Tuesday, January 28, 2014

Football Prediction Pro(for android)

ဘောလုံးဝါသနာရှင် ညီအကိုများ အတွက်
ဒီဆော့ဝဲလေးက ကိုမျိုးကောင်းသားစီက
မထားတာကြာပါပြီလေ့လာချင်သူ များ ဂိုးရလဒ်ကြည့်လည်းရတယ်
နိုင်ခြေရာခိုင်နှုန်းတွေ ရော စုံပါတယ်
လေ့လာကြည့်ပါ လိုချင်သူများဒေါင်း
ယူပပါ။
https://copy.com/10xK7

Huawei G 730 မှာမြန်မာစာ မရတဲ့ Ornagai အတွက်..







Huawei G 730 မှာမြန်မာစာ မရတဲ့ Ornagai အတွက်.. 


မြန်မာစာပေါ်အောင်သီးသန့်ထုတ်ထားတဲ့.. Ornagai dictionary (G730) ပါ။


ဦး Thant Ko ကနေ .မူရင်း ornagai dictionary ကိုပြုပြင်ထားတာပါ။ 


အောက်မှာဒေါင်းလုတ်ဆွဲပါ။ 


Download Here 

မိုဘိုင်းဖုန်းသုံးလမ်းညွှန် - SM3 Mobile Directory v3.1.0111 APK

Android Phone ပေါ်ကနေပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံ ၊ ဆေးခန်း ၊ ဆိုင် ၊ ဟော်တယ် ၊ ဈေး ၊ အစရှိ တဲ့ ဖုန်းနံပါတ် တွေကိုကြည့်နိုင်တဲ့ SM3 Mobile Directory နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ်ဗျာ။ အတော်လေးကိုအသုံးတည့်တဲ့အတွက် ဆောင်ထားစေချင်ပါတယ်ဗျာ။ နောက်ဆုံးထွက် Version ဖြစ်တဲ့ အတွက် ဖုန်းနံပါတ်တွေကလည်း Update ဖြစ်ပါတယ်။ အခု Version အသစ်မှာတော့ နိုင်ငံခြားငွေဈေး ၊ရွှေဈေး တို့ကိုထည့်သွင်းပေးထားပါတယ်။ ဒါပအပြင် အသုံးဝင်ဖုန်းနံပါတ်ကုတ်များကိုလည်း ပြည်တွင်းမှာ နယ်ဝေး ကုတ်နံပါတ်များနဲ့ နိုင်ငံတကာမှ ကုတ်နံပါတ်များကိုပါထည့်သွင်းပေးထားပါတယ်ဗျာ။ အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။

Monday, January 27, 2014

*** လေ့လာတွေ့ရှိချက်များ ***

Mr.AD စုဆောင်းပြုစုသည်။

mobile ဖြင့် fb သုံးရာတွင် ရေအိမ်တက်ချိန် နှင့် အိပ်ယာဝင်ချိန်မှာ အရသာအရှိဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

computer နဲ့ fb သုံးနေစဉ် Chat Box တွင် web ထက် mobile ဦးရေမှာ ပိုများနေကြောင်း လေ့လာတွေ့ရှိခဲ့သည်။

မိန်းကလေးများရဲ့ Profile ပုံများတွင် အပေါ်စီးမှရိုက်သော မျက်နှာများ အများဆုံးတင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ မျက်နှာကို
အောက်ကပင့်ရိုက်ခြင်းမှာ အလွန်ပင်နည်းကြောင်း ..
ထပ်မံ လေ့လာတွေ့ရှိခဲ့သည်။

Hand Set အသစ်တစ်လုံး ၀ယ်ပြီးပါက ၀ယ်ပြီးပြီချင်း (၃)လလောက် ဖုန်းအသစ်လေးကို မပွန်း၊ မရှ၊ မထိခိုက်အောင် ဂရုစိုက် ကိုင်တွယ်ပြီး
နောင်များတွင် ပွန်းပွန်း ပဲ့ပဲ့ ဖြစ်သလို ကိုင်တတ်ကြောင်း
လေ့လာတွေ့ရှိခဲ့သည်။ (အများစုမှာ ယောက်ျားလေးများ ဖြစ်သည်)

အိပ်ယာဝင်ချိန် နှင့် အိပ်ယာနိုးချိန်များတွင် fb ကို မပျက်မကွက် လာရောက် noti ရှင်းလင်းကြသူများ တစ်နေ့ထက်တစ်နေ့ များလာသည်ကိုလဲ
လေ့လာတွေ့ရှိခဲ့သည်။

ဂျ၊ ပု၊ တိ၊ ဟွတ်၊ ညော်၊ တေး၊ ကျမ်း၊ နာ၊ တေ၊ ရေး ... အစရှိသော မပီကလာ မြန်မာ Language အသစ်များ online တွေ ရေပန်းစား
ခေတ်စားနေကြောင်း လေ့လာတွေ့ရှိခဲ့သည်။

photo comment များမှာ fb အပေါင်းသင်း ရောင်းရင်းများကြား အလွန်ပင် ခေတ်စားလာကာ ကိုယ့်ဘော်ဒါများကိုလဲ Troll လုပ်ကာ comment တွေမှာ အချင်းချင်း သမကြပြီး fb မှာ ပျော်ရွှင်ကြသူများ များပြားလာကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ဘ၀အမောဖြေနိုင်မယ့် ဟာသ များကို တင်သော ဟာသ ပေ့ခ်ျများသည် နည်းပညာပေ့ခ်ျများထက် fans များစွာရရှိနေကြောင်း
လေ့လာတွေ့ရှိခဲ့သည်။ နည်းပညာ ပေ့ခ်ျများမှာ ပို့စ် ပုံမှန်တင်နိုင်မှသာ fans ဦးရေ ဖြည်းဖြည်းချင်း တက်လေ့ရှိသည်ကိုလဲ ထပ်မံ လေ့လာတွေ့ရှိခဲ့သည်။

ယခုစာကို ဖတ်နေသောသူများသည် တစ်နေ့တာ online သုံးခြင်းတွင်
fb တွင် အများဆုံး အချိန်ကုန်ကြောင်းကိုလဲ လေ့လာတွေ့ရှိခဲ့သည်။

weechat , viber , Tango ... အစရှိသော VOIP app များကြောင့် ယခင်က နာမည်ကြီး G-talk ကို အသုံးနည်းလာကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ယနေ့ခေတ်လူငယ်များ MIRC ကို မသုံးသလောက် ရှိနေကြောင်း ထပ်မံ လေ့လာတွေ့ရှိခဲ့သည်။

ဖုန်းဆိုင်များလဲ တစ်နေ့တစ်ခြား များပြားလာကြောင်း၊ တစ်ချို့မှာ မျက်စောင်းထိုး၊ ဘေးချင်းကပ်၊ တစ်ပြကျော်၊ တစ်ဘလောက်အကွာ .. စသဖြင့် အပြိုင်အဆိုင် ဖွင့်လာကြောင်း လေ့လာတွေ့ရှိခဲ့သည်။
လာမည့်နှစ် ၂၀၁၄ တွင် ယခုထက် အဆ(၁၀၀)လောက် ပိုများလာနိုင်ကြောင်းလဲ လေ့လာတွေ့ရှိခဲ့သည်။

များမကြာမီတွင် facebook သည် မြန်မာနိုင်ငံရဲ့ ကြေငြာ ကဏ္ဍတွင် အရေးပါသော Commercial website ကြီးဖြစ်လာတော့မည်ဖြစ်ကြောင်း
လေ့လာတွေ့ရှိခဲ့သည်။ အောင်မြင်နေသော Page များကိုလဲ စီးပွားရေးသမားများ ဈေးကြီးပေးကာ ၀ယ်ယူနေသည်ဟုလဲ ထပ်မံ လေ့လာတွေ့ရှိခဲ့သည်။

နိဂုံးချုပ်အနေဖြင့် ရေးရသော် .........

Facebook User ဦးတည်ချက် (၅)ရပ်

- Facebook ပုံမှန်သုံးစွဲရေး။

- like , share , comment များ အပြန်အလှန် ရရှိရေး။

- သတင်း နှင့် ဓါတ်ပုံများ မနှေးအမြန် ဖတ်ရှုရေး။

- မည်သို့ပင် အလုပ်ရှုပ်နေကာမူ facebook ဖွင့်ကာ noti စစ်ဆေးရေး။

- ဖြစ်ပေါ်လာသည့် connection ကို အံတုပြီး facebook ပေါ်သို့ မရောက် ရောက်အောင် တက်ကြည့်ရေး။

