Friday, March 28, 2014
Huawei Y535-C00 version 4.3 ကို Root လုပ်စရာမလိုပဲ myanmar font သွင်းကြမယ်။
Huawei Y535-C00 ကို Root လုပ်စရာမလိုပဲနဲ့ Myanmar Font ကို
နေရာအစုံမှာ မြင်ရအောင် သွင်းလို့ရမဲ့ .bat file လေးတစ်ခု ဝေမျှပေးလိုက်ပါတယ်။
တော်တော်ခေါင်းစားခဲ့ရတဲ့ Y535-C00 လေးပါ။
ခုတော့ Developer တစ်ဦးရဲ့ .bat file လေးကြောင့် မြန်မာစာလေး မြင်ခဲ့ရပါပြီ။
ကျတော် Developer name ကိုတော့သေချာ မသိတော့လို့ သက်ဆိုင်သူ အားလုံးကို
credit ပေးပါတယ်။
လုပ်ရတာလဲ မခက်ပါဘူး ... Phone ကို Debugging mode on ပြီး PC နဲ့ connect
လုပ်ပေးပြီး .bat file လေး ဖွင့်လိုက်တာနဲ့ သူ့ပါသာ အလုပ်လုပ်ပေးသွားပါတယ်။
Reboot ကျပြီးပြန်တက်လာရင်တော့ Myanmar Font ရရှိပါပြီ။
Keyboard ပါမလာရင် နှစ်သက်ရာ Keyboard ထည့်ပြီး အသုံးပြုနိုင်ပါပြီ။
လိုအပ်ရင်တော့ အောက်ကလင့်ကနေ ၀င်ယူလိုက်ပါ။
ဒီမှာဒေါင်းလိုက်နော်...............
ခေါင်းစားခြင်းရန်မှကင်းဝေးကြပါစေ။
ရဲထက်
မှတ်ထားလိုက်အုံးနော်
ဖုန်းမှာ *124# လို့ရိုက်ထည့်လိုက်မယ်ဆိုရင် သင့်ဖုန်းဘေလ် လက်ကျန်ကို စစ်ဆေးတာ အားလုံးသိကြမယ်လို့ ထင်ပါတယ်။
*888# ဆိုတဲ့ Code လေးကတော့ သင့်ဖုန်းနံပါတ်ကို ပြန်စစ်ပေးမှာပါ။
Country Code ပါဖော်ပြပေးပါတယ်။
မသိသေးတဲ့သူတွေ စမ်းလုပ်ကြည့်ပါဦးနော် ...............
Credit ==> Ooredoo Myanmar
အဆင်ပြေကြပါစေ။
Thursday, March 27, 2014
Huawei Y535-C00 Root
ဒေါင်းလို့ ရလာတဲ့ zip ထဲ မှာ ပါ တဲ့ Y535.bat ကို ဖွင့် လိုက်ပါ ။ ပြီး ရင် fastboot ခေါ် ပြီးကြိုးထိုးရင်ထိုး မထိုးချင်ရင် လဲ usb debug on ပြီး ကြိုးထိုး ထားပါ ။fastboot မခေါ် ရသေးရင် 1 နိုပ်ပြီး Enter ခေါက်ပါ ။ ခေါ် ပြီးသား ဆို ၂နိုပ် ပြီး Enter ခေါက် ပါ ။ပြီး ရင် Vroot နဲ့ ဖောက်လိုက်ပါ ။
 အောက်မှာဒေါင်းလိုက်တော့ဗျာ။
 အဆင်ပြေပါစေ .....
ဒီမှာဒေါင်းလိုက်နော်.................
Wednesday, March 26, 2014
Y535-C00 B131 Firmware !
အသစ်ထွက်ရှိလာတဲ့ ” Huawei ” ” Y535-C00 ” ရဲ့ 
Firmware လေးအသစ်ထွက်ရှိလာတော့ အားလုံးလည်းဒေါင်းချင်မှာပေါ့ဗျာ..
သူ့ တရုတ်ဆိုက်က ဒေါင်းလို့  အဆင်မပြေတဲ့ဘော်ဒါများ အတွက်
Pcloud ကနေ ပြန်တင်ပေးလိုက်ပါတယ်ဗျာ….
ဒေါင်းလိုက်ပါအုန်းလို့ 
Downlaod Here
အဆင်ပြေကြပါစေ။
Monday, March 24, 2014
Huawei Y325 Firmware တင်နည်း
ကျွန်တော်အရမ်းကိုခေါင်းစားတိုင်ပတ်ခဲ့တဲ့ HUAWEI Y325 Firmwareတင်နည်းလေးကိုကျွန်တော်လိုတိုင်ပတ်ကြမှာဆိုးလို့ သူငယ်ချင်းများအားလုံးကို
 ပြန်လည်ဝေမျှပေးလိုက်ပါတယ် HUAWEI Y325 Firmware က update zip ဖြင့်ထွက်ရှိလာတဲ့အတွက် recovery ကတင်ရတာဖြစ်ပါတယ်ဒါပေမဲ့ recovery ကလုံးဝခေါ်မရခဲ့ပါဘူး ကျွန်တော် recovery ကိုကျွန်တော်သိသလောက်တတ်သလောက်အမျိုးမျိုးခေါ်ခဲ့ပါတယ်မရခဲ့ပါဘူး
ကျွန်တော်တစ်နေ့ လုံးကြိုးစားသမျှအရာမထင်ခဲ့ဘူးဗျ..နောက်နေ့ မနက်မှာတော့စဉ်းစားမိသလောက်
ထပ်ခေါ်နေရင်းတွေရှိခဲ့ရပါတယ်အဲ့ဒါကတော့...အရင်းဆုံး power key ကိုအချိန်၃စက္ကန့် လောက်ဖိပြီး volume + volume - ကိုတွဲဖိထားရမှာဖြစ်ပါတယ်အဲ့ဒါမှ recovery ကိုရောက်ပြီး မိမိတို့ လိုအပ်သော Firmware လေးကိုတင်နိုင်မှာဖြစ်ပါတယ်။
သိပြီးသားဆရာများရှိရင်လဲ ကျော်သွားပေးပါကျွန်တော်သိသလောက်တင်ပြပေးတာ
ပါ ကျွန်တော်ရဲ့သင်ဆရာမြင်ဆရာကြားဆရာများအားလုံးကိုအစဉ်လေးစားနေလျှက်ပါ...
ရဲထက် (www.wavemobilespecialservices.blogspot.com)
ဆော့ဝဲကောင်းလေးတစ်ခုနော်....ယူထားလိုက်ကြအုံး
ဖုန်းservice သမားတွေအတွက်ဆိုအသုံးတည့် software ကောင်းတစ်လက်ပေါ့...
Supported Flash, Unlock, Remove Screen Lock, Repair IMEI, NVM/EFS, Root etc for HTC, Samsung Android Smartphones ကျွန်တော့်အတွက်တော့အဖိုးမဖြတ်နိုင်တာမို့ 
နည်းပညာလေ့လာတဲ့သူငယ်ချင်းများအတွက်လဲအသုံးပြုနိုင်အောင်ဝေမျှလိုက်ရပါသည်
Win2K,WinXP,Win2003,Vista,Win7တွေမှာအသုံးပြုနိုင်မှာဖစ်ပြီး Products ဖစ်လို့ 
လဲအသုံးပြုရကျိုးနပ်မှာပါ လိုအပ်မယ်ဆိုရင်တော့ အောက်မှာဒေါင်းယူလိုက်ပါ..
YE HTET ဆိုတဲ့စာသားလေးကိုနှိပ်လိုက်ပါ။
ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။
သင်သိပြီးသော် ကျန်သူများအား ဆင့်ကာဆင့်ကာ သိစေလို၏
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
ရဲထက်(www.wavemobilespecialservices.blogspot.com)
Credit by MMSSG
Sunday, March 23, 2014
သင်္ကြန် Ringtone လေးနော်
ကဲကဲ သင်္ကြန်လဲတဖြည်းဖြည်းနီးလာပြီ Phone Ringtone ကိုတောင် သင်္ကြန်သီချင်းလေးလုပ်လိုက်ပြီး အားလုံးကိုလဲဝေမျှလိုက်ပါတယ် သီးချင်းလေးတွေကတော့ အဟောင်းလေးတွေရော အသစ်လေးတွေပါရောလုပ်ထားပါတယ်...
Android သူငယ်ချင်းအားလုံးအတွက် သင်္ကြန်Ringtone App လေးပါ...
အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ကြနော်။
YE HTET 
ရဲထက်ဆိုတဲ့စာသားလေးကို နှိပ်လိုက်ပါ။
ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေ။
iPhone မှာ Message ပို့တာမထွက်လို့ Message Center Code change ချင်သူများအတွက် ပြောင်းနည်း
iPhone မှာ Message ပို့တာမထွက်လို့ Message Center Code change ချင်သူများအတွက် Message Center ပြောင်းနည်းလေးပါ။
-ပထမဆုံးအနေနဲ့ ဖုန်းခေါ်တဲ့ Dial Mode ထဲကိုဝင်ပါ။ အခု ဖုန်းထဲမှာလက်ရှိလုပ်ထားတဲ့ Message Center*#5005*7672# ကိုရိုက်ပြီး Call ကိုနှိပ်ပါ။
-လက်ရှိဖုန်းထဲက Message Center number ပေါ်လာပါလိမ့်မယ်။
-အခုလက်ရှိ Mesage Center number နဲ့မရလို့ အသစ်ပြန်ထည့်ချင်တယ်ဆိုရင်တော့ *5005*7672*+(new message center number) ကိုရိုက်ပြီး Call ကိုနှိပ်ပါ။ ဥပမာ-*5005*7672*+9595930003# လို့ရိုက်ရမှာပါ။
-ဒါဆိုရင် Message Center number ကို အောင်မြင်စွာပြောင်းလဲပြီးပြီဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
ဖုန်းအချက်ပေးစနစ်.apk - 4 MB
Android Phone + Tablet တွေအတွက် မြန်မာမှု ပြုထားတဲ့
ဖုန်းအချက်ပေးစနစ် APK လေးကို ကိုကျော်မျိုးဝင်းမှ မြန်မာမှု
ထားပါတယ်။ဒီ APK လေးမှာ ဘာတွေ ပြုလုပ်လို့ ရလဲ ဆိုရင်တော့
ရွေ့လျားခြင်း ( ဖုန်းရွေ့သွားတာနဲ့ အသံထမြည်ခြင်း)
ထိကိုင်ခြင်း (ဖုန်းကိုင်လိုက်တာနဲ့ အသံထမြည်ခြင်း)
အားသွင်းကြိုးဖြုတ်ခြင်း (ဖုန်းကို အားသွင်းထားရင်းနဲ့ တစ်စုံတစ်ယောက်
က ကြိုးကို ဖြုတ်လိုက်ရင် အသံထမြည်ခြင်း)
ဖုန်းလော့ဖွင့်ခြင်း (ဖုန်းရဲ့ Home screen ကို ဖွင့်လိုက်တာနဲ့ အသံထမြည်
ခြင်း)
ဆူညံသံ ( အသံတွေ ကြားတာနဲ့ အသံထမြည်ခြင်း)
ကင်မရာ (ကင်မရာ ဆော့ဝဲလေးကို ဖွင့်လိုက်တာနဲ့ အသံထမြည်ခြင်း )
တို့ကို တစ်ခုခြင်းသို့မဟုတ် အကုန်လုံးကို Alarm ပေးထားလို့ ရပါတယ်။
ဥပမာ မိမိဖုန်းကို မိမိက အားသွင်းထားတယ် ဆိုပါစို့ တစ်စုံတစ်ယောက်က
ကြိုးကို ဖြုတ်လိုက်ရင် အလိုအလျောက် အသံထမြည်မှာ ဖြစ်ပါတယ်။ အဲဒီ
တော့ မိမိဖုန်းကို စိတ်ချလက်ချ အားသွင်းထားလို့ ရပါပြီ။ အသံထမြည်နေတဲ့
အချိန်မှာ အသံကို အတိုးအလျော့လုပ်လဲ အသံကတော့ မြည်မြဲအတိုင်း မြည်
နေမှာပါ မိမိက အဲဆော့ဝဲလေးကို သွားပိတ်မှ အသံက ပိတ်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ခု ဆူညံသံလေးကို ပေးထားမယ်ဆိုပါစို့.... မိမိက အိပ်နေရင်း နဲ့
ဆူညံသံလေးကို Alarm လေး ပေးထားလိုက်မယ်..... ဖုန်းက အိပ်နေရင်းနဲ့
အောက်ကို ကျသွားတာတို့ တစ်နေရာရာမှာ အထားမှားထား တာ ဆို့ပါစို့....
လေလေးကို ချွန်လိုက်တာနဲ့ ဖုန်းရှိတဲ့နေရာကို သိရမှာ ဖြစ်ပါတယ်..........အသုံး
တည့်တဲ့ ဆော့ဝဲလေး ဖြစ်တဲ့အတွက် Android Phone ကိုင်ဆောင်ထားသူတိုင်း
ရှိထားသင့်တဲ့ ဆော့ဝဲလေး ဖြစ်ပါတယ်
Android Version 2.2. အထက်မှာ အသုံးပြုလို့ ရပါတယ်. ဒီကောင်လေးကို အသုံး
ပြုဖို့အတွက် မိမိဖုန်းက မြန်မာဖောင့်ထည့်ထားရန် လိုအပ်ပါတယ်
အားလုံးအဆင်ပြေကြပါစေ။
EMMC အကြောင်းသိကောင်းစရာ
မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ဝေါဟာရကို တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့ Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။ EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။ EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။
EMMC Chip အသုံးပြု မိုဘိုင်း devices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမို များပြားလာမှာဖြစ်ပြီး Android, iPhone နဲ့ Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။
အားလုံးနားလည်သွားကြပြီလို့ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
Android Battery Virus အကြောင်းသိကောင်းစရာ
Android ဖုန်းအသုံးပြုနေသူများသို့ Android Battery Virus အကြောင်းအသိပေးပါရစေဖုန်းအတွင်း Internet အသုံးပြုခြင်း Buletooth များအသုံးပြုခြင်း တို့ကြောင့်အများဆုံး ၀င်ရောက်ပါတယ်..အဓိက ပြန့်နှံ့တာကတော့ အင်တာနက်ကနေဖြစ်ပါတယ် Android ဖုန်း အသုံးပြုနေသူ User များရဲ့ Android Battery စနစ်ကိုတိုက်ခိုက်တဲ့ Virus ဖြစ်ပါတယ်.. ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုရင် ဒီ Virus ၀င်ရောက်တိုက်ခိုက်ခံရသည့် Android Phone ရဲ့ Battery ဟာ အရင်လောက် အား (Power) သက်တမ်းကြာရှည်မခံတော့ခြင်း၊ Battery အကုန်မြန်စေပြီး Battery ကုန်လို့အားသွင်းလိုက်ရင်လည်းငါးမိနစ် ဆယ်မိနစ်ဖြင့် Battery အားပြည့်ကြောင်းပြခြင်း ၊ သုံးလိုက်ပါက ချက်ချင်းကုန်သွားခြင်း ၊ အဆိုးဆုံးအဆင့်တွင် Virus Attack ဖြစ်နေတဲ့ Android ဖုန်းမှာလုံးဝ Battery သုံးမရတော့ခြင်းတို့ဖြစ်ပေါ်လာပါတယ်.. ဒီ လိုမျိုး ကြုံတွေ့လာရပြီဆိုရင်တော့ ဖုန်းမှာ Antivirus တင်ထားလဲ ခဏတာသာထိန်းချုပ်နိုင်ပြီး လုံးဝ သတ်ပစ်ဖို့တော့စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး..ဒီလိုဖြစ်လာခဲ့ရင် အကောင်းဆုံးဖြေရှင်းနည်းက ဖုန်းရဲ့ SD Card ကို Format ချပစ်ပါ ပြီးတာနဲ့ မိမိရဲ့ဖုန်းကို Factory Reset ချပစ်ပါ SD Card များကို တစ်ဦးနှင့်တစ်ဦး လဲလှယ်အသုံးပြုခြင်း တတ်နိုင်သမျှရှောင်ပါ လို့ အသိပေးအပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား......................
Android ရဲ့  ဖိုင် System အကြောင်း
 Android ဖုန်းစတင်အသုံးပြုသူများ၊မိုဘိုင်းလောကသို့ စတင် ၀င်ရောက်လာသူ (Beginner ) များအတွက် ရည်ရွယ်ပြီးတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျား။
သိပြီးသားသူများကတော့ကျော်ဖတ်သွားကြပါနော်။
အမှားအယွင်းပါသွားခဲ့ရင်လည်း ပြင်ဆင်ပြီးဖတ်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျား။
Android ဖုန်းတစ်လုံးရဲ့ Partitions (အလွှာ) တွေကို အကြောင်းကိုရှင်းသွားပါမယ်၊ ပုံမှန်အားဖြင့် Android Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊
Model တစ်ခုနဲ့ တစ်ခု မတူပါဘူး၊ အထက်က Android Devices တိုင်းမှာတော့ အောက်မှာဖော်ပြထားတဲ့ အလွှာခြောက်မျိုး ပါကိုပါမှာပါ၊
/boot အလွှာ
/system အလွှာ
/recovery အလွှာ
/data အလွှာ
/cache အလွှာ
/misc အလွှာ
