလိုတော.ပါဘူးခင်ဗျာ
အချိန်ကုန်သတ်သာသွားတာပေါ.
buind number 166မှ 177အထိရပါတယ်ချင်ဗျာ

ဒီtoolလေးက သင်.ကို အချိန်ကုန်သတ်သာအောင်ကူညီပေးပါလိမ်.မယ်

အသုံးပြုနည်းကတော.လွယ်ပါတယ်
သင်.ရဲ.ဖုန်းကို rootလုပ်ထားရုံပါပဲ
usb debugging unknown source onထားပါ
pcနဲ. usbချိတ်ဆက်လိုက်ပါ
ဒေါင်းလို.ရလာတဲ.ထဲက Huawei C8813 Phone Call
ဆိုတာလေးကို run လိုက်ပြီး
နံပါတ် 1ကိုနှိပ်လိုက်ပါ
ဖုန်းက rebootကြပြီးပြန်တက်လာရင် sim cardထည်.ပြီးအသုံးပြုလို.ရပါပြီ


YE HTET

YEHTET ဆိုတဲ့စာသားလေးကိုနှိပ်လိုက်ပါ။ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။
အဆင်ပြေကြပါစေ။
လိုင်းမမိခြင်းရန်မှ ကင်းဝေးနိုင်ပါစေ။
ရဲထက်(www.wavemobilespecialservices.blogspot.com)

Wednesday, March 12, 2014

SYH Tablet Firmwares

ကဲဒီတစ်ခါဘော်ဘော်များအတွက် Tablet Firmware တွေ ဒေါင်းလော့ဆွဲလို့ရမယ့်လင့် လေးပေးပါမယ်ခင်ဗျား
ကျွန်တော် upload တင်ပေးမလို့ပါပဲ။
လိုင်းအခြေအနေက အိပ်မက်တောင်မမက်ရဲဘူးဖြစ်နေတယ်ဗျာ။
အဲဒါမို့ လင့်လေးပဲပေးတော့မယ်။
အောက်ကလင့်လေးမှာ ရှာပြီးဆွဲကြပါခင်ဗျား။
အားလုံးဆွဲလို့ရပါတယ်။ကျွန်တော်စမ်းသပ်ပြီးသားပါ။






ဒီ လင့်လေးနော် SYH Tablet Firmware များစုစည်းမှု

အဆင်ပြေကြပါစေ။
ရဲထက်(www.wavemobilespecialservices.blogspot.com)

C-8816 one key tools ပါ.......

Huawei C8816 အတွက် one key tools လေးပါ။ဆားဗစ်ဆရာများအကြိုက်တွေ့စေမယ့် Tool လေးဆိုရင်လည်းမမှားပါဘူး။
ကလိလို့ရတာပေါ့ အဟိ........။


 
လိုအပ်သူများဒေါင်းထားကြနော်။အောက်ကလင့်မှာဒေါင်းကြပါခင်ဗျား

YE HTET

YE HTET ဆိုတဲ့စာသားလေးကိုနှိပ်လေးပါ။ ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
အဆင်ပြေကြပါစေ။

Tuesday, March 11, 2014

Root လုပ်စရာမလိုပဲ android 4.3.3 ထိအသုံးပြုနိင်တဲ့မြန်မာဖောင့်ထွက်ပြီ

အရင်က 4.2.2 ကျော်ရင်မြန်မာဖောင့်ထည့်ဖို့ root လုပ်မှရပါတယ် ခုဒီကောင်က 4.3.3 ထိ root လုပ်စရာမလိုပဲ စာလုံးအလှတွေပါထည့်လို့
ရပါတယ်.....samsung ကိုအဓိက support လုပ်ပါတယ် အခြားဖုန်းများမစမ်းရသေးပါ.
လိုအပ်လျှင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ 






ဒီမှာဆွဲမယ်ဟေ့%%%%%%%%%%% 

အဆင်ပြေကြပါစေ။
Thank you for all/

Phone ၀ယ်ဖို့ ရွေးချယ်ရခက်နေရင် Geekaphone မှာ ရွေးချယ်ပါ

Phone ၀ယ်ဖို့ ရွေးချယ်ရခက်နေရင် Phone တွေ ရဲ့ Specification တွေကို Side-By-Side နှိုင်းယှဉ်ပြီး ရွေးချယ်မှသာအဆင်ပြေစေနိုင်ပါတယ်။ဖုန်းတွေ အများကြီးကို နှိင်းယှဉ်ရွေးချယ်ချင်ရင်တော့ Geekaphone ဆိုတဲ့ Website မှာနှိုင်းယှဉ်နိုင်ပါတယ်။Geekaphone က ဖုန်းငါးလုံးအထိ Compare လုပ်ပေးနိုင်ပါတယ်။

Geekaphone ရဲ့  Home Page ကတော့ ရိုးရှင်းပြီး ဖုန်းနှစ်လုံးကို Side-By-Side နှိုင်းယှဉ်ဖို့ ပြုလုပ်ပေးထားပါတယ်။ ဖုန်းမားကတ် မှာ နာမည်ကြီးနေတဲ့ ဖုန်းတွေ ဖြစ်တဲ့ Moto X, Nexus 4, iPhone 5S, Galaxy S4, Note 3, LG G2, Lumia 1020, Moto X, HTC One စတဲ့ဖုန်းတွေကိုလည်း ပြသပေးထားပြီး အဲဒီဖုန်းတွေကိုအလွယ်တကူ နှိုင်းယှဉ်လို့ ရပါတယ်။ နှိုင်းယှဉ်ချင်တဲ့ ဖုန်းနှစ်လုံးကို Click နှိပ်ပေးရုံပါပဲ။ ဖုန်းတွေ ရဲ့ နာမည်ကို ရိုက်ပြီးတော့လည်း နှိင်းယှဉ်နိုင်ပါတယ်။နှိင်းယှဉ်ဖို့ ဖုန်းတွေ ရွေးချယ်ပြီးရင်တော့ COMPARE button ကိုနှိပ်ပါ။

Geekaphone က CPU clock speed,RAM,Screen,Battery Size,Internal Storage Capacity စတဲ့ ဖုန်းတွေ ရဲ့  Specs တွေကို ဖော်ပြပေးပါလိမ့်မယ်။ Page အောက်ကိုဆင်းပြီးကြည့်ရင် Camera Specs,Video Resolution Capabilities,CPU Architecture စတဲ့ ပိုပြီးပြည့်စုံတဲ့သတင်းအချက်အလက်တွေကို သိနိုင်ပါတယ်။

နောက်ထပ်ဖုန်းတစ်လုံးကိုနှိုင်းယှဉ်ချင်သေးရင် ညာဘက်က + Button ကနေ ထပ်ဖြည့်နိုင်ပါတယ်။Recommend လုပ်ပေးထားတဲ့ဖုန်းတွေလည်းတွေ့ မြင်နိုင်ပြီး Click တစ်ချက်နှိပ်ပြီးနှိုင်းယှဉ်တဲ့စာရင်းထဲထည့်နိုင်ပါတယ်။

ဖုန်းဝယ်ဖို့ ရွေးချယ်ရခက်နေရင်တော့ Geekaphone ၀က်ဆိုက်ကိုသွားရောက်ရွေးချယ်ပါလို့  အကြံပြုလိုက်ပါတယ်။


ဒီမှာရှာနော်............... 

ရဲထက်(www.wavemobilespecialservices.blogspot.com)
 

Huawei G610-C00 တွေ လိုင်းမမိတော့တဲ့အခါ အလွယ်တကူပြန်ဖြည် ကြရအောင်


Huawei G610-C00 တွေမှာ အဖြစ်များနေတဲ့ network lock ဖြစ်တက်တဲ့ error ကို

ပြန်လည်ဖြေရှင်းဖို့ ကိုမျိုးကိုကိုဇော် မှ bat file လေးတစ်ခု ထုတ်ပေးလိုက်လို့

ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အသုံးပြုဖို့ကလည်း လွယ်ကူပါတယ်.......

Device မှာ UsbDebugging on ထားဖို့နဲ့ Root လုပ်ပေးထားဖို့ပဲလိုအပ်ပါတယ်။

ပြီးရင် bat file လေးဖွင့်ပြီး PC မှာ Device ကိုသိပြီဆိုရင် enter လေးခွေက်ပေးလိုက်ရင် 

ရပါပြီ။

bat file လေးကို လိုအပ်မယ်ဆိုရင်တော့.......

ဒီမှာဒေါင်းလိုက်နော်............................ 

အဆင်ပြေကြပါစေ...............................
Twitter Bird Gadget