....... တို့ဖြစ်ပါကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

ပြီးပါပြီ။ ထပ်မံတွေ့ရှိချက်များကို နောင်တွင် ဆက်လက်တင်ဆက်သွားပါ့မည်

Mr.AD

BeautyPlus - Magical Camera

ဒါကတော့ ချောမွတ် လှပ ဖြူဖွေး နုထွဋ် ချင်တဲ့ ကိုကို မမ တွေအတွက် ..
ဗျူတီပါလာ အသစ်ကလေးပါ။ အသုံးပြုသူဦးလေ 2 million တောင် ရှိသတဲ့။ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ဂျပန် နိုင်ငံတွေမှာ ရေပန်းစား လူကြိုက်များနေတဲ့ Camera App ပါတဲ့ခင်ဗျာ။ ကင်မရာ ရိုက်ပြီးပြီးချင်း Magic အသံလေးနဲ့
တန်းပြီးတော့ကို အလှပြင်ပေးပါတော့တယ်။ filter များလဲ ပါရှိပါတယ်။ Beauty effects တွေကတော့ before & after တွေဖြစ်သွားပြီး အရမ်းကို ချောမွတ်လှပသွားစေပါမယ်။ ဒီ app လေးမှာ Magic Brush ဆိုတဲ့ tools လေးကလဲ လန်းတယ်ခင်ဗျ။ Magic Brush နဲ့ Sticker အလန်းလေးတွေ ထည့်သွင်းနိုင်ပါတယ်။
မျက်လုံး အရောင်တောက်အောင်လုပ်တာ၊ မျက်နှာကျ အပိန်၊ အဖောင်းလုပ်တာ၊ မိတ်ကပ်လူးတာ၊ တင်းတိတ် ၀က်ခြံများ ဖျောက်တာ .. အာ အစုံပါတယ်။ ကလိကြည့်နော် .. ဖုန်းထဲမှာတင် မျက်နှာကို
ပေါင်းတင်လိုက်ကြစို့
Android 2.3 နှင့်အထက်တွင် သုံးနိုင်ပါတယ်။



Download Mgical Camera

Mobo Market ( new version )

အရင်တုန်းက ဒီ Market လေးကို ကျွန်တော် သိပ်မကြိုက်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ free version တွေချည်း တင်ပေးတာရယ် .. နောက်ပြီး app ပေါက်စလေးတွေပဲ တင်ပေးတာကြောင့်ပါ။ အခုတော့ Mobo Market new version ဟာ UI ကအစ ပြောင်းလဲသွားပါတယ်။ app တွေကတော့ free version တွေပဲ ရပါမယ်။ တစ်ချို့ကိုတော့ full version ရနိုင်ပါတယ်။ new version မှာ တော်တော်လေး စုံလင်လာပါတယ်။ တစ်ချို့ app တွေဆို Play Store ကနေ ကျွန်တော်တို့နိုင်ငံက ဒေါင်းမရတဲ့ App တွေက အစ ရှိပါတယ်။ Update တွေလဲ အမြဲတင်ပေးလေ့ရှိပါတယ်။ သုံးရတာ အဆင်ပြေပြီး download speed ကလဲ အားရစရာကောင်းပါတယ်။
Page မှာ တင်ပေးခဲ့တဲ့ တစ်ချို့ App လေးတွေကို ဒီ Market ကနေ ရှာဖွေပြီး တင်ပေးခဲ့တာတွေ ရှိပါတယ်။ သုံးကြည့်ဗျာ။ သိပြီးသားဆိုလဲ မသိသေးသူများကို ဝေမျှပေးပေါ့။

တစ်လက်စတည်း သိတာလေးတစ်ခု ထပ်ဝေမျှပါရစေ။ www.shared.com မှာ 100GB free ပေးပါတယ်။ download များ resume ရပြီး သုံးရတာ အတော် အဆင်ပြေပါတယ်။ upload speed အတော် မြန်တယ်ဗျ။
data sharing လုပ်ချင်သူများ shared ကို စမ်းသုံးကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။



