Sunday, February 9, 2014

Samsung Galaxy S4, S3, Note2 တွေ IMEI ပျောက်တာ ရှင်းဖို့နည်းလမ်း








အစရှိတဲ့ ဖုန်းတွေကို Rom အတင်အချ လုပ်လို့ပဲဖြစ်ဖြစ်၊Caustom Rom တင်တာပဲဖြစ်ဖြစ်၊Upgrade/Downgrade လုပ်တာပဲဖြစ်ဖြစ်၊ကလိလိုက်တာ များလို့ပဲဖြစ်ဖြစ်၊ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့ဗျာ၊IMEI Code ပျောက်ထွက်သွားပြီး ဖုန်းဆက်လို့မရ net error ဖြစ်နေတဲ့အဖြစ်မျိုးနဲ့ကြုံတွေ့နေရတဲ့ အခါမျိုးမှာဖုန်းပြန်ပြောလိုရအောင်လုပ်တဲ့
နည်း ပျောက်နေတဲ့ IMEI Code ပြန်ထည့်သွင်းပေးမယ့် နည်းလေးကို post အဖြစ်တင်ပေးလိုက်ပါတယ်။
ကျုပ်ကိုယ်တိုင်လည်း ဖြစ်ခဲ့ဘူးပါတယ်။
S3 I9300 ကို offi 4.2.2 တင်လိုက်တာ IMEI လွင့်ထွက်သွားပြီး ဖုန်းပါဆက်မရတဲ့ net error မျိုး ကြုံခဲ့ဖူးပါတယ်။ တိုင်ပွတ်ရုံတင်မကဘူး တိုင်ပါကျိုးတဲ့အဖြစ်မျိုးပေါ့ဗျာ။
အဲ ကျုပ်လိုအဖြစ်မျိုးကြုံနေတဲ့သူတွေ အဆင်ပြေပြီး တိုင်ပွတ်မနေအောင်လို့ ရည်ရွယ်ချက်နဲ့ ဒီ post လေးကို တင်ဖြစ်သွားတာပါပဲ။

Samsung galaxy S3 GT-I9300 model ၊ Samsung galaxy Note 2 GT-N7100 model ၊ Samsung galaxy S4 GT-I9500 model အတွက်ပါ..

ပြုလုပ်ပုံနည်းကတော့ လွယ်ပါတယ်။computer laptop တစ်လုံးလောက်ရှိထားဖို့တော့ လိုတာပေါ့နော်။သူ့ရဲ့
လုပ်ပုံလုပ်နည်းလေးကတော့ Odin ထဲကနေပြီးတော့ သူ့ ဖုန်း Model နဲ့ ဆိုင်တဲ့ Tar ဖိုင်လေးတွေကို PDA နေရာမှာထားပြီး
Start ခလုတ်ကို click နှိပ်ပေးလိုက်ယုံလေးပါပဲ။

Auto Power ပြန်တက်လာရင် အဆင်ပြေသွားပါပြီ။ပြီးရင် ဖုန်းကို Power ပြန်ပိတ်ပြီး Recovery ထဲဝင်ကာ Restart ပြန်ချပေးလိုက်ပါ။အားလုံးလုပ်ပြီးသွားပြီးဆိုပါက ဖုန်းထဲကို Sim Card ထဲပြီးဖုန်းဆက်လို့ ပြောလို့ ငွေစစ်လို့ရသွားပါပြီ။ IMEI Code လည်းပြန်မှန်သွားမှာ ဖြစ်ပါတယ်။ကဲ လိုအပ်တဲ့ ဒေါင်းရမယ့် file တွေကို အောက်မှာ လင့်ခ်တွေချပေးလိုက်ပါတယ်။

 Samsung galaxy S3 GT-I9300 model ONLY.---ဒီမှာဒေါင်းပါ

Samsung galaxy Note 2 GT-N7100 model ONLY--- ဒီမှာဒေါင်းပါ

Samsung galaxy S4 GT-I9500 model ONLY---ဒီမှာဒေါင်းပါ

အားလုံးအဆင်ပြေကြပါစေ။
ရဲထက်(www.wavemobilespecialservices.blogspot.com) 

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget