Saturday, August 31, 2013

စက်ရုပ်လေးမှာ အသံတိုးနေသူတွေအတွက် Volume + လာပြီ



မိမိစက်ရုပ်လေးမှာ အသံတိုးနေပါတယ်ဆိုသူများ Volume+ လေးကိုသုံးလိုက်ပါ
ဘာတွေကောင်းလဲဆိုတော့ ကိုယ့် Device က ထုတ်သမျှ အသံအားလုံးကို
လိုသလို EQ ချိန်နိုင်ပါတယ် Ringtone တွေကိုလည်း ပိုကျယ်စေနိုင်တာပေါ့
Bass လည်း ပိုကောင်းလာတယ် Android version 4.1 တွေနဲ့လည်း
အဆင်ပြေပါတယ် ကဲပြောနေတာကြာပါတယ်ဒေါင်းပြိးစမ်းလိုက်
File size 0.11MB အင်မတန်နည်းပါတယ်
 

MTK တွေရဲ့ Firmware တွေကို Backup လုပ်ပေးမယ့် MTK 6573 Backup Tools



ဒီတစ်ခါတော့ MTK6573 China Android Phone တွေကို Firmware ထုတ်တဲ့ Tools လေး မျှဝေပေးချင်ပါတယ်။ အောက်က လင့်မှာ ဒေါင်းလိုက်ပါ။ ဒေါင်းလို့ရလာတဲ့ Rar ဖိုင်လေးကို ဖြည်လိုက်ပါ။ Gscript နဲ့ Install folder နှစ်ခု တွေ့ပါမယ်။ တစ်ခုတော့ရှိပါတယ်။ Firmware ထုတ်ချင်တဲ့ ဖုန်းမှာ Root Access ရပြီးဖြစ်နေရပါမယ်။ Root မဖြစ်ရင်တော့ Firmware ထုတ်လို့ မရပါဘူး။ SD Card အနိမ့်ဆုံး 512MB လိုအပ်ပါတယ်။ ကောင်းတာကတော့ 2GB ဆိုရင် ပိုကောင်းပါတယ်။ Free space 512MB လောက်ရှိရင်လည်း ရပါတယ်။ SD Card ထဲကို GScript နဲ့ Install Folder ၂ခုလုံး copy ကူးထည့်ပါ။ ပြီးရင်တော့ Phone မှာပါတဲ့ File Manager ကနေ GScriptLite.apk ဖိုင်လေးကို Install လုပ်ပါ။ ပြီးသွားရင် Apps တွေထဲမှာ GScript လေးရောက်သွားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။ ဖွင့်လိုက်ပြီး Menu ကို ခေါ်ပါ။ အဲဒီထဲမှာပါတဲ့ Add ကို ရွေးပါ။ Script ဖိုင်ကို ရွေးပေးဖို့အတွက် Load ကို ထပ်နှိပ်ပါ။ back23.sh ကို ရွေးလိုက်ပါ။ Super User Request တောင်းရင် Allow or Grant ပေးလိုက်ပါ။ ဒါဆိုရင် Gscript ထဲမှာ Back23 ဆိုပြီး Script ဖိုင်လေး တစ်ခု ထပ်တိုးလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Back23 လေးကို Run ပေးလိုက်ပါ။ သူ့ဘာသာသူပဲ SD Card အောက်ထဲက Back_ Folder အောက်ထဲမှာ သွားပြီး Save ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ MTK6573 အတွက်ကို Firmware ရသွားပြီပေါ့ခင်ဗျာ။ အဲဒီFirmware ဖိုင်တွေထဲမှာ Firmware.info ကို Scatter File ထုတ်ဖို့အတွက် အသုံးပြုပါတယ်ခင်ဗျာ။ Scatter File ထုတ်ဖို့အတွက် MTK Rom Studio နဲ့ Scatter ဖိုင် ထုတ်ရပါတယ်ခင်ဗျာ။ အဲဒီ MTK_Rom_Studio ကိုလည်း နောက်များမှာ Post တစ်ခုအနေနဲ့ သီးသန့်တင်ပေးပါ့မယ်ခင်ဗျာ။ နောက် Post မှာ MTK6575 ကို Firmware ထုတ်တဲ့ Tools လေးလည်း တင်ပေးပါ့မယ်ခင်ဗျာ။ 
အဆင်ပြေကြပါစေဗျာ။

Download Here ..... 

MX Player New Vision (V 1.7.19 ) Apk








ဒီ application လေးက android phone တော်တော်များများမှာ နေရာယူထားတာကိုတွေ့ရပါတယ်ဗျာ။ ဒီကောင်လေးက သီချင်း
နားထောင်ဖို့ရော၊  movies တွေကိုကြည့်ဖို့အတွက်ပါအသုံးဝင်တာကြောင့်လည်း တော်တော်များများ သုံးကြတာကိုတွေ့ရပါတယ်။ 
အဲဒီအတွက်ကြောင့် version အသစ်လေးကို သုံးချင်ကြတဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်ဗျာ။ Andorid version 
2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။



သီချင်းဖွင့်ရင် ဂီတာလက်ကွက်ပြပေးတဲ့ ဆောစ့်ဝဲလ် 8MB







အနာဂတ်ကောင်းကင်ဆိုဒ်ကတွေ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်
လုပ်ဆောင်ချက်တွေကလည်းရိုးရှင်းပါတယ် 
ဂီတာတီးတတ်တဲ့သူငယ်ချင်းတွေအတွက် အဆင်ပြေပါစေဗျာ

ကိုယ့်ဖုန်းကို ဘယ်သူ လာကိုင်သွားလဲ သိချင်ရင် PhoneSpy နဲ့သာ ဖော်ထုတ်ပေတော့

သူငယ်ချင်းတို့ ဖုန်းအနားမှာ မရှိတဲ့အချိန် သူငယ်ချင်းတို့ရဲ့ ဖုန်းကို ဘယ်သူတွေ ..၀င်ကလိသွားလဲဆိုတာ ဖော်ထုတ်ပေးမယ့် စုံထောင်ကြီး ဖြစ်ပါတယ်။

ဘယ်လိုဖော်ထုတ်ပေးမှာလဲဆိုတော့ ဖုန်းကိုင်လိုက်တဲ့သူရဲ့ ..
မျက်နှာကို ဓါတ်ပုံရိုက်ပေးမှာဖြစ်ပါတယ်။

PhoneSpy ရဲ့ service ကိုon လိုက်တာနဲ့ ဖုန်း lock ကျနေတဲ့အခါ ဖုန်းကို lock ပြန်ဖွင့်တဲ့သူရဲ့ ..မျက်နှာကို front camera နဲ့ ဓါတ်ပုံရိုက်လိုက်ပါမယ်။ ဓါတ်ပုံရိုက်မှန်းလဲ သိလိုက်မှာ မဟုတ်ပါဘူး။ ဓါတ်ပုံကို Gallery ထဲမှာ PhoneSpy ဆိုတဲ့folder ထဲကနေ ပြန်ကြည့်နိုင်ပါတယ်။ ဓါတ်ပုံများကို တစ်ခါတည်း ပြန်ဖျက်နိုင်တဲ့ function လဲပါဝင်တယ်။ ကိုယ်မရှိတဲ့အချိန် ဘယ်သူတွေကိုယ့်ဖုန်းကို လာကိုင်သွားလဲ သိချင်ရင် PhoneSpy နဲ့သာ
ဖော်ထုတ်ပေတော့။ မိမိဖုန်းမှာ front camera ပါမှ အသုံးပြုနိုင်ပါမယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်ဗျာ။
Download Here 
 
 

ဂျီအက်စ် အမ်ဖုန်းလိုင်း ပြတ်တောက်မှု ရက်ပိုင်းအတွင်း ဖြစ်ပေါ်နေဦးမည်



ဂျီအက်စ် အမ်ဖုန်းလိုင်းများ၏ စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှုဖြစ်ပေါ်နေ ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ဆက်သွယ်မှုလိုင်း ပြတ်တောက် မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။ ယင်းကဲ့သို့ ဂျီအက်စ်အမ် လိုင်း နက်ဝေါ့ခ်တည်ဆောက် ထားသည့်နေရာများတွင် စက် ချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သော ကြောင့်  ဩဂုတ်၂ရ ရက် နံနက်ပိုင်းမှ စတင် ၍ လိုင်းချွတ်ယွင်းမှုများဖြစ်ပေါ် ခဲ့ပြီး ယင်းသို့ လိုင်းချွတ်ယွင်းနေ ခြင်း အား ရက်ပိုင်း အတွင်း ပြန် လည်ကောင်းမွန်စေရန် ပြုပြင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

''စက်ချွတ်ယွင်း မှုတွေဖြစ် နေလို့ ဂျီအက်စ်အမ်လိုင်းတွေ  ခေါ်မရဘူးဖြစ်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဖြစ်တဲ့နေရာတွေ ကတော့ ဂျီအက်စ်အမ်နက်ဝေါ့ခ် ပိုင်းရှိတဲ့နေရာတွေ အကုန်လုံးလို့ ပြောလို့ရပါတယ်။ ဒါနဲ့ပတ်သက် ပြီး အမြန်ဆုံးပြန် ကောင်း အောင် ပြုပြင်နေပါပြီ''ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းသို့ ဆက်သွယ်မှုချွတ် ယွင်းချက်အား ရက်ပိုင်းအတွင်း အမြန်ဆုံးပြန်လည်ကောင်းမွန်စေ ရန်ပြုပြင်မည်ဖြစ်ကာ နိုင်ငံပိုင် သတင်းစာ များတွင် လည်း အများ ပြည်သူသိရှိစေရန် ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။


''စက်ချွတ်ယွင်းမှုအကြောင်း နဲ့ ပြုပြင်ဆောင်ရွက်နေတဲ့အပိုင်း တွေကို ပြည်သူတွေ သိအောင် ကြေညာမှာပါ။ ရက်ပိုင်းအတွင်း လောက်ပဲ ကြာမြင့်မယ်လို့ မှန်း ပါတယ်''ဟု ယင်းက ထပ်မံပြော သည်။ ရက်ပိုင်းအတွင်း ဂျီအက်စ် အမ်ဖုန်းလိုင်း တစ်ခုတည်းသာ ခေါ်ဆို၍မရဘဲ ချွတ်ယွင်းမှုဖြစ် ပေါ်နေပြီး အခြားသောစီဒီအမ် အေနက်ဝေါ့ခ်လိုင်းများမှာမူ အ သုံးပြုရ အဆင်ပြေနေကြောင်း သိရသည်။

ဂျီအက်စ်အမ်ဖုန်းကိုင် ဆောင်သူတစ်ဦးက ''ဩဂုတ်၂ရ ရက် နံနက်ကစပြီး ၄၂၊ ၅ဝနဲ့စတဲ့ ဂျီအက်စ်အမ်ဖုန်းတွေကို ခေါ်လို့ မရတော့တာပါပဲ။ လိုင်းဖုန်းနဲ့လဲ ခေါ်လို့မရဘူး။ ခေါ်လိုက်ရင် လိုင်း မအားသလိုဖြစ်နေတာ။ နေ့ခင်း ပိုင်းလောက်မှ ပြန်ကောင်း သွား တယ်။ ဒီနေ့လဲ ဖုန်းခေါ်ရတာ အ ဆင်မပြေသေးဘူး။ ဆက်သွယ်ရေး က အရေးကြီးတဲ့အခြေအနေဖြစ် နေတော့ စက်ချွတ်ယွင်းတယ်ဆို လဲ အမြန်ဆုံးပြင်ပေးတာကောင်း ပါတယ်''ဟုပြောသည်။

ဇွဲ ရှိပါ သူငယ်ချင်း







xxxxxxx တိုးတက်ချင်သူအတွက်
မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိပါဘူး

အောင်မြင်ကြီးပွားလိုသူတိုင်း
အခွင့်အရေးတံခါးပေါက်ကို ရှာခေါက်ခဲ့ကြစမြဲပဲ။

တိုက်......ရဲရဲဝံ့ဝံ့သာ တိုက်
ဆုံးရှုံးမှုဟာ ဆက်တိုက် မလာနိုင်ဘူး

လောကဓံတရားဆိုတာ
ဘုရား ရဟန္တာများတောင် ရှောင်မရ
ဒို့က ဘာမို့ စိတ်ဓာတ်ကျနေမှာလဲ။

ဇွဲ ... ရှိစမ်းပါ
အခက်အခဲဟာ အခွင့်အလမ်း
ဘ၀ဆိုတာ ဇွဲရှိမှ
အောင်ပန်း ပန်ခွင့်ရတာမျိုးပဲ သူငယ်ချင်း။ 
   
ဆက်လက်ကြိုးစားလျက်ပါ
ရဲထက်(Wavemobilespecialservices.blogspot.com)

Android ဖုန်းအတွက် အသံလည်းကျယ် ထူးထူးဆန်းဆန်းလေးဖြစ်တဲ့ Player






ဒီဟာလေးရဲ့ ထူးခြားချက်ကို အရင်ဆုံး ပြောပြမယ် ။သီချင်းသံကို ပိုကျယ်စေတယ်

သီချင်းနားထောင်နေရင်း နောက်တစ်ပုဒ် ပြောင်းချင်တဲ့အခါမျိုးမှာ ဖုန်းကို လက်နဲ့ 


ကိုင်ထားဖို့ မလိုပါဘူး စားပွဲပေါ်တင်ထားဆိုရင် ခုံကို ထုလိုက်ရင် ပြောင်းပေးတယ်


အိတ်ကပ်ထဲမှာ ထည့်ထားရင် လက်နဲ့ တစ်ချက်ပုဒ်လိုက်  နောက်တစ်ပုဒ်ပြောင်းပီ


ဘေးနားမှာ ထားထားတယ်ဆိုရင်လည်း ဖုန်းပေါ်ကို လက်ကလေး ၀ဲကြည့်လိုက်ပါ


နောက်တစ်ပုဒ်ပြောင်းသွားပါတယ် ။
သတ်မှတ်ချက်အတိုင်း လိုက်လုပ်ကြည့်လိုက်

အတော်လေး လန်းတယ် Player လေးပါ ။  သုံးကြည့်ရတာ တစ်မျိုးထူးခြားတာပေါ့


စမ်းကြည့်ချင်ရင် အောက်မှာ ယူသုံးကြည့်ပါ ဖလမ်းဖလမ်းလေး...အသံစွာတယ်..။




Download Here



Friday, August 30, 2013

EarSmart for Android


earphone(နားကြပ်)ကြိုးထိုးပြီး သီချင်းနားထောင်တဲ့အခါ ..
သီချင်းဖွင့်ဖို့ music player ကို ရှာရပါသေးတယ်။
မော်ဒယ်မြင့်ဖုန်းတစ်ချို့မှာတော့ နားကြပ်ကြိုးထိုးလိုက်တာနဲ့ ..
music player အလိုလို ပွင့်ပါတယ်။ EarSmart က သင့်ဖုန်းကို
မော်ဒယ်မြင့်ဖုန်းတွေလို နားကြပ်ကြိုးထိုးလိုက်တာနဲ့ ကိုယ်ဖွင့်ချင်တဲ့ ..
app ကို ပွင့်သွားအောင် လုပ်နိုင်ပါတယ်။ ကြိုက်တဲ့ app ကို ဖွင့်ရန် ..
သတ်မှတ်ပေးလို့ရပါတယ်။ နောက်ပြီး Media Volume အတိုးအချဲ့ ကို ကြိုတင်သတ်မှတ်ပေးထားလို့ရပါတယ်။ ကြိုးထိုးလိုက်တာနဲ့ Volume က ဘော်ဒါ သတ်မှတ်ပေးထားတဲ့အတိုင်း auto ချိန်ပေးသွားပါမယ်။
နောက်ထပ် လန်းတာက နားကြပ်ကြိုး ထိုးလိုက်တာနဲ့ သီချင်းကို auto ဖွင့်ပေးပါတယ်။ auto play function ကိုတော့ Android 4.1 အထက် တစ်ချို့ဖုန်းများတွင် အဆင်ပြေချင်မှ ပြေပါမယ်။ ကျွန်တော် S3 (4.2.2) မှာ စမ်းကြည့်တာတော့ အဆင်ပြေတယ်ဗျ။ earphone အပြင် bluetooth headset အတွက်လဲ အသုံးပြုနိုင်ပါတယ်။ အတော်လေး အဆင်ပြေတဲ့ app လေးပါ။ သီချင်းနားထောင်ဖို့ earphone တပ်လိုက်တာနဲ့ player လဲပွင့်၊ သီချင်းလဲ ဖွင့်ပြီးသားဖြစ်သွားတယ်။ အလန်းလေးမို့ ဘော်ဒါတွေဆီ အရောက်ပို့ပေးလိုက်ပါတယ်
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

Download Ear Smart
 အဆင်ပြေပါစေ.

Android ထဲမှ ဇာတ်လမ်းများ


“ ချစ်ငယ်ကလည်းကွာ ကြာလိုက်တာ .. ချစ်ကြီး ရောက်နေတာကြာပြီ ”

“ ကြာဆို .. ဒီဖုန်းကြောင့်ပေါ့ .. ချစ်ကြီးဆီ လာခါနီးမှ ဖုန်းကို ဘယ်နားထားမိမှန်း မသိလို့ လိုက်ရှာနေတာနဲ့ ကြာသွားတာရှင့် .. မျက်နှာကြီးကလဲ ဆူပုပ်နေတာပဲ ”

“ နမော်နမဲ့နိုင်လိုက်တာကွာ .. သြော် .. သတိရပီ .. App လေးတစ်ခုရှိတယ် ဖုန်းကိုဘယ်နားထားမိမှန်း မသိတဲ့အခါ လက်ခုပ်တီးပြီး ရှာလို့ရတာလေး ”

“ ဟယ် .. ဟုတ်လား .. ပေးပေး .. ချစ်ငယ်အတွက် အဲ့ဒါ လိုအပ်တယ် ”

“ ပေးမှာပေါ့ ချစ်ငယ်ရဲ့ .. နေဦး download ဆွဲလိုက်ဦးမယ် ”
 
“ ကဲ .. စမ်းကြည့်ပါဦး ”

“ လက်ခုပ်တီးရမှာလားဟင် ”

“ အင်းလေ လက်ခုပ်တီးလိုက် .. ဖုန်းက Ringtone သံမြည်လာလိမ့်မယ် ”

“ ဟုတ်လို့လား .. လာထား .. ဖြောင်း .. ဖြောင်း .. ဖြောင်း ..
ဟယ် .. ရတယ်တော့ .. အဟား .. မိုက်တယ် .. ချစ်ကြီးက အရမ်းချစ်ဖို့ကောင်းတာပဲ ”

“ ချစ်စရာကောင်းလား .. ဒါဆို အာဘွား ပေး ”

“ ဟွန့် .. လုပ်ပြီ .. အင်းပေါ့လေ .. ချစ်စရာကြီးဆိုတော့လဲ .......... ”

“ အဟဲ .. နောက်တစ်ဖက် ကျန်သေးတယ် ”

“ အာ .. ချစ်ကြီးနော် .. သူရှာပေးတာက တစ်ခုတည်း .. မရဘူး နောက်ပါးတစ်ဖက်ကို နမ်းစေချင်ရင် နောက်တစ်ခုရှာပေး ”

“ အင် .. အဲ့လိုကြီးလား .. ကဲ .. ဒီတစ်ခါ ဘာလိုချင်တာလဲ ”

“ ဟိုလေ .. မနေ့က ချစ်ငယ် သူငယ်ချင်းရဲ့ဖုန်းမှာ ပါးစပ်နဲ့ လေချွန်လိုက်တာနဲ့ဓါတ်ပုံရိုက်ပေးတဲ့ဟာလေး တွေ့ခဲ့ရတယ် .. အဲ့ဒါ လိုချင်လို့တောင်းတာ .. အဲ့မိန်းမက ပဲများတယ် .. လိုချင်ရင် နင့်ကိုကို ကို ရှာခိုင်းတဲ့ .. သိပ်အမြင်ကပ်တာပဲ .. အဲ့ဒါနဲ့ အမြင်ကပ်လို့ မတောင်းခဲ့တော့ဘူး .. အဲ့ဟာလေး လိုချင်တယ် ”

“ အင်း .. လိုချင်ရင် ရစေရမယ် .. နည်းနည်းတော့ ရှာရခက်မယ် ..
ချစ်ငယ် ရှာခိုင်းတာက ရှားပါးကြီး .. ဒါပေမဲ့ ရအောင် ရှာပေးမယ် .. အနမ်းခံချင်လို့ ”

“ မတွေ့လို့ကတော့ စိတ်ကောက်ပြီသာ မှတ် .. တွေ့ရင်တော့ အဟဲ ”

“ ဟော .. ဟေဟေး .. အနမ်းခံရတော့မယ်ကွ .. တွေ့ပြီ ဒါပဲဖြစ်မယ် ”


“ ရုပ်ကိုက မှိုရတဲ့ မျက်နှာကြီးနဲ့ .. ခိခိ ”

“ ရပြီ .. စမ်းကြည့်ရအောင် .. အိုကေ .. လက်ခုပ်တီးပြီး ရိုက်လို့လဲရတယ် ..
လေချွန်ပြီးလဲ ရိုက်လို့ရတယ်တဲ့ ချစ်ငယ်ရဲ့ .. လာထား .. ရွှီ .............. ”

“ ဟယ် .. ရိုက်သွားပြီ .. မိုက်တယ် .. မိုက်တယ် ”

“ ဒီတစ်ခါ လက်ခုပ်တီးကြည့်မယ် ... ဖြောင်း ဖြောင်း ဖြောင်း ... ”

“ ရတယ်တော့ .. အဟား .. မိုက်တယ်ကွာ .. ဓါတ်ပုံရိုက်ရင် ရိုက်တဲ့ နေရာကို လက်နဲ့ လှမ်းနှိပ်ရတော့ တစ်ခါတစ်ခါ လက်က မငြိမ်ဘူးဖြစ်သွားတယ် .. အခု ဒါလေးနဲ့ဆိုရင် လက်ကို ငြိမ်ငြိမ်ထားပြီး ပါးစပ်က လေချွန်လိုက်ရုံပဲ .. တော်လိုက်တာရှင့် .. မွ မွ ”

“ ဟင် အဲ့လို ပါးစပ်နဲ့ မွ မွ မလုပ်နဲ့လေ .. ဒီပါးကြီးကို မွမွ ပေး .. ”

“ အဟိ .. အဲ့လို မရဘူးလား .. အရမ်းချစ်ဖို့ကောင်းတယ် ............................... ”

“ ချစ်ကြီးလဲ အရမ်းချစ်တယ် .............................. ”

အပြန်အလှန် အနမ်းလေးတွေ ပေးရင်း ချစ်ကြီး၊ ချစ်ငယ် ဆိုတဲ့ ချစ်သူစုံတွဲလေးမှာ ကြည်နူးမှုတွေ အပြည့်ဖြင့် နေ့တစ်နေ့ရဲ့ အသာယာဆုံးအချိန်တွေကို အတူတကွ ဖြတ်သန်းခဲ့ကြတယ်။

 App လေးတွေကို ဇာတ်လမ်းလေးတွေ ဆင်ပြီး ဆက်လက် တင်ဆက်ပေးသွားပါမယ်။ သဘောကျရဲ့လား ဘော်ဒါတို့ ..
ဒန် တန့် တန် ....
ရယ်မောပျော်ရွှင်နိုင်ကြပါစေ။
ရဲထက်(Wavemobilespecialservices.blogspot.com)

** စုံလင်စွာ အသုံးပြုနိုင်မယ့် Active Lockscreen **(For Android)



Lockscreen အများစုမှာ ပါဝင်တဲ့ function တွေက ..
Lock ဖွင့်တာ၊ Phone Call လုပ်တာ၊ SMS ဖွင့်တာ၊ Mute လုပ်တာ၊
Camera ဖွင့်တာ .. စသဖြင့် function အနည်းငယ်သာ Lockscreen မှာ
အသုံးပြုနိုင်ပါတယ်။ Active Lockscreen မှာတော့ Lockscreen တစ်ခုမှာတင် အသုံးပြုနိုင်တဲ့ function အများကြီး ပါဝင်နေပါတယ်။

** Call **
Call လုပ်ရာမှာ ကိုယ်အမြဲဖုန်းခေါ်လေ့ရှိတဲ့ Contact လေးခုကို ..
Lockscreen မှာ သတ်မှတ်ပေးထားလို့ရပါတယ်။ Lockscreen မှာတင် ..
တစ်ခါတည်း တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ပါတယ်။ အလွန်အဆင်ပြေပါတယ်။

** Message **
Message ဖွင့်ရာမှာလဲ SMS တစ်မျိုးတည်းတင်မဟုတ်ပဲ သင့်ဖုန်းမှာ ..
fb messenger , Gmail , imo .. အစရှိတဲ့ message app တွေကိုလဲ ..
Lockscreen မှာ တစ်ခါတည်း တန်းဖွင့်နိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

** Camera **
Camera ဖွင့်ရာတွင်လဲ ဖုန်းမှာပါတဲ့ built in camera အပြင် ..
သင်ထည့်ထားတဲ့ တစ်ခြား camera app များကိုလဲ ဖွင့်နိုင်ပါတယ်။

** Apps **
Application များကိုလဲ (၈)မျိုးအထိ Lockscreen မှာ shortcut အနေဖြင့် ..
ဖန်တီးထားလို့ရပါတယ်။ Lock ဖွင့်ရင်း ကိုယ်သုံးချင်တဲ့ App ဆီကို ..
တစ်ခါတည်းတန်းဖွင့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

** Themes **
Active Lockscreen အတွက် ဆန်းသစ်လှပတဲ့ Theme များစွာကိုလဲ
Play Store မှာ အခမဲ့ ရယူနိုင်ပါသေးတယ်။ Theme တွေက ..
အတော်လေးလန်းတယ်ဗျာ။ အားရပါးရသာ ယူကြပေတော့။

Active Lockscreen မှာ ထည့်ထားချင်တဲ့ App များကို Setting ထဲသွားပြီး ..
Select your shortcuts ဆိုတဲ့အောက်မှာ စိတ်တိုင်းကျ သတ်မှတ်ပေးနိုင်ပါတယ်။ Active Lockscreen ကို ဖုန်းတိုင်းတွင် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဖုန်းနဲ့ အဆင်ပြေ ၊ မပြေကတော့ ဒေါင်းပြီး စမ်းကြည့်လိုက်ပါ။ လွယ်ကူမြန်ဆန်ပြီး အသုံးဝင်တဲ့ Lockscreen တစ်ခုဖြစ်ပါတယ်။ 


Download Zippyshare  

Around Sound Pro

Earphone တပ်ပြီး သီချင်းအကျယ်ကြီးနားထောင်နေလို့ ..
ပတ်ဝန်းကျင်အသံတွေကို မကြားရမှာ စိုးရိမ်နေသူတွေအတွက် ..
Around Sound ဆိုတဲ့ App က ပတ်ဝန်းကျင်မှာ အသံကျယ်ကျယ်တစ်ခု
ထွက်ပေါ်လာရင် သီချင်းသံကို ခဏ Pause လုပ်ပေးပါလိမ့်မယ်။

နားကြပ်နဲ့ သီချင်းနားထောင်တဲ့အခါ ကျွန်တော်တို့တွေ ပတ်ဝန်းကျင်အသံ
ဘာကိုမှ မကြားရတော့ပါဘူး။ ဥပမာ မိဘများက ကိုယ့်ကို အော်ခေါ်တဲ့အခါ၊
ဘေးနားကိုတစ်ယောက်ယောက် စကားလာပြောတဲ့အခါ Around Sound ရဲ့
Sound Meter က ဆူညံသံများကို အမြဲနားစွင့်နေပါတယ်။
အသံတစ်ခုခုကြားတာနဲ့ သီချင်းသံကို ခဏ ရပ်ထားမှာဖြစ်ပါတယ်။
အသံမကြားရတော့ရင် သီချင်းသံကို ပြန်ဖွင့်ပေးပါမယ်။ ဒါကြောင့် ..
သီချင်းနားထောင်နေရင်း ပတ်ဝန်းကျင်အသံ မကြားရမှာ စိုးရိမ်စရာမလိုတော့ဘူး။ စိတ်ချလက်ချ သီချင်းနားထောင်နိုင်တာပေါ့ဗျာ။

Around Sound app ကို ဖွင့်လိုက်တာနဲ့ Start ကို နှိပ်လိုက်ရင် စတင်အလုပ် လုပ်ပါပြီ။ အသံဆူညံမှု အာရုံခံ (Sound Meter) level ကိုလဲ setting ထဲမှာ ကိုယ့်စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ Sensitivity level များရင် အသံတိုးတိုးကြားတာနဲ့ သီချင်းရပ်သွားပါမယ်။ နောက်တစ်ခုက Around Sound ဖွင့်လိုက်တာနဲ့ တစ်ခြား App တစ်ခုပါ အတူတူပွင့်အောင် လုပ်နိုင်ပါတယ်။ ဥပမာ Around Sound ကို ဖွင့်လိုက်ရင် Music Player ကိုပါပွင့်အောင် လုပ်နိုင်ပါတယ်။ Setting ထဲတွင် Targe Media App နေရာမှာ ကိုယ်ဖွင့်လိုသော App ကို ရွေးပေးပြီး Auto Launch and Start ကို ON လိုက်ရင် ရပါပြီ။ အသုံးဝင်တဲ့ App လေးမို့ တင်ပေးလိုက်ပါတယ်။ Android 2.2 နှင့်အထက်တွင်

အသုံးပြုနိုင်ပါတယ်။


မှတ်ချက် - နားကြပ်တပ်ထားမှသာ Around Sound က အလုပ် လုပ်ပါတယ်။ နားကြပ်တပ်မထားရင် အလုပ်မလုပ်ပါဘူး။ နားကြပ်မှာပါတဲ့ mic ပေါက်ကို အသုံးပြုပြီး Sound Meter က အသံများကို အာရုံခံခြင်းဖြစ်ပါတယ်။


Download Around Sound Pro 



*** Shopping List နဲ့ ဈေးဝယ်ထွက်မယ် ***


မကြာခဏ ဈေးဝယ်ထွက်နေရတဲ့သူတွေအတွက် အလွန် အသုံးဝယ်တဲ့ App လေးတစ်ခု ရှာဖွေရေး လုပ်ပေးလိုက်ပါတယ်။ ဈေးဝယ်တဲ့အခါ အိမ်မှာကတည်းက ၀ယ်ရမယ့် ပစ္စည်းစာရင်းတွေကို ..
မှတ်သားသွားမယ်ဆိုရင် ဈေးဝယ်တဲ့အခါ အချိန်ကုန်သက်သာစေပါတယ်။
ဒီအတွက် Shopping List app က ကူညီပါလိမ့်မယ်။ ပစ္စည်းစာရင်း ..
အရေအတွက်၊ ဘယ်မှာဝယ်ခဲ့သလဲ .. စတာတွေကို မှတ်သားပေးပါမယ်။
အရင်ဆုံး Shopping List ကို အသုံးပြုရာတွင် မြန်မာစာ အဆင်ပြေဖို့အတွက် Shopping List ရဲ့ setting ထဲကိုသွားပြီး Font နေရာမှာ System default font ကို ရွေးပေးရပါမယ်။ ဒါမှ မြန်မာလို မြင်နိုင် ရေးနိုင်မယ်။ Font size ကိုလဲ ကိုယ် လိုသလို ရွေးချယ်နိုင်ပါတယ်။ အသုံးပြုပုံက ရှင်းပါတယ်။

ပထမဆုံး မြင်ရမှာကတော့ Main Title ဖြစ်ပါတယ်။ ပုံ(၁)မှာ ပြထားသလိုပါပဲ။ သွားဝယ်မယ့် ဆိုင်တွေကို ရေးမှတ်နိုင်ပါတယ်။ မှတ်သားပြီးရင် Main Title အောက်မှာ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းစာရင်းကို မှတ်သားနိုင်မှာဖြစ်ပါတယ်။ ဥပမာ “ စိန်ဂေဟာမှာ ၀ယ်ရန်” ဆိုတဲ့အောက်မှာ ပုံ(၂)လို ရေးမှတ်နိုင်ပါတယ်။
မှတ်သားထားသော ပစ္စည်းအမျိုးအမည်ကို ၀ယ်ပြီးတဲ့အခါ ထိုနာမည်အပေါ်တွင် ကြာကြာဖိလိုက်တာနဲ့ မျဉ်းကြောင်းခြစ်ပေးပါမယ်။ ၀ယ်ပြီးသွားပြီဆိုတဲ့သဘောပေါ့။ အပေါ်က shopping ခြင်းလေးကလဲ ဘယ်နှစ်ခု ၀ယ်ပြီးပြီဆိုတာ ပြသပေးပါတယ်။
တကယ်အသုံးဝင်တယ်နော်။ ဈေးဝယ်ထွက်တဲ့အခါ လိုချင်တဲ့ပစ္စည်း ၀ယ်ဖို့ရာ သတိမေ့မှာ ပူစရာမလိုတော့ဘူး။ Shopping List ကိုကြည့်ပြီး တစ်ခုချင်း စတိုင်ကျကျ ၀ယ်သွားရုံပါပဲ။ အားလုံး သဘောကျမယ်လို့ မျှော်လင့်ပါတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။


Download Here 

*** Viber ကို Password ခံပြီး အသုံးပြုနိုင်ပါပြီ ***

Viber Lock
*******
Viber Lock ကတော့ Viber ကို တစ်ခြားသူ ဖွင့်ကြည့်လို့မရအောင်
Lock ချထားပေးမယ့် App ဖြစ်ပါတယ်။ Viber မှာ Password ထည့်ဖို့
မပါဘူးလေ။ ဒီတော့ ကိုယ့် Viber account ကို တစ်ခြားသူတွေ ..
ဖွင့်မကြည့်နိုင်အောင် Lock ချထားလို့ ရပါပြီ။ မိုက်တယ်နော်။
Lock အနေနဲ့ Pattern Lock နဲ့ Number Lock နှစ်မျိုး အသုံးပြုနိုင်တယ်။
အသုံးပြုပုံကတော့ Viber Lock မှာ အရင်ဆုံး Lock တစ်မျိုးကိုရွေးပြီး ..
လျှို့ဝှက် Lock ကို သတ်မှတ်လိုက်ပါ။ ပြီးရင် Status ကို On လိုက်ပါ။
Viber ကို ဖွင့်ကြည့်လိုက်ပါ။ ချက်ခြင်းမပွင့်တော့ဘူး။ Password တောင်းပြီ။
ဒါဆိုရင် တစ်ခြားသူတွေ ကိုယ့်ဖုန်းကို ကလိနေတဲ့အခါ Viber ကို မဖွင့်နိုင်တော့ပါဘူး။

Viber ကို ပြန်အသုံးပြုချင်တယ်ဆိုရင် Pattern (သို့) Number Password ကို ရိုက်ပြီး ဖွင့်လိုက်တာနဲ့ Viber ကို ချက်ခြင်းမပွင့်ပါဘူး။ Viber Lock ကိုပဲ
ပြန်ဖွင့်ပေးပါမယ်။ Status ကို OFF ပြန်လုပ်လိုက်ပါ။ ဒါဆို Viber ကို ဖွင့်လို့ရပါပြီ။ Viber ကို Password သုံးပြီး အဖွင့်အပိတ်လုပ်နိုင်အောင် ကူညီပေးမယ့် App တစ်ခုဖြစ်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

Download (Dropbox)



PhoneSpy For Android

ဘော်ဒါ ဖုန်းအနားမှာ မရှိတဲ့အချိန် ဘော်ဒါရဲ့ ဖုန်းကို ဘယ်သူတွေ ..
ဝင်ကလိသွားလဲဆိုတာ ဖော်ထုတ်ပေးမယ့် စုံထောင်ကြီး ဖြစ်ပါတယ်။
ဘယ်လိုဖော်ထုတ်ပေးမှာလဲဆိုတော့ ဖုန်းကိုင်လိုက်တဲ့သူရဲ့ ..
မျက်နှာကို ဓါတ်ပုံရိုက်ပေးမှာဖြစ်ပါတယ်။ PhoneSpy ရဲ့ service ကို
on လိုက်တာနဲ့ ဖုန်း lock ကျနေတဲ့အခါ ဖုန်းကို lock ပြန်ဖွင့်တဲ့သူရဲ့ ..
မျက်နှာကို front camera နဲ့ ဓါတ်ပုံရိုက်လိုက်ပါမယ်။ ဓါတ်ပုံရိုက်မှန်းလဲ
သိလိုက်မှာ မဟုတ်ပါဘူး။ ဓါတ်ပုံကို Gallery ထဲမှာ PhoneSpy ဆိုတဲ့
folder ထဲကနေ ပြန်ကြည့်နိုင်ပါတယ်။ ဓါတ်ပုံများကို တစ်ခါတည်း
ပြန်ဖျက်နိုင်တဲ့ function လဲပါဝင်တယ်။ ကိုယ်မရှိတဲ့အချိန် ဘယ်သူတွေ
ကိုယ့်ဖုန်းကို လာကိုင်သွားလဲ သိချင်ရင် PhoneSpy နဲ့သာ
ဖော်ထုတ်ပေတော့။ မိမိဖုန်းမှာ front camera ပါမှ အသုံးပြုနိုင်ပါမယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

ခံတပ်တွေကိုတိုက်ခိုက်ရတဲ့(Medieval v2.0)


ဟိုးဘက်ကခံတပ်နဲ့ဒီဘက်ကခံတပ်ကိုပစ်ခတ်ရတဲ့ဂိမ်းလေးပါ တိုက်ခိုက်လို့ရလာတဲ့
ပိုက်ဆံတွေကိုစုထားပြီး လက်နက်တွေကို Upgrade လုပ်လို့လဲရပါတယ်.....
လက်နက်တွေကိုအဆင့်တိုးသွားတာပေါ့ .... link ကတော့အောက်မှာနော် .....


 

Music player အတွက် Zplayer (v 3.9 )

ကဲ android အတွက် ထွက်တဲ့ music player တွေကလည်း များမှများပဲနော်။ အဲဒီအထဲကမှ အသုံးပြုတဲ့ user နဲ့ ကိုက်ညီတဲ့ 
application ကနာမည်ရသွားကြတာပါပဲဗျာ။ အခုလည်း music player တစ်ခုနဲ့ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်
လေးက music player ဖြစ်တဲ့အတွက် အားလုံးသိကြတဲ့အတိုင်း equlizer နဲ့ plyer မှာ ရှိသင့်တဲ့ feature တွေလည်း ရှိပါတယ်။ 
ပြီးတော့ window phone နဲ့ Zune themed တို့မှာပဲ သူ့ကိုအသုံးပြုကြတာဖြစ်ပြီး အခုမှ android OS အတွက် ထုတ်လုပ်လိုက်
ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကောင်လေးကို အသုံးပြုဖို့အတွက် 2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။

 
 

Keyboard Pro Crack Version ( Android Application )

Frozen Zawgyi KeyPro Crack Version 
ဘယ်တော့မှ experia date မဖြစ်တော့ဘူး
လိုချင်ရင် အောက်မှာ ဒေါင်းလိုက် . .  :)

Thursday, August 29, 2013

မြန်မာလူမျိုးတိုင်းသိထားသင့်တဲ့စကားပုံများ (For Android)





မြန်မာစကားပုံများကိုလေ့လာ လိုက်စားချင်သူများ အသုံးပြုသင့်သော အသုံးချ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။
 မြန်မာလိုရောအင်္ဂလိပ်လိုပါ ဖေါ်ပြထားတဲ့အတွက်ကြောင့် ဗဟုသုတလည်းရ အင်္ဂလိပ်စာလည်း တိုးတက်
 စေမဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်ခင်ဗျာ။  မြန်မာ အက္ခရာစဉ်လိုက် ဖော်ပြထားသောကြောင့် ရှာဖွေရတာ
လွယ်ကူပြီး လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Andrioid version 2.2 နှင့်အထက်မှာ အသုံးပြုနိုင်ပါ
တယ်။ အားလုံးပဲအဆင်ပြေပါစေဗျာ။


ANDROID ဖုန်းတွေပေါ်မှာရေဒီယို နားထောင်လို့ ရမယ့် APK

ANDROID ဖုန်းတွေပေါ်မှာရေဒီယို နားထောင်လို့ ရမယ့် APK လေးပါခင်ဗျာ။ CHANEL ပေါင်းသေသေချာချာရေထားနော်ေိေိ။(၅၀၀၀၀)ကျော်နော်ေိေိ ကိုတိုက်ရိုက်ဖမ်းယူနားဆင်လို့ ရမယ် ကောင်လေးဖြစ်ပါတယ်။
ANDROID VERSION 2.2 UP အထက်မှာနားဆင်လို့ ရပြီး။ဖိုင်ဆိုဒ်ကတော့ 28 MB ပဲရှိပါတယ်။
အားလုံးပဲနားဆင်ချင်တယ်ဆိုရင်တော့ အောက်မှာယူလိုက်ပါနော်။

ဒါကတော့  SCREENSHOOT ပါခင်ဗျာ။
 
 
လုံဝအလန်းဇယားလေးမို့ အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ။

@ ကြက်မောက်သီး၏အစွမ်း @@



ကြက်မောက်သီး အစွမ်း
၁။ သွေးချို၊ ကင်ဆာ၊ ကျောက်ကပ်၊ အဆုတ် တို့ ဆက်စပ် ရောဂါ၊ သွေးပေါင် ချိန်တက်ခြင်းတို့ကို ကုသပေးနိုင်တဲ့ အသီး တစ်မျိုး ဖြစပါတယ်။
၂။ ကြက်မောက်သီးဟာ ဗီတာမင် စီ ဓာတ် ကြွယ်ဝတဲ့အတွက် သံဓာတ်၊ ကော့ပါးဓာတ် ဆုပ်ယူနိုင်မှု အားကောင်းတဲ့အတွက် သံဓာတ်ဖြည့် အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။
၃။ ကော့ပါးဓာတ် အတော်အသင့် ပါဝင်တာမို့ သွေးဖြူဥ၊ သွေးနီဥ တိုးပွား စေပြီး သွေးအားလည်း ကောင်းမွန် စေပါတယ်။
၎။ ကြက်မောက်သီးဟာ ကယ်လိုရီဓာတ် နည်းပါးပြီး ဖိုက်ဘာဓာတ် များ၃ တဲ့အတွက် ဝိတ်ချဖို့အတွက် မှီဝဲသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။
ကြက်မောက်သီးဟာ အင်ဒိုနီးရှားနိုင်ငံမှာ စပေါ်ပြီး အာရှတိုက်သို့ ပြန့်နှံ့ ပါတယ်။ ယခုတော့ အမေရိက တိုက်အထိ ရောက်ရှိသွားပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေတဲ့ အသီးတစ်မျိုးအဖြစ် သတ်မှတ်ထားကြကြောင်း သိရပါတယ်။
.
Ref: medic facts

ကဗျာလေးပါ။


အပြင်မှာတကယ်မတွေ့ရပေမယ့်
ရင်ထဲမှာတကယ်ချစ်နေတာပါ
ချစ်တာမကြာသေးပေမယ့်
မေ့မယ်ခဏလေးတော့မထင်လိုက်ပါနဲ့
နေရာတွေခြားနေလို့
လာမရဖြစ်နေပေမယ့်
ထာဝရချစ်နေမှာပါ

ကျေးဇူးတင်ပါတယ်ခင်ဗျား
ရဲထက်။

မိုနာလီဇာအပြုံး

သူငယ်ချင်းတို့ရေ “မိုနာလီဇာ” ရဲ့ အပြုံး ဘာကြောင့် ကမ္ဘာကျော်လဲ သိလား။
ဒီလိုကြောင့်ပေါ့။ မိုနာလီဇာ တစ်ခုခုကို မြင်ပြီး သဘောတကျ ပြုံးဖြစ်သွားလို့ပေါ့။
ပျော်ရွှင်နိုင်ကြပါစေ။
ရဲထက်

Angry Birds 3.2.0 APK Unlimited Everything For Android








Angry Birds ချစ်သူများအတွက် Angry Birds 3.2.0 APK နောက်ဆုံးထွက် Version ကိုတင်ပေးလိုက်ပါတယ် ဗျာ။ Apk ဆိုတော့ Android Phone အတွက်သီးသန့်ပါဘဲနော်။ အခုတင်ပေးလိုက်တာလေးကတော့ Hack ထားပြီးသား Game လေးဖြစ်ပါတယ်ဗျာ။ အဆင့်အားလုံးကို Hack ထားပြီးသားဆိုတော့ အေးအေးဆေးဆေး ကစားချင်တဲ့အဆင့်ကို တန်းပြီးကစားရုံပါဘဲ။ Unlimited ပေါ့ဗျာ။ အခု Game ကိုကစားဖို့အတွက် Android OS 2.3.1 နှင့်အထက်ရှိထားဖို့လိုအပ်ပါတယ်ဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


သင့် Laptop ကို ကြင်နာပါ


 လက်ပ်တော့အသစ်ကလေးတစ်လုံး စ ကိုင်ကိုင်ချင်းမှာတော့ သူ့ကိုချက်ချင်းပြုပြင်ထိမ်းသိမ်းရလိမ့်မယ်လို့ ဘယ်သူမှတွေးမိကြမယ်မဟုတ်ပါဘူး။  ဒါပေမဲ့ မကြာခဏဆိုသလို သတိလက်လွတ်ပြုမူမှူတွေကြောင့် ဆိုင်ကိုပို့ရတဲ့ အဖြစ်တွေရှိခဲ့ပါတယ်။ ဒါကြောင့် ရိုးရှင်းလွယ်ကူတဲ့ အကြံဥာဏ်တစ်ချို့ပေးပါရစေ....။ (မူရင်းက ဟာသလေးစွက်ထားတာမို့  အာဘော်မပျက်အောင် ပြန်ရေးထားပါတယ်)....

မူးရင် မမောင်းနဲ့၊ သောက်ရင် မသုံးနဲ့
လက်ပ်တော့တွေရဲ့ အနားစွန်းတွေမှာ အအေးခွက်ထည့်ဖို့ နေရာတွေတပ်ဆင်မထားပါဘူး။  အကြောင်းကတော့ Notebook ပီစီနဲ့ အရည်ဟာ ထိတွေ့ရောစပ်လို့ မရလို့ပါ။ ပီစီပြင်ဆိုင်တွေကို လာလာပြင်ကြတဲ့ နံပါတ်တစ် အကြောင်းရင်းကတော့ ကီးဘုတ်ပေါ်မှောက်ကျတဲ့ အရည် တွေကြောင့်ပါဘဲ....။

ကောင်းကောင်းပိတ်ပါ
ကွန်ပြူတာအစွန်းတွေကို လက်နှစ်ဖက်နဲ့ထိန်းပြီးပိတ်ပါ။ အလည်ကနေ လက်တစ်ဖက်တည်းနဲ့ ပိတ်ချပစ်တာမျိုး ရှောင်ကျဉ်ပါ။ မပိတ်ခင်မှာလည်း ကီးဘုတ်ပေါ်မှာ့ USB Stick  လိုမျိုး တခြားသေးသေးမွှားမွှားကအစ ရှိမရှိ စစ်ပါ။ LCD စခရင် အက်ကွဲတတ်ပါတယ်။

ညစ်ပတ်နေသော မျက်နှာ
စခရင်တွေကို သန့်စင်ဖို့အတွက် မှန်သုတ်ဆေး ( window cleaner) ကို မသုံးပါနဲ့....... ပိုလို့ မှုန်ဝါးဝါးဖြစ်သွားပါလိမ့်မယ်။  အကောင်းဆုံးကတော့ တီဗီဖန်သားပြင်ဆေးတဲ့ စပရေးလိုမျိုးကို ကွန်ပျူတာပစ္စည်းရောင်းတဲ့ စတိုးဆိုင်တွေမှာ ရနိုင်ပါတယ်။