boot အလွှာက Boot.im , system အလွှာက System.img , recovery အလွှာက recovery.img အလွှာတို့က Flash လုပ်လို့ရတဲ့ အလွှာတွေပါ၊ Flash လုပ်ချင်ရင်တော့ bootloader ကို lock ဖွင့်ထားဖို့လိုအပ်ပါတယ်၊ အခြား /sdcard နဲ့ /sd-ext pratitions တွေလဲရှိပါသေးတယ်၊ /sdcard partition က Android သုံး ပစ္စည်းတိုင်းမှာ ပါပေမယ့် SD-Ext partition ကတော့ အချို့ ဖုန်းနဲ့ Android သုံး ပစ္စည်းတွေမှာပဲပါပါတယ်၊
boot အလွှာ (/boot)
Boot အလွှာကတော့ သူ့နာမည်အတိုင်း System Boot လုပ်နိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ kernel နဲ့ ramdisk တို့ပါတယ်၊ ဒီ Boot အလွှာ မပါရင် ဘယ်ဖုန်းက နိုးလို့ရတော့မှာမဟုတ်ဘူး အလုပ်လုပ်တော့မှာ မဟုတ်တော့ဘူး၊ Recovery အလွှာကနေ ပီး လိုအပ်ရင် Boot အလွှာကို ပြန်ရေးနိုင်ပါတယ်၊လိုအပ်လို့R့ecoveryကနေBootအလွှာကိုပြန်ရေးမယ်ဆိုရင်အသစ်ရေးတာမပီးခင်Bootပြန်လုပ်တာမျိုးမဖြစ်သင့်ပါဘူး၊
System အလွှာ (/system)
System ဆိုတဲ့ နာမည်အတိုင်းပါပဲ ဒီအလွှာမှာ Android OS (Operation System) တစ်ခုလံးပါပါတယ်၊ ဒီထဲမှာ Android GUI ( Graphic User Interface ) လို့ ခေါ်တဲ့ အသုံးပြုသူ မြင်နိုင် တွေ့နိုင် interact ( နှိပ်တာတို့ ထိတာတို့ ) လုပ်နိုင်တဲ့ appliactions တွေအားလုံးပါပါတယ်၊ ဒီ အလွှာကို ဖျက်ပစ်ခြင်း က Adnroid OS တစ်ခုလုံးကို ဖြတ်ပစ်တာဖြစ်ပါတယ်၊ recovery ကနေ ဖြစ်စေ ROM တစ်ခုကို bootloader ကနေ Install လုပ်ခြင်းဖြစ်စေ OS ပြန်တင်နိုင်ပါတယ်၊
Recovery အလွှာ (/recovery)
ဒီ အလွှာ ကတော့ Backup အတွက် သီးသန့်ထားတာပါ၊ ဖုန်းမှာ တစ်စုံတစ်ခု အမှား လုပ်ပီး တစ်ခုခု အကြီး အကျယ် ပျက်စီးသွားခဲ့ရင် Recovery ပြန်လုပ်ခြင်းဖြင့် Android System ကို ပြန်ပီး ပြုပြင်ပေးပါလိမ့်မယ်၊ Recovery အလွှာကို Boot အလွှာလို System restore လုပ်နိုင်တဲ့ အလွှာဖြစ်တဲ့ အတွက် သူကို Alternative Boot လို့လဲ လူသိများတယ်၊ Recovery လုပ်ရင် recovery console ကနေ Phone က Boot လုပ်စေပီး System ပြုပြင်ခြင်း ကိုလုပ်ပါလိမ့်မယ်၊
data အလွှာ (/data)
data အလွှာမှာ userdata တွေ ဖြစ်တဲ့ contacts , sms, setting နဲ့ applications တွေအားလုံးကိုသိုလှောင်ထားတယ်၊ factory reset ပြန်ချရင် ဒီ data အလွှာ ထဲက တန်ဖိုးတွေအားလုံး ဖျက်ပစ်ပါလိမ့်မယ်၊ ဒါဆိုရင်တော့ ဖုန်းဝယ်တုန်း က အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်၊ ဒါမှမဟုတ်ရင် Android ဖုန်းတစ်လုံးရဲ့ Partitions (အလွှာ) တွေကို အကြောင်းကိုရှင်းသွားပါမယ်၊ ပုံမှန်အားဖြင့် Android Partitions မှာ အဓိက အလွှာ ၆ ခုရှိပါတယ်၊ (Post တိုင်းမှာ Android ဖုန်း လို့ခြည်း ပြောနေပေမယ့် အခြား Android သုံးပစ္စည်း (Devices) တွေကိုလဲ ရည်ညွန်းပါတယ်၊
cache အလွှာ (/cache)
cache အလွှာ ကတော့ အားလုံး သိထားပီးသားဖြစ်တဲ့တိုင်း အသုံးပြုတာများတဲ့ data တွေနဲ့ application Components တွေကို သိုလှောင်တဲ့ နေရာပါ၊ cache ကိုဖြတ်လိုက်ရင်တော့ မှတ်ထားတဲ့ မှတ်သားမှူတွေကိုဖြတ်ပစ်မှာ ဖြစ်ပါတယ်၊ applications တွေကိုဖြတ်တာမဟုတ်ဘူးဆိုတာတော့ သဘောပေါက်သင့်ပါတယ်၊ အကယ်၍ cache ထဲက မှတ်ထားသမျှ ကိုဖြတ် ပစ်ရင်တောင် ဖြတ်ပီးနောက်ပိုင်း ပြန်သုံးရင် သုံးသမျှကို ပြန်မှတ်နေဦးမှာပါ၊
misc အလွှာ (/misc)
ဒီ Partition ထဲမှာတော့ ဖုန်း ရဲ့ System Setting တွေအားလုံးကို ဖုန်းအသုံးပြုသူ ပြုပြင်ပြောင်းလဲ ထားတဲ့ အတိုင်း သိမ်းပေးထားပါတယ်၊ ဒီ အလွှာ မှာ CID (Carrier / Region ID) setting တို့ USB configuration တို့ ကို Setting ပြောင်းထားတာပါပါတယ် အခြား System Setting တွေအားလုံးကို လဲ ဒီနေရာမှာ မှတ်သားသိမ်းစည်းပါတယ်၊ Custom ROM ထည့်ထားတုန်းက အခြေအနေကို ပြန်ရောက်သွားမယ်ပေါ့ ( Custom ROM install လုပ်ထားခဲ့ရင်ပြောပါတယ်)
အားလုံးအဆင်ပြေကြပါစေ။
ဆက်လက်ကြိုးစားလျက်ပါ။
ရဲထက် (www.wavemobilespecialservices.blogspot.com) 
Thursday, March 20, 2014
Huawei ဖုန်း များ online Firmware Update မပြုလုပ် သင့်
ခုခေတ် က အင်တာ နက် ကိုယ် စီသုံး ကျ တော့ အများ စု က update ဆို ရင် ကောင်းတယ် ယူ ဆပြီး တောင်းသမျှ update တိုင်း လုပ် လေ့ ရှိပါတယ်။
Huawei တွေ မှာ c8813 နောက် ပိုင်း အဖြစ် များ နေ တာ က အင်တာနက် သုံးတဲ့ အချိန် System update တောင်း လာလို့ ပေး လိုက် ပြီး update လုပ်ပြီး သွား ပါက ဖုန်း လိုင်း မတက်တော့ ခြင်း များ ကြုံ တွေ့ နေပါတယ် ။
Version မြင့် သွား တဲ့ သဘော ပေါ့ ။ဒါပေမယ့် Huawei တွေ မှာ က Build Number ပဲ ပြောင်း သွား ပြီး Android Version ပြောင်း လဲ ခြင်း မရှိတဲ့ အတွက် Update လုပ်သော် လဲ ဘာမှ ပြောင်း လဲ ခြင်း ကို မတွေ့ ရပါဘူး ။
သို့ သော် စောနက ပြော တဲ့ Error တွေ တော့ တွေ့ ရပါတယ် ။
လိုင်းမတက် တာက နှစ် မျိုး ရှိပါတယ် ။ တစ်မျိုး က network lock ကျ တာ ဖြစ် ပြီး နောက်တစ်မျိုး က Build number ပြန်နိုမ့် ရုံ နဲ့ ကောင်း ပါတယ် ။
အထူး သဖြင့် 33 ကဒ် တွေ သုံးတဲ့ သူအနေ နဲ့ ပို သတိ ထားဖို့ လိုပါတယ် ။
Build number မြင့် သွား ရင် 33 ကဒ် တွေ မဖတ် တော့ တာ များပါတယ် ။
ထို့ ကြောင့် system update လုပ် ဖို့ ပေါ် လာရင် မလုပ်ပါနဲ့ .....
အားလုံး အဆင်ပြေ ကြပါစေ ......
သူငယ်ချင်း တို့ ရဲ့ မိတ်ဆွေ တွေ လဲ သိ အောင် ရှယ်ပေးလိုက်ပါ ....
Samsung ဖုန်း များ 4.3 နှင့် အထက် မတင်ခင် စဉ်းစား ရန်လို
Samsung ဖုန်း တွေ ဟာ 4.3 နဲ့ အထက် တင် ပြီး ရင် အနိမ့် ကို ပြန် ဆင်း ဖို့ မလွယ် ပါဘူး ။ဆင်းလိုက် ရင် Imei ပျောက် ပြီး လိုင်းမတက် တော့ တာတွေ ကြုံရပါတယ် ။ 4.3 က စပြီး မြန်မာ စာ Error ပါသည့် အပြင် 4.4.2 တွင်လည်း အခြား Error များ ဖြစ်နေတာ ကို တွေ့ ရပါတယ် ။ ထို့ ကြောင့် သူများ တွေ ဗားရှင်း မြင့် တိုင်း အား မကျ ပါ နဲ့ ပြော ရရင် တော့ ကိုယ် စီးနေ တဲ့ ဖိနပ် အကြောင်း ကို ပဲ သိတယ် ပေါ့ ကြည့် တော့ လှ လိုက်တာ စီး တော့ မှ ခြေထောက် ပေါက် ဆိုတာ မျိုး မဖြစ် ရအောင် သူငယ် ချင်း တို့ မတင် ခင် မှာ စဉ်းစား စေ နိုင် ဖို့ တင် ပေး လိုက်ပါ တယ် ။
Samsung ဖုန်း ကိုင် တဲ့ သူငယ် ချင်း တွေ သိရ အောင် ရှယ်ပေး လိုက်ပါ အုံး နော် ......
သင့် ANDROID PHONE မြန်မြန် အလုပ် လုပ်စေဖို့ နည်းလမ်းများ
သင့် Android Phone ကို အသုံးပြုရတာ တစ်ဖြည်းဖြည်း လေးလံနှေးကွေး လာပြီလား? Application တွေကို ဖွင့်တဲ့အချိန်တွေ၊ Application တစ်ခုနဲ့ တစ်ခုပြောင်းလဲ အသုံးပြုတဲ့အချိန်တွေ၊ Home Screenကို ပြန်သွား တဲ့အချိန်တွေမှာ လေးလံနှေးကွေးနေရင် ဒီနည်းတွေကို စမ်းကြည့်ပါ။
အသုံးမပြုတဲ့ Appsတွေကို Disable/Uninstall ပြုလုပ်ပါ
Internal Storage မှာ နေရာလွတ်နည်းလာတာဖုန်းကို လေးလံစေတဲ့ အကြောင်းအရင်း တစ်ခုပါ။ အဲဒီအတွက် နေရာလွတ်ပြန်ရအောင် အသုံးမပြုတဲ့ Apps တွေကို ဖြုတ်ပစ်ပါ။ Photo, Video, Files တွေကိုလည်း Cloud Storage ဒါမှမဟုတ် SD Cardမှာ ပြောင်းပြီးသိမ်းပါ။
Apps တွေကို Uninstall လုပ်ဖို့  Settings ထဲက Apps Menu ကနေ ဖြုတ်ပါ။ Manufacturer က ထည့်ပေးလိုက်တဲ့ Applications တွေကို ဖြုတ်ချင်ရင်တော့ Root App Delete လို Application ကို သုံးပါ။ Root App Delete ကိုသုံးဖို့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုပါတယ်။ Apps တွေကို SD Card ထဲကို ပြောင်းပါ။ ဒီလိုလုပ်ဖို့  Settings ထဲက Apps Menu ကနေ Apps တစ်ခုချင်းစီကို ရွေးပြီး Move To SD Card ကိုနှိပ်ပါ။
Caches တွေကိုရှင်းပါ
Caches Data များပြားလာတာဟာလည်း သင့်ဖုန်းကို လေးလံစေပါတယ်။ Caches တွေကို ရှင်းဖို့  Settings ထဲက Apps Menu ကနေ App တစ်ခုချင်းစီကို ရွေးပြီး Clear cache ကိုနှိပ်ပါ။ တစ်ခုချင်းစီကို ပြောင်းရတာအလုပ်ရှုပ်ရင် App Cache Cleaner , Clean Master လို Apps တွေကို Google Play Store ကနေ အင်စတောလုပ်ပြီး သုံးပါ။
Widget, Live Wallpaper တွေကို ဖြုတ်ပစ်ပါ
Widget တွေဟာ Apps တွေကို ဖွင့်စရာမလိုဘဲ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူ သိမြင်နိုင်တဲ့အတွက် အသုံးဝင်ပါတယ်။ ဒါပေမယ့် သင့်ဖုန်းဟာ လေးလံလာရင် Widget တွေကို ဖြုတ်ပစ်သင့်ပါတယ်။ Widget တွေကို ဖြုတ်ပစ်ဖို့  Drag And Drop လုပ်ပြီး အမှိုက်ပုံးထဲထည့်ပြီး ဖြုတ်နိုင်ပါတယ်။ Live Wallpaper တွေဟာလည်း မျက်စိပသာဒ ဖြစ်စေပေမယ့် သင့်ဖုန်းကို လေးလံစေပါတယ်။ Home Screen မှာ Press လုပ်ပြီး Wallpaper ကို ပြောင်းလဲပါ။
Animationsတွေကို Disableလုပ်ပါ
Animations တွေကို Disable လုပ်ခြင်းအားဖြင့်လည်း သင့်ဖုန်းကို မြန်ဆန်စွာ အလုပ်လုပ်စေပါတယ်။ ဒီလိုလုပ်ဖို့  Settings ထဲက Developer options ထဲကို ၀င်ပါ။ Developer options ကို မတွေ့ ရင် Settings ထဲက About Phone Build Number ကို (၇)ချက် Tap လုပ်ပါ။ ပြီးရင် Developer optionsထဲက Drawing Options မှာ Windows animation scale, Transition animation scale, Animator duration scale စတဲ့ သုံးခုကို Off လုပ်ပေးပါ။ ဒါဆိုရင် Appsတွေ ဖွင့်တဲ့အခါတွေ၊ Apps တွေ တစ်ခုနဲ့တစ်ခု ပြောင်းလဲသုံးတဲ့ အခါတွေ၊ Home Screen ကို ပြန်သွားတဲ့အခါမျိုးတွေမှာ လျှင်မြန် လာပါ လိမ့်မယ်။
Software တွေကို Updateလုပ်ပါ
Manufacturer or Carrier တွေက Software တွေကို Update ပေးလေ့ ရှိပါတယ်။ အဲဒီ Update တွေ မှာ Security ပိုင်းကို ပိုကောင်းအောင် ပြုလုပ်ထားတာတွေ၊ Bugs or Errors တွေကို ပြုပြင်ထားတာတွေ ပါရှိလာတဲ့ အတွက် Updates တွေ ရရခြင်းမှာ ရယူဖို့  အရေးကြီး ပါတယ်။ အချုပ်အားဖြင့် Update တွေ ရယူခြင်းဖြင့် သင့် Phone ရဲ့ Performance ကို ကောင်းမွန် စေပါတယ်။ Updates တွေ ရယူဖို့  Settings ထဲက About phone ထဲမှာ System Updates ကိုနှိပ်ပါ။
MTK CPU အသုံးပြုထား သည့် ဖုန်း များ ဆော့ဝ် ရေး လျှင် သတိ ထားရန်
MTK CPU သုံးထားတာ က အများ အားဖြင့် Samsung Clone တွေ မှာ ဥပမာ s4 clone i9500 ဆိုပါတော့ CPU နံပတ် မတူ ပဲ စက်ပုံစံ တူ အများ ကြီး လာပါတယ် ။ အဲ့ကောင်တွေ က CPU မတူ ရင်ရေးမရ တဲ့ အတွက် ပြသနာ မရှိပေ မယ့် CPU နံပတ် တူ ပေ မယ့် scatte.txt ဖိုင် က PRELOADER နေရာ လွဲ နေ ရင် လုံးဝ Boot သေတဲ့ အထိ ဖြစ် နိုင်ပါတယ် ။ တနည်း ပြော ရရင် ပါဝါ ပျောက် ပါတယ် ။ထို့ ကြောင့် MTK ဖုန်း ပြုပြင် မည့် သူ အနေ နဲ့ သတိ ထားနိုင် စေ ရန် တင် ပေး လိုက်ပါတယ် ။
အဆင်ပြေ ကြပါ စေ..........
Android Pattern Lock Restore အကြောင်း
Android Pattern Lock Restore
Android Pattern Lock ဆိုတာကတော့ Android OS ဖုန်းတွေထဲမှာပါတဲ့ Screen Lock စနစ်တစ်ခုပဲဖြစ်
ပါတယ်။ဒီစနစ်ကိုအသုံးပြုတဲ့နေရာမှာကိုယ့်ဖုန်းရဲ့ Screen ပေါ်မှာဘယ်လိုပုံစံမျိုးနဲ့ပက်စ်ဝက် ကိုရေးဆွဲမယ်ဆို
တာမျိုးကိုစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။
ဒီစနစ်ကိုအသုံးပြုတဲ့နည်းစနစ်ကိုအရင်တုန်းက ဖော်ပြပေးခဲ့ဖူးပါတယ်။ဒီတစ်ပတ်တော့ ဒီစနစ်ကြောင့်ဖြစ်
လာနိုင်တဲ့အခက်အခဲနဲ့ပြဿနာတွေကို ဖော်ပြပေးသွားမှာပါ။Android OS ရဲ့ Pattern Lock စနစ်ဟာ အသုံးပြု
သူ User တွေအတွက်အဆင်ပြေတာတွေရှိသလို အဆင်မပြေတာမျိုးလေးတွေလည်းရှိနေပါတယ်။အဲဒါဟာဘာ
လဲဆိုရင်တော့ဒီ Lock စနစ်ဟာ အချို့သော ဖုန်းတွေမှာဆိုရင် အကြိမ်အရေအတွက်နဲ့ ပေးထားတာမျိုးတွေရှိပါ
တယ်။
အဲဒီလိုအကြိမ်အရေအတွက်နဲ့ပေးထားတယ်ဆိုတာကတော့ Pattern ကိုဆွဲပြီးဖုန်းရဲ့Password ကိုဖွင့်တဲ့
အချိန်မှာမှားယွင်းခဲ့တယ်ဆိုရင်အဲဒီလိုမှားယွင်းမှုအကြိမ်အရေအတွက်ကိုအကန့်အသတ်နဲ့ပဲ လက်ခံပေးတာမျိုး
ကိုဆိုလိုတာပါ။ဥပမာဆိုရင်တော့ Sony Ericsson X10 မှာဆိုရင် Pattern မှားယွင်းမှုအကြိမ်ရေဆယ်ကြိမ်ပြည့်
အောင်မှားယွင်းခဲ့မယ်ဆိုရင် Auto Lock သုံးစက္ကန့် ချထားပါတယ်။အဲဒီလိုဖုန်းက သူ့အလိုလို Lock လုပ်ထားတဲ့
အချိန်မှာအသုံးပြုသူကဘာမှလုပ်လို့မရပါဘူး။အဲဒီလိုဖုန်းကအလိုလို Lock ချလိုက်ပြီးပြီ ဆိုရင်တော့ ပြန်ဆွဲလို့ရ
ပါတယ်။ဒါပေမယ့်နောက်ထပ် ထပ်မှားလို့တော့မရပါဘူး။နောက်ထပ်သတ်မှတ်အကြိမ်အရေအတွက် အထိထပ်
မှားနေမယ်ဆိုရင်တော့ ဖုန်းတစ်ခုလုံးကို Lock ချပစ်လိုက်မှာ ဖြစ်ပါတယ်။အဲဒီလို Lock ဖြစ်သွားရင် Password
အမှန်နဲ့လည်းပြန်ဖွင့်လို့မရတော့ပါဘူး။အဲဒီလိုအချိန်မျိုးမှာဆိုရင်အသုံးပြုတဲ့သူတွေအနေနဲ့ အင်တာနက်နဲ့ WiFi
ချိတ်ဆက်ပြီးကိုယ့်ဖုန်းထဲမှာ Email ကိုထည့်မထားဘူးဆိုရင်တော့ဖုန်းတစ်ခုလုံးကို Restore သို့ မဟုတ် Firmware ပြန်လုပ်မှပဲအဆင် ပြေနိုင်ပါလိမ့်မယ်။Debugging mode on ထား ခဲ့ ရင် တော့ ဘာမှ မပျက် ပဲ ကောင်း မွန် အောင် ပြန်လည် ပြုပြင် နိုင်ပါတယ် ။ထို့ ကြောင့် Password သုံး သူ များ အနေ ဖြင့် Debugging mode on ထား ကြ ပါ လို့ တိုက် တွန်း ချင်ပါတယ် ... ။
ဒီလိုပဲ iPhone တွေမှာလည်း User Lock လုပ်တဲ့အချိန်မှာ သတ်မှတ်အကြိမ်ရေအတွင်းမှာသာ မှားယွင်းမှု