ဒီမှာဒေါင်းပါ


အဆင်ပြေကြပါစေခင်ဗျား

*** MyDarling (သို့) ချစ်သူတွေအတွက် ချစ်စရာ Widget လေး ***


အလန်းလေးတွေ မတင်တာကြပြီဖြစ်လို့ App အလန်းလေးတွေမှ သဘောကျ နှစ်သက်တဲ့သူတွေအတွက် MyDarling ဆိုတဲ့ widget အလန်းလေးကို တင်ပေးလိုက်ပါတယ်။ ချစ်သူစုံတွဲတွေအတွက် အရမ်းချစ်စရာကောင်းတဲ့ app လေးပါ။ ပထမဆုံး စတင် အသုံးပြုတဲ့အခါ ကိုယ့်ချစ်သူရဲ့ information များကို ထည့်သွင်းပေးရပါမယ်။ ဓါတ်ပုံ၊ နာမည်၊ မွေးနေ့၊ ချစ်သူစဖြစ်တဲ့နေ့၊ ဖုန်းနံပါတ် .. စသဖြင့် ထည့်သွင်းပေးရပါမယ်။ widget လေးမှာ ပါဝင်တဲ့ function တွေက အများကြီးဗျ။ အဓိက ဖော်ပြတာလေးတွေကို ရေးပေးလိုက်ပါတယ်။

- ကိုယ့်ချစ်သူရဲ့ ဓါတ်ပုံ သုံးပုံကို screen ပေါ် တင်ထားလို့ရတယ်။ Refrash လုပ်ကာ တစ်ပုံပြီးတစ်ပုံ ပြောင်းလဲ အသုံးပြုနိုင်တယ်။

- ချစ်သူရဲ့ မွေးနေ့ဘယ်တော့ ရောက်ရှိမလဲဆိုတာ ဖော်ပြပေးတယ်။
Noti bar မှာလဲ မွေးနေ့ကိုရောက်ရင် သတိပေးဖို့ timer ပေးထားလို့ရတယ်။

- ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ရက် အရေတွက်ကိုလဲ ဖော်ပြပေးတယ်။
ဘယ်နှစ်ရက်၊ ဘယ်နှနှစ် ရှိနေပြီလဲ အတိကျ ဖော်ပြပေးပါတယ်။

- ချစ်သူဆီ အလွယ်တကူဖုန်းခေါ်ဖို့နဲ့ sms ပို့ဖို့အတွက် Call & SMS function များလဲ တစ်ခါတည်း ပါရှိပါတယ်။ ထပ်မံပြီး ဖုန်းခေါ်ရ လွယ်ကူအောင်လို့လဲ noti bar ပေါ်မှာ ချစ်သူရဲ့ contact ကို တင်ထားလို့ရသေးတယ်ဗျာ။ တစ်ချက်နှိပ်လိုက်ရင်
ဖုန်းတန်းခေါ်မယ့် Direct Call function ကိုလဲ အသုံးပြုနိုင်ပါတယ်။

- ချစ်သူဆီမှ အ၀င် call , အထွက် call များ မှတ်သားထားသည်များကိုလဲ
ကြည့်ရှုနိုင်ပါတယ်။

- ယောက်ျားလေးသုံး နှင့် မိန်းကလေးသုံးဆိုပြီး widget theme နှစ်မျိုးပါရှိတယ်။

- ဖုန်းတော်တော်များများနှင့် အဆင်ပြေအောင် widget size သုံးမျိုး ပါရှိပါတယ်။

နောက်ထပ် function များစွာလဲ ပါရှိပါသေးတယ်။ မထင်ရဘူးခင်ဗျ။ ဒါလေးကို စမ်းတုန်းက သာမန် widget လေးပဲဆိုပြီး ထင်ခဲ့တာ။ ကလိကြည့်တော့မှ ချစ်သူစုံတွဲတွေအတွက် များစွာသော
function တွေ ပါရှိနေတာကို သိခဲ့ရတယ်။ ကလိကြည့်ပေတော့။
MyDarling ဟာ widget ဖြစ်တဲ့အတွက် widget ထဲကနေ ရှာဖွေပြီး homescreen ပေါ်တင်ပေးရပါမယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

သြော် .. ဒါနဲ့ မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးတဲ့ ညီမလေး ခင်ဝင့်ဝါကိုလဲ ကျေးဇူးတင်ပါတယ်လို့ .... ဟီး



ဒီမှာဒေါင်းလိုက်နော် ခစ်ခစ်ခစ်

Android တွေမှာကိုယ်ကြိုက်တဲ့ သီချင်းကိုနောက်ခံထားပြီး Video Effect လုပ်ချင်သူတွေအတွက် Viedo Fx