နည်းမှန်လမ်းမှန် ရွှေ့ပါ
ကိုယ့် notebook ကို နေရာရွှေ့တော့မယ်ဆိုရင် အောင်ခြေကို လက်နှစ်ဖက်နဲ့ အသာအယာ မ ပြီးရွှေ့ပါ။  ဖွင့်ထားတဲ့ မော်နီတာကို လက်နဲ့ ဆွဲပြီးယူတာမျိုးဟာ လက်မဖိအားကြောင့် စခရင်ကို ထိခိုက်စေနိုင်သလို အထဲကပစ္စည်းအစိတ်အပိုင်းတွေကိုလည်း ချောင်ထွက်စေတတ်ပါတယ်။  ကြမ်းကြမ်းတမ်းတမ်း မချမိပါစေနဲ့။ အဲဒီလိုလုပ်လို့  Hard Disk တွေ မကြာခဏပြန်လဲရတတ်ပါတယ်။

လေကောင်းလေသန့်
အို - တကယ်ဘဲလိုအပ်ပါတယ်။  လေ၀င်လေထွက်ကောင်းဖို့ အမြဲဂရုစိုက်ပါ။  ဒါမှလည်း အပူချိန်ကို လျှော့ချနိုင်ပါလိမ့်မယ်။  အပူထွက်အောင် စက်အောက်မှာ တစ်ဆင်မြှင့်တဲ့ အခံကရိယာတွေကိုလည်း သုံးနိုင်ပါတယ်။ ( မာကျောတဲ့ မျက်နှာပြင်မှာ ထားပြီးသုံးပါ။ ဆိုဖာတို့ ခေါင်းအုံးတို့ပေါ်မှာ မသုံးပါနဲ့  ၊ အပူလွန်ပြီး မီးထလောင်တာမျိုးတောင်ရှိပါတယ်- စကားချပ်)။  လက်ပ်တော့တွေကို အိတ်ထဲမှာ ကလေးပုခက်လိုထည့်ပြီး မသုံးမိပါစေနဲ့။

ကြိုးတွေကို ဂရုစိုက်

လက်ပ်တော့ ကိုဆက်သွယ်ထားတဲ့ ကြိုးတွေရဲ့ ပလပ်ခေါင်းတွေဟာ အမှူမဲ့အမှတ်မဲ့ထားတတ်လို့  အလွယ်တကူကျိုးပဲ့ပျက်စီး တတ်ပါတယ်။  မသုံးတဲ့အချိန်မှာ ခေါင်းကနေ သေသေချာချာ ကိုင်ဖြုတ်ပြီး သိမ်းပါ။ ခပ်ဝေးဝေးကနေ ဆွဲပြီးဖြုတ်တာမျိုး မလုပ်သင့်ပါဘူး။ ကြိုးတွေကို အင်္ဂလိပ်အက္ခရာ "8" ပုံစံခွေပြီး ပတ်သိမ်းထားပါ။ ကြိုးတွေကို သိမ်းတဲ့အခါ အရမ်းတင်းတင်းကျပ်ကျပ်ကြီး မရစ်ပတ်ပါနဲ့....။

ရိုးစင်းတဲ့ အခြေခံအချက်အလက်ကလေးများကို လိုက်နာခြင်းဖြင့် ကြာရှည်ခံသော လက်ပ်တော့လေးတစ်လုံးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် :-)

ဘိလိယက်ဝါသနာရှင်တွေအတွက် Pool Break Pro 2.3 Apk




Android phone ပိုင်ရှင်သူငယ်ချင်းတို့အတွက် အပျင်းပြေ ဘိလိယက်ထိုးလို့ရအောင် တင်ပေးလိုက်ပါတယ်ဗျာ။ ဒီ game လေးကိုမကစားဖူးကြပေးမဲ့လည်း
သူနဲ့ဆင်တူတဲ့ ဒီလို game လေးတွေကိုတော့ ကစားဖူးကြမှာပါ။ ဒီ game လေးကလည်းအရင် game တွေနဲ့ ခပ်ဆင်ဆင်ပဲလေ။ ဒီ game လေးမှာ ကစားလို့ရတဲ့
အမျိုးအစားတွေကတော့  US 8-Ball Pool ,UK 8-Ball Pool ,9-Ball Pool ,One Pocket Pool , Straight or 14.1 Continuous Pool ,Carom (or 3-cushion) Billiards,
Pool Drills, Place-n-Shoot Pool , Regular Snooker ,Snooker 6-Reds , Snooker 10-Reds , Carrom (three board styles) , Crokinole board game တွေပါပဲဗျာ။
ကစားနည်းတော်တော်စုံလို့လဲ ကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ ဒီ game လေးကို ကစားချင်ရင်တော့ andorid version 2.2 နဲ့အထက်မှာ ကစားနိုင်ပါတယ်ဗျာ။ 
 

 


 
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
 

စက်ရုပ်ဖုံးတွေ မှာ ကိုယ်ပွားလေးတွေဖန်တီးပေးမယ့် app တစ်ခု


ဒီ app လေးက အရမ်းမိုက်တယ်ဗျာ computer မှာ photoshop နဲ့ အလုပ်ရှုပ်စေနိုင်မယ့်
ပုံလေးတွေကို အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ် ကိုယ်ပွားပုံတွေကို ဖန်တီးချင်သူတွေ
အတွက် လုံးဝအကြိုက်တွေ့မှာပါ background ကတော့ အမျိုးမျိုးပြောင်းမရပါဘူး
background တစ်နေရာထဲမှာ ပုံစံမျိုးစုံရိုက်ပြီး ပေါင်းစပ်နိုင်တယ်လို့ အလွယ်ပြော
လို့ရပါတယ်။ ကြည့်လိုက်အုံးနော် ကြိုက်ရင်ဒေါင်း
ဖိုင်ဆိုဒ်တော့များတယ် 40MB တောင်နော်
 

G610C ကို အမြစ်တူးကြရအောင်


G610 ရိုးရိုးကတော့ Vroot နဲ့ထိုးရင် ရပါတယ်.....
G610C ကတော့ Vroot နဲ့ထိုးရင်တန်းမရပါဘူး........
ဒီအချက်လေးတွေအရင်လုပ်ရပါတယ်.......
ပထမဦးဆုံး
*#*#2846579#*#*
လို့ဖုန်း diapad မှာရိုက်ထည့်ပါ....
ပြီးရင်တော့
Project menu>Backgroud setting>log setting>log switch>log on>comfirm
လုပ်ပါ.....
လုပ်ပြီးရင့်တော fast boot ကို off ပြီး usb debugging ကို on ပါ....
အားလုံးလုပ်ပြီးရင်တော ထုံးစံအတိုင်း vroot ကိုဖွင့်ပြီးလုပ်ပါ ထိုးလိုက်တော့ ဗျာ
restart ကျပြီးပြန်တက်လာရင် root ရပါပြီ.........
ရသွားရင်Project menu>Backgroud setting>log setting>log switch>log off>comfirm
ပြန်လုပ်ပါ.......
vroot 1.5.2 မရှိရင်တော့ ဒီမှာဒေါင်းလိုက်ပါ။ ဒါပေမယ့် V Root 1.6.0 update ထွက်လို့တင်ထားပါသေးတယ်။အဲဒိကောင်နဲ့လည်းအဆင်ပြေပါတယ်။
မြန်မာဖောင့်ကိုတော့ smart zawgyi fonts လေးထည့်မှာဖြစ်လို့ဒီမှာ
ယူပြီးသွင်းပါ.........

ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ............
အားလုံးအဆင်ပြေမှာပါ.........ကျွန်တော်စမ်းသပ်တာerror လုံးဝမရှိပါ.....

အဆင်မပြေမှုများရှိပါက comment များထားခဲ့နိုင်ပါတယ်..................

ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်




အောင်မြင်ကြီးပွားလိုသူတိုင်းအတွက် လက်စွဲကိုင်သင့်တဲ့ စာရေးဆရာဖေမြင့်ရဲ့ ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်လေးပါ 
ဖုန်းနဲ့ဖတ်လို့လည်းအဆင်ပြေပါတယ်


Supper User လှလှလေးနဲ့ Root ဖောက်ရအောင်

 Y300, G510, C8813, C8813D  စတဲ့ ဖုန်းတွေကို code မတောင်းချင်သူများ တောင်းရတာအဆင်မပြေသူများအတွက်  နည်းလမ်းလေးပါ(vroot နဲ့ဖောက်ရင် super user တရုတ်လိုပေါ်တာကို မကြိုက်ရင်ဒီနည်းလေးကိုသုံးပါလုံးဝအဆင်ပြေပါတယ်......super user လှလှလေးenglish version လေးကိုမြင်ရတာပေါ့)........(99% error မရှိ)

1.Root လုပ်ချင်သူများအရင်ဆုံးဒီဟာလေး ကိုယူလိုက်ပါနော် 
2. ယူပြီးရင် ဖုန်းထဲမှSD CARD အား format ရိုက်ပါ......မရိုက်ချင်လျှင် ကဒ်အသစ်ဖြစ်ဖြစ်သုံးပါ......
3.ခုနကဒေါင်းထားတဲ့ဟာလေးကို ဇစ်ဖြည်ပါ........ဖြည်ပြီးရင်.......dload folder လေးကို ကဒ်ထဲထည့်ပါ....
4. ပြီးရင်ဖုန်းကိုပါဝါပိတ်ပါ.....ဘက်ထရီကို၅စက္ကန့်လောက်ဖြုတ်ပါ....
5.ပြန်တပ်ပြီး Power+Volume up+ Volume down (3)လုံးပြိုင်တူနှိပ်ပါ...
6. သူ့ဘာသာupdate လုပ်သွားပါလိမ့်မယ်.......(မှတ်ချက်။ မလုပ်လျှင် မိမိ၏ SD ကဒ်အားတခြားကဒ်ဖြင့်ပြောင်းလုပ်ပါ...... ကဒ်မကောင်းလျှင်မရပါ.........)
7.ဖုန်းပါဝါပြန်တပ်လာလျှင် setting ထဲမှ usb debugging ကို on ပါ.........
8. Security က Unknown Sources ကို အမှန်ခြစ်ပါ....
 9. အားလုံးပြီးရင် root လုပ်ရန်အတွက် ဒါလေး ကိုဒေါင်းလိုက်ပါနော်။.(ဒါလေးဆိုတာ unlock root3.1 ပါရှိရင်တော့မဒေါင်းနဲ့ပေါ့)
10.ရပြီဆိုရင် ဖုန်းကိုပါဝါဖွင့်လျှက်ကွန်ပျူတာချိတ်ပါ.......
11.ခုနကဒေါင်းထားတဲ့ဆော့ဝဲလေးကို ဖွင့်ပါ.......
12. Root ဆိုတာနှိပ်ပါ...........
13.ကွန်ပျူတာမှ Driver သိလျှင်သိကြောင်း box ကလေးတက်လာရင်နှိပ်လိုက်ပါ....(မသိလျှင်တော့ သွင်းလိုက်ပါ......driver မရှိလျှင် ဝေးဝေးမရှာပါနဲ့ ဖုန်းကိုကွန်ပျူတာချိတ်လိုက်လျှင် အထဲက folder မှာပါပါတယ်.......)
14. Battery Saver software သွင်းမလားမေးရင်လည်း yes သာနှိပ်ပါ...
15. Restart ကျသွားပြန်တက်လာရင် super su လေးတက်လာပါပြီ.....
16.ဖုန်းအမျိုးအစားပေါ်မူတည်၍ super su ကပုံစံပြောင်းတတ်တယ်........(စက်ရုပ်ပုံ၊ စူပါမင်းပုံအမျိုးမျိုးပေါ့)
17. ကဲဒီအဆင့်တွေပြီးရင်တော့ root အောင်မြင်သွားပါပြီ.......
မိုဘိုင်းလောကမှညီအစ်ကိုများအားလုံးကို credit ပေးပါတယ်................ 
အဆင်ပြေကြပါစေ။
ဆက်လက်ကြိုးစားလျက်ပါ။
ရဲထက်(Wavemobilespecialservices.blogspot.com)

မိမိတို့ ရဲ့  desktop ; latop ကနေ tv channels 3000 ကျော်ကိုကြည့် မယ်


 မိမိတို့ ရဲ့  desktop ; latop ကနေ  tv channels 3000ကကျော်ကိုကြည့် လို့ ရပါပြီ။များပြလှတဲ့ နိုင်ငံပေါင်း 146 နိုင်ငံက  tv ရုပ်သံလိုင်းတွေကို အဆက်မပြတ်ကြည့် ရှူ့ နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။သူ့ ကိုအသုံးပြုမယ်ဆိုရင်တော့  Windows XP / Vista / 7 / 8 တွေမှာ  အသုံးပြုလို့ ရပါတယ်ခင်ဗျာ။အသုံးပြုရတာလည်းလွယ်ကူတာမို့ 
လိုချင်ရင်တော့ အောက်မှာဒေါင်းလုပ်ယူလိုက်ကြပါခင်ဗျာ။

City FM / Shwe Nay Chi အင်တာနက်ရေဒီယိုကိုဖမ်းယူနားဆင်နိုင်မဲ့ SNC RADIO (For Android)




Shwe Nay Chi ဖြစ်အသစ်ထွက်ရှိလာတဲ့ Radio App လေးပါ City FM ကိုနားဆင်နိုင်မဲ့အပြင်
Shwe Nay Chiအင်တာနက်ရေဒီယိုကိုလဲဖမ်းယူနားဆင်နိုင်မှာဖြစ်ပါတယ်နော်အတင်းအချက်
အလက်များကိုပါရရှိနိုင်မဲ့အပြင် တေးသီချင်း  ဖျော်ဖြေမှူ့များလည်း နားဆင်နိုင်မှာဖြစ်ပါတယ်
ကြိုက်တဲ့သူငယ်ချင်းတွေအောက်ကပုံလေးတွေကိုရှူ့စားပြီးဒေါင်းလိုက်ပေတော့…
 
 Apk လေးကိုအောက်လင့်ကဒေါင်းလိုက်ပါနော်
 
 

 


 


 

 

မိမိတို့ ကွန်ပြူတာမှာ USB အသုံးပြုခွင့်ကို ပိတ်ထားချင်ရင်





အကြောင်းကြောင်းကြောင့် USB Drives အသုံးပြုခွင့်ကို ပိတ်ထားချင်တယ်ဆို
 
ရင် အောက်ပါအတိုင်း ပိတ်ထားလို့ရပါတယ်...။

Start  > Run  ကိုခေါ်ပါ win+r ကိုကလစ်ခေါ်နိုင်ပါတယ်..အဲမှာ
 
Regedit ရေးထည့်ပြီး Enter ခေါက်ပါ ..
. Registry Editor Box ပေါ်လာရင် .. ဒီအဆင့်တွေအတိုင်း သွားပါ...HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR

USBSTOR ကို Click ပါ .. ညာဘက်မှာ Start ဆိုတာကို ရှာပါ...  တွေ့ရင် Double Click ပြီး
Value Data  မှာ  (3) ကို (4) Change ပေးလိုက်ပါ ...ဒါဆိုရင် မိမိ ကွန်ပြူတာမှာ USB
 
အသုံးပြုခွင့်ကို ပိတ်ထားလိုက်ပါပြီ... 

ပန်လည် အသုံးပြုလိုတယ်ဆိုရင်တော့ စောစောကအတိုင်း ပြန်ဝင်ပြီး USBSTOR  က Start
မှာ (4) ကို (3) ပြန် Change ပေးလိုက်ပါ...။

အားလုံးအဆင်ပြေကြပါစေ....

android ဖုန်းသုံးတဲ့ သူများဆောင်ထားသင့် တဲ့  multi mount ad-card


android ဖုန်းသုံးတဲ့ သူများဆောင်ထားသင့် တဲ့  multi mount ad-card လေးပါ။android version 1.5 နှင့် အထက်မှာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။ဖိုင်ဆိုဒ်ကတော့  1mb တောင်မပြည့် ပါဘူးခင်ဗျာ။
ဒီကောင်လေးကိုအသုံးပြုမယ်ဆိုရင်တော့ root acess ရှိဖို့ လိုပါတယ်။
ဒါကတော့  screenshoot ပါ
 

Africa 3D Pro Live Wallpaper v1.0 (17MB)











အာဖရိကတောထဲက အကောင့်ပေါင်းစုံကိုမြင်ချင်တယ်ဆို၇င် 
Africa 3D Pro Live Wallpaper လေးကို အသုံးပြုလိုက်ပါ 
တောတွင်းတိရိစ္ဆာန် ပေါင်းစုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်
မိမိဖုန်းမှာ ထည့်သွင်းမယ်ဆို အောက်မှာရယူနိုင်ပါတယ် 







Twitter Bird Gadget