ကိုလက်ခံပြီးအကြိမ်ရေကျော်လွန်သွားမယ်ဆိုရင်တော့ဖုန်း Lock ဖြစ်သွားပါလိမ့်မယ်။
Android Error Request
Android OS စနစ်သုံးဖုန်းတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်တတ်တဲ့ Error တွေကို ဖော်ပြ ပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Android OS ဖုန်းတွေဟာအသုံးပြုတဲ့သူတွေကိုအများကြီးအထောက်အကူပေးနိုင်တဲ့အပြင်
အသုံးပြုသူ ကိုယ်တိုင်စိတ်ကြိုက်ပြုပြင်ဖန်တီးမှုတွေကိုပါ ဖုန်းထဲမှာ ပြုလုပ်နိုင်လောက်အောင်ထိ Firmware က
ပြည့်စုံတယ်လိုကျွမ်းကျင်သူတွေက ဆိုကြပါတယ်။အဲဒီလို အသုံးပြုနိုင်ခြင်းတွေ များပြားကောင်းမွန်တဲ့ Android
OS ဖုန်းတွေဟာတစ်ခါတစ်ရံမှာလည်း Firmware Error တွေနဲ့ဖုန်းရဲ့လုပ်ဆောင်ချက်တွေ ပိတ်ဆို့ရပ်တန့်သွား
တဲ့အဖြစ်အပျက်မျိုးတွေကလည်းရှိနေတတ်ပါတယ်။
ပထမဆုံးအနေနဲ့ Android OS ဖုန်းတွေမှာဖုန်းတွင်းစနစ်ပိုင်းတွေနဲ့ဆော့ဖ်ဝဲတွေကိုဖွင့်ပြီးသွားရင်ပဲဖြစ်ဖြစ်
၊ အသုံးပြုပြီးသွားရင်ပဲဖြစ်ဖြစ်ပြန်ပိတ်ပေးနိုင်တဲ့စနစ် မပါဝင်ခြင်းပါပဲ။ဆော့ဖ်ဝဲတစ်ခု စနစ်တစ်ခု ထဲကိုဝင်ခဲ့ပြီးပြီ
ဆိုရင်တော့ Back ခလုတ်နဲ့တင်ပြန်ထွက်လာလို့ရနိုင်ပါတယ်။ဒါကလည်း အားနည်းချက်တစ်ခုလို့တော့မဆိုသာ
ပါဘူး။ဘာကြောင့်လဲဆိုတော့အသုံးပြုတဲ့သူတွေအနေနဲ့ဖုန်းတွင်းစနစ်ပိုင်းတွေကိုအလွယ်တကူ ဝင်နိုင်ထွက်နိုင်
အောင်ပြုလုပ်ပေးထားတဲ့စနစ်တစ်ခုဖြစ်တဲ့အတွက်ပါ။
ဒီလိုမျိုးပြန်ပိတ်လို့မရနိုင်တဲ့အတွက်စနစ်တစ်ခုဆော့ဖ်ဝဲတစ်ခုကိုအသုံးပြုပြီးသွားပြီဆိုရင်ပြန်ပိတ်ပေးနိုင်ဖို့
လိုအပ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲဒီလိုအသုံးပြုခဲ့တဲ့ဆော့ဖ်ဝဲတွေဟာ Back ခလုတ်နဲ့ပြန်ထွက်သွားခဲ့
တယ်ဆိုပေမယ့်လုံးဝပိတ်သွားတာမျိုးမဟုတ်ဘဲဖုန်းထဲမှာနောက်ခံ Background ဆော့ဖ်ဝဲတစ်ခုအနေနဲ့အလုပ်
ဆက်လုပ်ပြီး ကျန်နေခဲ့ ပါတယ်။အဲဒီလို Background ဆော့ဖ်ဝဲတွေ Run နေတာ များလာပြီဆိုရင် ဖုန်းရဲ့လုပ်
ဆောင်ချက်တွေဟာလေးလံလာပြီးနှေးကွေးလာပါတယ်။ဒါ့အပြင်တစ်ခါတစ်ရံမှာဖုန်းတစ်ခုလုံးဟန်းနေပြီးဘာမှ
လုပ်လို့မရတော့တာမျိုးတွေရှိပါတယ်။ဒါရဲ့နောက်ထပ် Error တစ်ခုကတော့ ဘက်ထရီ ကြာကြာမခံတော့ခြင်းပါ ပဲ။
နောက်ခံဆော့ဖ်ဝဲတွေအလုပ်လုပ်နှုန်းများလာတဲ့အတွက်ဖုန်းရဲ့ဘက်ထရီကလည်းနာရီအနည်းငယ်နဲ့တင်
ကုန်သွားတတ်ပါတယ်။ဒါကလည်း Android အသုံးပြုသူတွေသတိပြုသင့်တဲ့အချက်တစ်ခုပါပဲ။ဖုန်းရဲ့ဘက်ထရီ
ကြာကြာမခံတော့ဘူး ၊ဖုန်းလုပ်ဆောင်ချက်တွေနှေးကွေးလာပြီ ၊ဖုန်းမကြာခဏဟန်းလာပြီဆိုရင် ဒါကိုသတိပြုရ
ပါ လိမ့်မယ်။ဒီလို နောက်ခံ Run နေတဲ့ ဆော့ဖ်ဝဲတွေကို ပိတ်ပစ်နိုင်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုပြီး ပိတ်ရပါ
တယ်။ဒါကတော့ Advance Task Killer လို Task Killer ဆော့ဖ်ဝဲတွေကိုထည့်သွင်းထားသင့်ပါတယ်။
Download Here
Error တက်ခြင်းမှ ကင်းဝင်းနိုင်ပါစေ။
ရဲထက် (Wave mobile special Service)
creait by Mobile House
ADB တွေ ရန်ကကင်းဝင်းစေဖို့
ကျွန်တော်တို့ကွန်ပျူတာတွေလက်တော့တွေ့မှာ Android ဖုန်း Driver တွေသွင်းထားပေမယ့်
ADB တွေရှုပ်ပြီးဖုန်းကို ADB မသိတာတွေ အများဆုံးဖြစ်တတ်ပါတယ်.
Game တွေ Application တွေသွင်းတဲ့အခါမျိုးမှာ Driver သိပြီး ADB မသိရင် ဘယ်လို Tools တွေနဲ့ချိတ်ချိတ် ဖုန်းကို မသိပါဘူး။ဒါကြောင့် ADB တွေမသိတဲ့ရန်ကင်းဝင်းစေဖို့
အောက်မှာပေးထားတဲ့ ADB Driver Installer.exe လေးကို ဆောင်ထားလိုက်ပါ။
လုပ်ပုံလုပ်နည်းလေးကလွယ်ပါတယ်။
အဲဒိ exe လေးကို Run လိုက်ပါ။ဖုန်းနဲ့ကွန်ပျူတာနဲ့တော့ချိတ်ထားနော်။
ADB မသိဘူးဆိုရင် ဘေးအကွက်လေး မှာအနီအ၀ိုင်းလေးပြနေပါလိမ့်မယ်
အဲ့အခါကျရင် အဲဒိအကွက်အောက်နားက Install ဆိုတာလေးကိုနှိပ်ပေးပါ။
ခဏစောင့်ပေးပါ။ စာတန်းလေးနှစ်ကြောင်းထပ်ပေါ်လာပါလိမ့်မယ်။
Anyway ပါတဲ့ စာတန်းလေးကိုနှိပ်ပေးပါ။
ခဏစောင့်ပါအတန်းစိမ်းလေးဆုံးသည်အထိ။
အတန်းလေးဆုံးသွားပြီဆိုရင် အပေါ်ကဘောက်ကိုကြည့်လိုက်ပါ။
အနီအ၀ိုင်းလေးနေရာမှာအစိမ်းလေးပြနေပါလိမ့်မယ်။
ကြိုက်တဲ့ Tool နဲ့ချိတ်ပါ။အိုကေသွားပါပြီ................................
အောက်ကလင့်မှာ ဆွဲထားလိုက်နော်............
အဆင်ပြေကြပါစေ။
ဆက်လက်ကြိုးစားလျက်ပါ။
ရဲထက် (Wave Mobile Special Special Services & Training Centre)
Thursday, March 13, 2014
Viber မှ ပိုက်ဆံပေးဝယ်ရသော Sticker များကို Free ရယူနည်း
Viber မှ ပိုက်ဆံပေးဝယ်ရသော sticker များကို Free ရအောင်လုပ်မယ်ဆိုရင် မိမိဖုန်းက Root ဖောက်ထားဖို့ လိုအပ်ပြီး VPN Unlimited နှင့် Freedom ဆိုတဲ့ Application နှစ်ခုပါ ရှိထားရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကလူများကတော့ VPN Application ကို Install လုပ်ပါ။ နိုင်ငံခြားကလူများကတော့ VPN Application ကို Install လုပ်စရာ မလိုပါဘူး။
မြန်မာနိုင်ငံလူတွေအနေနဲ့ VPN Application ကို Install လုပ်ပြီး ဖွင့်ပါ။ App ရဲ့ အပေါ်ထောင့်နားလေးမှာ starting ဆိုပြီး auto ချိတ်ဆက်နေချိန် ခဏစောင့်ပါ။ ပြီးရင် Notification မှာ Icon လေးပေါ်လာရင် ချိတ်ဆက်မှုပြီးပါပြီ။
Freedom Application ကို Install ဆက်လုပ်ပြီး ဖွင့်ပါ။ Root access တောင်းရင် Grant နှိပ်ပေးပြီး Feedom ထဲက Viber ကို တစ်ချက်နှိပ်လိုက်ပါ။
Viber Application ပွင့်လာရင် ဘာမှမလုပ်ပဲ Freedom ထဲကနေ ပြန်ထွက်လိုက်ပါ။ Notification မှာ Freedom ဆိုတာလေး ပေါ်နေရမှာဖြစ်ပါတယ်။
အားလုံးပြီးပြီဆိုရင် Viber Application ထဲဝင်ပြီး မိမိကြိုက်နှစ်သက်တဲ့ Sticker တွေကို Download လုပ်လို့ရပါပြီ။
ပိုက်ဆံပေးဝယ်ရတဲ့ Sticker တွေကို Downloaded လုပ်မယ်ဆိုရင်ရင် ဥပမာ $2.15 ကိုနှိပ်… Buy ကိုဆက်နှိပ်… Payment succesaful ဆိုပြီးပေါ်လာပါမယ်။ ခဏစောင့်ပြီး OK ပေါ်လာရင် နှိပ်ပေးလိုက်ပါ။ နောက်တစ်ကြိမ်ထပ်ပြီး အခုဏက $2.15 ကို ပြန်နှိပ်လိုက်ရင် Download လုပ်နေတာကို Notification မှာ တွေ့မြင်နေရမှာ ဖြစ်ပါတယ်။
မှတ်ချက်။      ။ $2.15 ဆိုတာ ဥပမာပေးထားတာ ဖြစ်ပါတယ်။
အားလုံးပြီးရင် VPN နဲ့ Freedom ကိုပိတ်လိုက်ပါ။ ဒါမှ Google Play Store ကို ပြန်ဝင်လို့ရမှာပါ။
အဆင်ပြေကြပါစေ။
ရဲထက်
Huawei C8813 no invalid sim build number 166 to 177
.Huawei c8813 မှာ OTA Updateလုပ်မိလို.ပဲဖြစ်ဖြစ်
imei ပျောက်နေလို.လိုင်းမတက်တာပဲဖြစ်ဖြစ်
လိုင်းတက်သော်လဲ3g မတက်ပဲ 1X တက်နေတာပဲဖြစ်ဖြစ်
sim invalid ဖြစ်နေတာပဲဖြစ်ဖြစ်
build number 169အောက်ကို downgreadပြန်ဆင်းစရာမလိုတော.ပါဘူးခင်ဗျာ
အချိန်ကုန်သတ်သာသွားတာပေါ.