ဒီတစ်ခါတော့အသစ်အဆန်းလေးတစ်ခု ရလိုက်ပြန်ပါပြီ။

ကျတော့်ဘလော့ကိုအားပေးနေကြတဲ့ဘော်ဒါတွေအတွက် မျှဝေပေးလိုက်ပါတယ်။

တကယ်လန်းပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ကလင့်မှာယူလိုက်ပါ။



Download Here


အဆင်ပြေကြပါစေခင်ဗျား

C8813 wifi error ရှင်းနည်းလေး

C8813 တွေမှာ zapya နဲ့ကူးတာတို့ flash transfer တို့နဲ့ကူးနေရင်း စက်တစ်လုံးနဲ့တစ်လုံးမချိတ်တော့တဲံ့ error တွေအများဆုံးတွေ့နေရပါတယ်။အဲဒါကတော့wifi မပွင့်တာပဲဖြစ်ပါတယ်။ အဲဒိလိုဖြစ်နေရင် အောက် က zip ဖိုင်လေးနဲ့ ဖုန်းကို recovery ဖော်ပြီးတော့ flash လိုက်ရင် 100% အဆင်ပြေသွားပါပြီ။ ကျွန်တော်စမ်းသပ်ပြီးသားပါ။100%အဆင်ပြေပါတယ်ခင်ဗျား။
မှတ်ချတ်---C8813 တစ်မျိုးတည်းအတွက်ပါ။ကျန်တဲ့မော်ဒယ်များစမ်းသပ်ရင်တော့ကိုယ့်လောဘနဲ့ကိုယ်နော်။
လိုချင်ရင်အောက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျား။
YE HTET ဆိုတဲ့ လင့်လေးကိုနှိပ်လိုက်ပါ ဒေါင်းလော့လင့် ကျလာပါလိမ့်မယ်။

YE HTET

အဆင်ပြေကြပါစေ။
Thank you for all
ရဲထက်

Airport Commando Sniper Game v1.4

စစ်တိုက်တဲ.ဂိမ်းလေးပါအရမ်းမိပါတယ်ကစားလို.လဲကောင်းပါတယ်
ရုပ်ထွက်ကလည်း နိုင်းလောက် ရှိတယ်ဗျ ကစားချင်ရင်အောက်မှာယူနော်
စက်ရုပ်ကြီးတွေအတွက်နော်






Download Here

ရဲထက် ပြန်လာပါပြီ..........................

ကျွန်တော့်ဆိုဒ်လေးကိုအခုမှကြည့်မိတယ် memeber တွေတော်တော်များနေတာပဲ အလုပ်မအားတာရယ် 
အချိန်မရတာရယ် ကျွန်တော်တို့ရဲ့ အပေါင်းအဖော်ကြီး MPT ရယ်ကြောင့်ရယ်ပေါ့ ကျွန်တော့ ဘလော့လေးကို မပြင်ဆင်နိုင်သေးတာ ခွင့်လွှတ်ကြပါ ဒီနေ့ကစပြီး ကျွန်တော့ဘလော့လေးမှာ ပို့စ်တွေ
စတင်ပေးပါမယ်ခင်ဗျား။မန်ဘာဝင်ပြီးအားပေးကြတဲ့ညီအစ်ကိုမောင်နှမများကိုအထူးကျေးဇူးတင်ပါတယ်
ခင်ဗျား။
ကျေးဇူးတင်တာထက်စာရင် ကျွန်တော်တင်တဲ့ပို့စ်တစ်ခုဟာအစ်ကိုအစ်မများအတွက်အဆင်ပြေသွားတယ်ဆိုရင်ကျွန်တော်တင်ရကျိုးနပ်
ပါပြီ။ ကျွန်တော်ကျေနပ်ပါတယ်။
ကျွန်တော်အရင်ကထက်ပိုကြိုးစားပြီး ဘော်ဒါတွေအတွက်အတတ်နိုင်ဆုံးကြိုးစားပြီးတင်ပေးပါ့မယ်ခင်ဗျား။
မန်ဘာဝင်ပြီးအားပေးကြပါအုံးနော်။
ကျွန်တော့ gmail အကောင့်ကိုဆက်သွယ်ပြီးမေးမြန်းထားတဲ့ညီအစ်ကိုမောင်နှမများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျား။
တစ်ခါတစ်ရံမတွေ့လို့ပြန်မဖြေမိတာလေးရှိရင်ခွင့်လွှတ်ကြပါခင်ဗျား။
ကျွန်တော့ရဲ့Facebook Account---topten33@gmail.com
  မှာလဲ မေးမြန်းလို့ရပါတယ်ခင်ဗျား။

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

ရဲထက်(www.wavemobilespecialservices.blogspot.com)

Twitter Bird Gadget