buind number 166မှ 177အထိရပါတယ်ချင်ဗျာ
ဒီtoolလေးက သင်.ကို အချိန်ကုန်သတ်သာအောင်ကူညီပေးပါလိမ်.မယ်
အသုံးပြုနည်းကတော.လွယ်ပါတယ်
သင်.ရဲ.ဖုန်းကို rootလုပ်ထားရုံပါပဲ
usb debugging unknown source onထားပါ
pcနဲ. usbချိတ်ဆက်လိုက်ပါ
ဒေါင်းလို.ရလာတဲ.ထဲက Huawei C8813 Phone Call
ဆိုတာလေးကို run လိုက်ပြီး
နံပါတ် 1ကိုနှိပ်လိုက်ပါ
ဖုန်းက rebootကြပြီးပြန်တက်လာရင် sim cardထည်.ပြီးအသုံးပြုလို.ရပါပြီ
YE HTET
YEHTET ဆိုတဲ့စာသားလေးကိုနှိပ်လိုက်ပါ။ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။
အဆင်ပြေကြပါစေ။
လိုင်းမမိခြင်းရန်မှ ကင်းဝေးနိုင်ပါစေ။
ရဲထက်(www.wavemobilespecialservices.blogspot.com)
Wednesday, March 12, 2014
SYH Tablet Firmwares
ကဲဒီတစ်ခါဘော်ဘော်များအတွက် Tablet Firmware တွေ ဒေါင်းလော့ဆွဲလို့ရမယ့်လင့် လေးပေးပါမယ်ခင်ဗျား
ကျွန်တော် upload တင်ပေးမလို့ပါပဲ။
လိုင်းအခြေအနေက အိပ်မက်တောင်မမက်ရဲဘူးဖြစ်နေတယ်ဗျာ။
အဲဒါမို့ လင့်လေးပဲပေးတော့မယ်။
အောက်ကလင့်လေးမှာ ရှာပြီးဆွဲကြပါခင်ဗျား။
အားလုံးဆွဲလို့ရပါတယ်။ကျွန်တော်စမ်းသပ်ပြီးသားပါ။
ဒီ လင့်လေးနော် SYH Tablet Firmware များစုစည်းမှု
အဆင်ပြေကြပါစေ။
ရဲထက်(www.wavemobilespecialservices.blogspot.com)
C-8816 one key tools ပါ.......
Huawei C8816 အတွက် one key tools လေးပါ။ဆားဗစ်ဆရာများအကြိုက်တွေ့စေမယ့် Tool လေးဆိုရင်လည်းမမှားပါဘူး။
ကလိလို့ရတာပေါ့ အဟိ........။
လိုအပ်သူများဒေါင်းထားကြနော်။အောက်ကလင့်မှာဒေါင်းကြပါခင်ဗျား
YE HTET
YE HTET ဆိုတဲ့စာသားလေးကိုနှိပ်လေးပါ။ ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
အဆင်ပြေကြပါစေ။
Tuesday, March 11, 2014
Root လုပ်စရာမလိုပဲ android 4.3.3 ထိအသုံးပြုနိင်တဲ့မြန်မာဖောင့်ထွက်ပြီ
အရင်က 4.2.2 ကျော်ရင်မြန်မာဖောင့်ထည့်ဖို့ root လုပ်မှရပါတယ် ခုဒီကောင်က 4.3.3 ထိ root လုပ်စရာမလိုပဲ စာလုံးအလှတွေပါထည့်လို့
ရပါတယ်.....samsung ကိုအဓိက support လုပ်ပါတယ် အခြားဖုန်းများမစမ်းရသေးပါ.
လိုအပ်လျှင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ 
ဒီမှာဆွဲမယ်ဟေ့%%%%%%%%%%% 
အဆင်ပြေကြပါစေ။
Thank you for all/
Phone ၀ယ်ဖို့ ရွေးချယ်ရခက်နေရင် Geekaphone မှာ ရွေးချယ်ပါ
Phone ၀ယ်ဖို့ ရွေးချယ်ရခက်နေရင် Phone တွေ ရဲ့ Specification တွေကို Side-By-Side နှိုင်းယှဉ်ပြီး ရွေးချယ်မှသာအဆင်ပြေစေနိုင်ပါတယ်။ဖုန်းတွေ အများကြီးကို နှိင်းယှဉ်ရွေးချယ်ချင်ရင်တော့ Geekaphone ဆိုတဲ့ Website မှာနှိုင်းယှဉ်နိုင်ပါတယ်။Geekaphone က ဖုန်းငါးလုံးအထိ Compare လုပ်ပေးနိုင်ပါတယ်။
Geekaphone ရဲ့  Home Page ကတော့ ရိုးရှင်းပြီး ဖုန်းနှစ်လုံးကို Side-By-Side နှိုင်းယှဉ်ဖို့ ပြုလုပ်ပေးထားပါတယ်။ ဖုန်းမားကတ် မှာ နာမည်ကြီးနေတဲ့ ဖုန်းတွေ ဖြစ်တဲ့ Moto X, Nexus 4, iPhone 5S, Galaxy S4, Note 3, LG G2, Lumia 1020, Moto X, HTC One စတဲ့ဖုန်းတွေကိုလည်း ပြသပေးထားပြီး အဲဒီဖုန်းတွေကိုအလွယ်တကူ နှိုင်းယှဉ်လို့ ရပါတယ်။ နှိုင်းယှဉ်ချင်တဲ့ ဖုန်းနှစ်လုံးကို Click နှိပ်ပေးရုံပါပဲ။ ဖုန်းတွေ ရဲ့ နာမည်ကို ရိုက်ပြီးတော့လည်း နှိင်းယှဉ်နိုင်ပါတယ်။နှိင်းယှဉ်ဖို့ ဖုန်းတွေ ရွေးချယ်ပြီးရင်တော့ COMPARE button ကိုနှိပ်ပါ။
Geekaphone က CPU clock speed,RAM,Screen,Battery Size,Internal Storage Capacity စတဲ့ ဖုန်းတွေ ရဲ့  Specs တွေကို ဖော်ပြပေးပါလိမ့်မယ်။ Page အောက်ကိုဆင်းပြီးကြည့်ရင် Camera Specs,Video Resolution Capabilities,CPU Architecture စတဲ့ ပိုပြီးပြည့်စုံတဲ့သတင်းအချက်အလက်တွေကို သိနိုင်ပါတယ်။
နောက်ထပ်ဖုန်းတစ်လုံးကိုနှိုင်းယှဉ်ချင်သေးရင် ညာဘက်က + Button ကနေ ထပ်ဖြည့်နိုင်ပါတယ်။Recommend လုပ်ပေးထားတဲ့ဖုန်းတွေလည်းတွေ့ မြင်နိုင်ပြီး Click တစ်ချက်နှိပ်ပြီးနှိုင်းယှဉ်တဲ့စာရင်းထဲထည့်နိုင်ပါတယ်။
ဖုန်းဝယ်ဖို့ ရွေးချယ်ရခက်နေရင်တော့ Geekaphone ၀က်ဆိုက်ကိုသွားရောက်ရွေးချယ်ပါလို့  အကြံပြုလိုက်ပါတယ်။
ဒီမှာရှာနော်............... 
ရဲထက်(www.wavemobilespecialservices.blogspot.com)
Huawei G610-C00 တွေ လိုင်းမမိတော့တဲ့အခါ အလွယ်တကူပြန်ဖြည် ကြရအောင်
Huawei G610-C00 တွေမှာ အဖြစ်များနေတဲ့ network lock ဖြစ်တက်တဲ့ error ကို
ပြန်လည်ဖြေရှင်းဖို့ ကိုမျိုးကိုကိုဇော် မှ bat file လေးတစ်ခု ထုတ်ပေးလိုက်လို့
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အသုံးပြုဖို့ကလည်း လွယ်ကူပါတယ်.......
Device မှာ UsbDebugging on ထားဖို့နဲ့ Root လုပ်ပေးထားဖို့ပဲလိုအပ်ပါတယ်။
ပြီးရင် bat file လေးဖွင့်ပြီး PC မှာ Device ကိုသိပြီဆိုရင် enter လေးခွေက်ပေးလိုက်ရင် 
ရပါပြီ။
bat file လေးကို လိုအပ်မယ်ဆိုရင်တော့.......
ဒီမှာဒေါင်းလိုက်နော်............................ 
အဆင်ပြေကြပါစေ...............................
Samsung Korea အလုံးတွေမှာ အင်တာနက် ပိတ်လိုက်ပေမဲ့ အင်တာနက် အော်တို ပွင့်နေရင် ဖြေရှင်းနည်း၊
 Samsung Korea အလုံးတွေမှာ အင်တာနက် ပိတ်လိုက်ပေမဲ့ အင်တာနက် အော်တို
ပွင့်နေရင် ဖြေရှင်းနည်း၊ Data switch တော့ ပိတ်သွားပါတယ် ဒါပေမဲ့ အင်တာနက်
မြှားလေးက ရှိနေတုန်း အဲဒီတော့ ဖုန်းဘေစ်က အော်တို ဖျက်နေပါလိမ့်မည်။
(အဲဒီအတွက် ဖြေရှင်းနည်းလေး ရေးပေးလိုက်ပါတယ်)
===============================================
ဒီနည်းကို ကျွန်တော် အကြိမ်အမျိုးမျိုး ဖုန်းအမျိုးမျိုးစမ်းသပ်ခဲ့ပါတယ်။
အောင်မြင်တာကို တွေ့ရပါတယ် ဒီနည်းကို အသုံးပြုလိုက်တဲ့အတွက်
မိမိဖုန်းကို ဖန်းဝဲလည်း ရေးစရာ
မလိုတော့ဘူး format လည်း ချစရာ မလိုတော့ဘူး။အဓိကက
အင်တာနက် settings ပြန်ချိန်ပေးရမှာ ဖြစ်ပါတယ်။
settings>>More >> Mobile networks>>Access Point Names>>menus
key ကို (သုံးထပ်မျဉ်းကြောင်း) နှိပ်ပြီး Reset to default ကို လုပ်ပေးလိုက်ပါ
Restoring default APN settings လုပ်နေပါလိမ့်မည်။ခဏစောင့်လိုက်ပါ အင်တာနက်
အော်တိုတက်နေတဲ့ မြှားလေး ပျောက်သွားပါလိမ့်မည် ပျောက်သွားပြီဆိုရင် menus key
(သုံးထပ်မျဉ်းကြောင်း)ကို နှိပ်ပြီး New APN ကို နှိပ်လိုက်ပါ။ပြီးရင် အောက်ကပုံစံအတိုင်း
ချိန်ပေးလိုက်ပါ
Name -mptnet
APN - mptnet
Username - mptnet
Password - 12345
Authentication type - PAP or CHAP
(ဒီကောင်ကိုတော့ ရွှေးပေးလိုက်ယုံပါဘဲ)
APN type - default (default ကိုတော့ စာရေးပေးရမယ်နော်)
ပြီးရင် menus key (သုံးထပ်မျဉ်းကြောင်း) ကို နှိပ်ပြီး Save လိုက်ယုံပါဘဲ................
ပြီးရင် မိမိဖုန်း Data switch ကို လုပ်ကြည့်ပါ အိုကေပါပြီခင်ဗျာ
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
Huawei C8816 အတွက် Special Root Tool
C8816က original မြန်မာဖောင့်ထည့်ပေးပြီးသားပါ။
ကီးဘုတ်ထည့်လိုက်တာနဲ့အသုံးပြုလို့ရပါတယ်။
 Root ဖောက်လိုက်မှ ကျေနပ်နိုင်မယ် ဆိုတဲ့ကိုကိုမမမျာအတွက် Root Tool လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။
C8816 အတွက် ဘာနဲ့မှမတူတဲ့root file လေးပါ
exe file လေးကို run ပြီးအောက်ကပုံမှာပါတဲ့အတိုင်းတစ်ဆင့်ချင်းဆီလုပ်သွားယုံပါ
ရှာရတာတော့တော်တော်ခက်ပါတယ်။ အရင်ဆုံuးsb debugging on ထားရပါမယ်။ ပြီးရင်အောက်ကလင့်ကနေဒေါင်းလို့ရလာတဲ့ file လေးကို extract လုပ်ပေးရပါမယ်။
ရလာတဲ့ exe file ကို run ပြီးroot လိုက်ပါ။
အဆင်ပြေကြပါစေ။
ရဲထက် (www.wavemobilespecialservices.blogspot.com)
Thursday, March 6, 2014
Y325-T00 Official Firmware တင်နည်း
Huawei ရဲ့ အခု နောက် ပိုင်းထွက်..လာတဲ့..Y Series Model Y325-T00 ဖြစ်ပါတယ်..မြန်မာစာထည့်လို့ပဲဖြစ်ဖြစ်..အကြောင်းတစ်ခုခု ကြောင့်..logo ကနေ ပြန်မတက် တော့ဘူး..ဆိုရင်တော့..Firmware ကို မဖြစ်မနေတင်ရတော့မှာပါ..။Flash tool firmware တွေ နဲ့ တိုင်ပတ်နေတဲ့ လူတွေရှိပါတယ် ကျွန်တော်ကိုယ်တိုင်တိုင်ပတ်ခဲ့ဘူးပါတယ်။အဲဒါကြောင့် အဆင်ပြေတဲ့ Firwmare လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ။.လိုအပ်တဲ့ Firmware ကို အောက် က Link တွင်.ဒေါင်းယူလိုက်ပါ...ပီးတော့..ဖုန်း ကို.Battery ဖြုတ်..ဒေါင်းလို့..ရလာတဲ့.ဖိုင်းထဲမှ..dload folder ကို..Quality ကောင်းတဲ့.SD Card အလွတ် တစ်ခု ထဲထည့်ပီး..SD Card အား ဖုန်း ထဲ့ထည့်ပါ..Recovery Mode ကနေ..၀င်ရေး ရမှာ ဖြစ်ပါတယ်..Recovery Mode ၀င် နည်း ကတော့..အခြား ဖုန်း နဲ့ မတူပါဘူး သူ့ကို..Power key ကို.3 Second နှိပ်ပီး.လွှတ် လိုက်ပါတယ်..Volume Up + Volume Down ပြိုင်တူ.နှိပ်လိုက်ပါ..ခဏ နေ..Recovery Mode ထဲ ရောက် သွားရင် လွှတ် လိုက်ပါ.Recovery mode မှ..Install update from SD Card ကို..ရွှေး ပေး လိုက်ရင် သူကဟာသူ.အလုပ်လုပ်နေပါလိမ့်မယ်..ပီးရင် တော့.Restart ဖြစ်သွားလိမ့်မယ်..Firmware အသစ် ပြန်ရနေပြီပေါ့..ဖုန်းထဲ့မှာ... 
Firmware ဒေါင်းလော့ရယူရန်
အဆင်ပြေကြပါစေ။
ဆက်လက်ကြိုးစားလျက်ပါ
ရဲထက်။
Wednesday, March 5, 2014
Samsung Galaxy တွေ Pattern lock , Pin lock ကျတာတွေကို Root Access မလိုပဲ ဖြည်မယ်။
Samsung Galaxy တွေမှာ Pattern Lock , Pin Lock ကျနေတဲ့အခါမှာ
မိမိဖုန်းမှာ Root ကလည်းမရှိ Debugging လည်း on
မထားမိတဲ့အချိန်မှာ ပြန်ဖြည်ရန်အတွက်ပါ။
သူက CWM.zip နဲ့ Pattern & pin lock ဖြည်ရန် zip file လေးပါ။
လိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်မှာယူလိုက်ပါ။
ဒီမှာယူလိုက်ပါ
ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။
..........::::: အဆင်ပြေပါစေ :::::..........
Saturday, March 1, 2014
Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါဝင်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့  စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer  တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ့ စည်းတည်ဆောက်ထားသလဲ system ရဲ့ အခင်းအကျင်း တွေကို ကောင်းစွာ နားလည် သဘောပေါက် ထားမှသာလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။
Android developer တစ်ယောက်အတွက် တကယ့်ကို အရေးပါဆုံး အချက်ကတော့ API (Application Programming Interface) Level ဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ့် application ဟာ ဘယ် ကိရိယာတွေ (devices) ဘယ် OS version မှာ အလုပ် လုပ်မည် မလုပ်မည် ဆိုတဲ့ ကိစ္စကို သတ်မှတ် နိုင်စွမ်းရှိတဲ့ အဆင့်ဖြစ်လို့ ပါပဲ။ ဥပမာ တချို့ Application တွေဟာ graphic ဘယ်လောက်ရှိမှ CPU ကဘယ်လောက်ဖြစ်မှ OS version က ဘယ်လောက်မှသုံးလို့ ရမယ် မရဘူး စတာတွေကို ဒီအဆင့်မှာ သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
Android ဟာ Linux Kernel ကို အခြေခံရေးသားထားတဲ့ OS (Operating System)  တခုဖြစ်တယ်ဆိုတာ ပြီးတော့ Open Source ဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒါဆို ဘာအကြောင်း တွေကြောင့်များ Android က Linux အပေါ် အခြေခံရသလဲဆိုတဲ့ မေးခွန်း တခု ထွက်လာပါတယ်။ Linux  ဟာလဲ Free and Open Source ဖြစ်ပါတယ်။  ပြီးတော့ Linux က ပေါ့ပါးတယ်။ လုံခြုံမှုရှိတယ်။ Features တွေစုံလင်မှုရှိတယ်။
Linux ဟာ ကွန်ပျုတာ hardware တော်တော်များများမှာ ( mobile  ဖုန်းတွေ၊ tablet computers တွေ network routers, televisions , vedio game consoles, desktop computer, mainframes နဲ့ super computer တွေအထိ) အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလို hardware အတော်များများမှာ အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ OS တခုကို Android က အခြေခံပြီး ရယူသုံးစွဲလိုက်ခြင်းဟာ hardware များကို အတိုင်းအတာ တခုအထိချုံ့ နိုင်ခဲ့သလို hardware နှင့် ၄င်းရဲ့ features အတော် များများကိုလည်း ထည့်သွင်းစဉ်းစားဖို့ မလိုအပ်တော့ပါဘူး။ အားလုံး သိပြီးတဲ့အတိုင်း  Linux ရဲ့ Low Level အပိုင်း အတော်အများများကို ပေါ့ပါးတဲ့ C programming language code  တွေနဲ့ ရေးသားထားတဲ့အတွက် Android ရဲ့ hardware device တွေနဲ့ android application တို့ ဟာ လွယ်ကူ အဆင်ပြေစွာ ပေါင်းစပ် အလုပ်လုပ်နိုင် နေတော့တာပါပဲဖြစ်ပါတယ်။ ဒါကြောင့် Android ဟာလဲ ပေါ့ပါးသွက်လပ်တဲ့ mobile OS တခုအဖြစ် ရပ်တည်လာနိုင်တော့တာပါပဲဖြစ်ပါတယ်။
နောက်ပြီး Linux ဟာ လုံခြုံရေးကောင်းမွန်တဲ့ Operating System ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကာလ တွေကိုကြည့်ရင် သူယခု ရပ်တည်နေတဲ့ အခြေအနေတွေကိုကြည့်ရင် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတာ့ application တစ်ခုကိုတစ်ခု တည်မှီပြီး အလုပ် လုပ်ခြင်း မရှိတာကြောင့် application တစ်ခုကနေ application တစ်ခုသို့ ထိုးဖောက်ပြီးတော့ တိုက်ခိုက်လာနိုင်သော လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း အတော့ကို ကင်းရှင်းသွားပါတယ်။ Adroid ဟာ ဘာကြောင့် ဒီလို လုံခြုံရေးဆိုင်ရာ အားသာချက် မျာစွာရှိနေတဲ့ Linux Kernel ကိုအခြေခံရယူသုံးစွဲ ရသလဲဆိုတာ မေးခွန်းတောင် မေးနေစရာမလိုအောင်ပါပဲ။ ၂၀၁၀ စက်တင်ဘာလောက်မှာ Linux Kernel developer တဦးဖြစ်တဲ့ Rafael J.Wysocki က mainline Linux wakeup events Framework အတွက် patch တခုကို ထည့်သွင်းခဲ့ပါတယ်။ Android devices များရဲ့ drivers တွေအတွက်တော့ သိပ်ကောင်းတဲ့ patch တခုပဲလေ။ ၂၀၁၁ ဒီဇင်ဘာလ လောက်မှာတော့ Android ရဲ့ MainLining Project ကိုစတင်ခဲ့ပြီး ၄င်းတို့ ရဲ့   ရည်ရွယ်ချက်ကတော့ Adriod ရဲ့ drivers များ Patch များ နဲ့ Features များကို Linux Kernel ထဲကို Linux version 3.3 မှစပြီး ထည့်သွင်းဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
Android မှာ Linux ကဲ့သို့ ပင် Mobile devices (ေ၇ွ့ လားနိုင်သော ကြိုးမဲ့ကိရိယာများ) များအတွက်
မှတ်ဥာဏ် ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်း (Memory Management) : မလိုအပ်သောအချိန်တွင် မလိုအပ်သော လုပ်ငန်းဆောင်တာများအားရှင်းလင်းခြင်း၊ အမြဲတမ်းသုံးလေ့ရှိသော applicaiton များလုပ်ငန်းဆောင်တာများကို မှတ်သားထားပြီး ရှာဖွေလုပ်ဆောင်တဲ့အခါမှာ လျှင်မြန်စွာ ဦးစားပေးဖော်ပြပေးနိုင်ခြင်း စတဲ့လုပ်ငန်းဆောင်တာတွေဟာ မှတ်ဥာဏ်ပိုင်းဆုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်းပါပဲ။
ဘထ္ထရီမှ စွမ်းအင်ရယူသုံးစွဲမှုကို ထိန်းချုပ်စီမံနိုင်ခြင်း (Power Management) : မလိုအပ်တဲ့လုပ်ငန်းဆောင်တာများအား memory မှာ ဖယ်ရှားခြင်းဟာလဲ memory သုံးစွဲမှု နည်းသွားတဲ့အတွက် စွမ်းအင်ပိုမို သုံးစွဲလာနိုင်ခြင်း screen resolution ကိုထိန်းချုပ်စီမံနိုင်ခြင်းကြောင့် စွမ်းအင်သုံးစွဲနိုင်ချိန် ပိုမိုကောင်းမွန်လာခြင်း စသည့် ဘထ္ထရီမှ စွမ်းအင်သုံးစွဲမှု ကြာချိန်ကိုမြင့်တင်နိုင်ဖို့ ရေးဆွဲးထားသည့် Management tool တခုပါပဲ။
ကွန်ယက်ချိတ်ဆက်သုံးစွဲနိုင်တဲ့ networking စတဲ့စွမ်းအင်မြင့် Features များလဲပါဝင်ပါတယ်။ Android ဟာ  GSM/EDGE, CDMA, IDEN, EV-DO, UMTS, Bluetooth, Wifi, LTE နှင့် Wimax အစရှိတဲ့ ကွန်ယက်ချိတ်ဆက်မှု နည်းပညာများကို အထောက်အပံ့ပေးပါတယ်။
အခြား စွမ်းအင်မြင့် Features တွေဖြစ်တဲ့ Handset Layouts ( graphic ရုပ်ပိုင်းဆိုင်များအဆင်ပြေစေရန်)၊ Storage (data တွေသုံးဖို့ အတွက် ပေါ့ပါးတဲ့ Relational database အမျိုးစား ဖြစ်တဲ့ SQLite များသုံးစွဲထားခြင်း)။  Multiple Language Support, Web Browser, JavaSupport , Multitasking,Multi touch, Screen capture ,Additional Hardware support, Media/Streaming Media support, Video calling စတဲ့ Features  များကိုရရှိနိုင်ပါတယ်။
တကယ်တော့ Android OS ကို အလွှာ အထပ်ထပ်နဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတာဖြစ်ပါတယ်။ ပြီးတော့ ၄င်းအလွှာ တခု နှင့် တခုဟာလည်း သည်းခြားစွာ ကွဲပြား ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ တခု နှင့် တခုပေါင်းစပ် အလုပ် လုပ်ကြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီအောက်က ပုံလေးကတော့ Android Operating System ကို ဘယ်လိုအလွှာ အဆင့်ဆင့်နဲ့  ဖွဲ့ စည်းထားသလဲ ဆိုတာကိုပြသတဲ့ပုံ ( Android Stack) ပါပဲ။
Android အတွက် applications များ၊ လိုအပ်တဲ့ services များ ဖန်တီးရေးသား တဲ့အခါမှာ ၄င်း  apps များနှင့် services များဟာ Andorid OS ရဲ့ Application Layer မှာ အလုပ် လုပ်ပါတယ်။ Android သာမန်အသုံးပြုသူ(end user)ဟာ ဒီ Application Layer ပေါ်မှ apps များ၊ services များကိုသာ အသုံးပြုမှာပါ။ အောက်က layers တွေကို သူတို့ သတိထားမိမှာမဟုတ်ပါဘူး။
ဥပမာ ကျနော်တို့  Contact Book application တခုရေးသားတယ်ဆိုပါတော့ဗျာ။ အသုံးပြုသူက contact အသစ်ဖန်တီးခြင်း၊ ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ရှာဖွေခြင်းစတာတွေပဲ သူတို့ အသုံးပြုမှာပါ။ ဒီနေရာမှာ သိရမှာက Andorid Application layers ပေါ်က apps & services များဟာ အောက်က layers တွေနဲ့ ဆက်နွယ် အလုပ်လုပ်ဆောင်တယ်ဆိုတာကို သိထားရမှာပါ။  အထက်ဖော်ပြပါ contact app ရေးသားတဲ့အခါ ဒေတာတွေသိမ်းဖို့ အတွက် SQLite လို libraries တွေ  စတဲ့ libraries တွေအသုံးပြုရမှာပါ။ ဆိုလိုချင်တာက applcation layer မှာရေးသားမယ် applications တွေဟာ Native Libraries  တွေကို အသုံးပြုရေးသားတယ်။ ၄င်းတို့ လိုအပ်တဲ့ layers တွေနဲ့ ချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာကိုသိစေချင်တာပါ။ ၄င်း Native Libraries တွေဟာ C/C++ လို programming နဲ့ ရေးသားထားပြီး open source ဖြစ်တဲ့အတွက် မည်သူမဆို သိရှိနိုင်လေ့လာနိုင်တဲ့အပြင် ရယူသုံးစွဲပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီအကြောင်းတွေကို အရင်အပိုင်းမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်။
SQLite :application အားလုံးအတွက် ပေါ့ပါးပြီး စွမ်းအင်မြင့်မားတဲ့ Relational Database Engine ရရှိနိုင်ပါတယ်။ Features တော်တော်များများ စုံလင်စွာ ပါရှိတဲ့ SQL Database အမျိုးအစားပါ။
Surface Manager
WebKit- modern web browser engine တမျိုးပါ။ Safari ၊ Chrome နှင့် အခြား browser များတွင်သုံးထားသော web rendering engine မျိုးဖြစ်ပါတယ်။
Open GL -3D graphic libraries များပါ။ Open GL ES 1.0 APIs ကိုအခြေခံထားတာပါ။
FreeType-bitmap and vector font rendering
Surface Manager- Application  ပေါင်းစုံက  ၂ ဖက်မြင် ၃ ဖက်မြင် အလွှာများအဆင်ပြေပြေ ပေါင်းစပ် အလုပ်လုပ်နိုင်ဖို့ ၊ သက်ဆိုင်ရာ subsystem တွေအထိ display access ကို စီမံခန့် ခွဲနိုင်တဲ့ libraries ဖြစ်သည်။
Media libraries များမှာလဲ လူသုံးများတဲ့ ရုပ်ပုံ၊ အသံ၊ ရုပ်ရှင် ဖိုင်တွေရဲ့ format  တွေဖြစ်တဲ့ ( MPEG4, 3GP, MP3, JPG, PNG စတဲ့ ဖိုင်အမျိုးစားများ ထောင့်ပံ့တဲ့ libraries များဖြစ်သည်။
SSL -Secure Socket Layer  လုံခြုံမှုဆိုင်ရာ libraries များ ဖြစ်သည်။
Libc - ဆိုတာကတော့ System C libraries များဖြစ်ပါတယ်။
အထက်ဖော်ပြပါ libraries များကို နဂိုအရှိတိုင်း တိုက်ရိုက်အသုံးချနိုင်ပါတယ်။ ဒါပေမယ့်တချို့  mobile ကိ၇ိယာ ထုတ်လုပ်သူများက မိမိတို့ ထုတ်လုပ်မယ့် hardware များနှင့်ကိုက်ညီစေရန်  စံထား C Library များကို ပြန်လည်ရေးသားပြီး အသုံးပြုသော မူကွဲ တစ်မျိုး အဖြစ် Bionic  ကို ထည့်သွင်း သုံးစွဲပါတယ်။ Bionic ကို သုံးစွဲရတာ အကြောင်း ၂ ရပ်ကြောင့်ပါ။
နည်းပညာအပို်င်းအရ moblie devices များကို သယ်ယူရအဆင်ပြေစေရန် သေးငယ်အောင် ထုတ်လုပ်ရပါတယ်။ mobile devices များဟာလည်း battery မှစွမ်းအင်ကို ရယူသုံးစွဲနေရတဲ့အချိန် battery များရဲ့ စွမ်းအင်သိုလောင်နိုင်မှု ကိုလည်း ချက်ခြင်းကြီး တိုးတက်အောင်မလုပ်နိုင်သေးတဲ့အချိန်မျိုးမှာ အတက်နိုင်ဆုံး အဆင်ပြေစေရန် ၄င်းတို့ အတွက် ရည်ရွယ်ပြီး Bionic ကိုထည့်သွင်းထားပါတယ်။
ခွင့်ပြုမှု - ၄င်းကို ပြုပြင်ယူကာသုံးလိုသူများအတွက် အဆင်ပြေသော license မျိုးရှိခြင်း တို့ ကြောင့် Bionic ကိုထည့်ထသွင်းထားပါတယ်။
Android  Run time ကိုတော့ JVM နဲ့  အနည်းငယ် နှိုင်းယှဉ်တင်ပြလိုတာကြောင့် နောက်တပိုင်းမှ ရေးသားပါတော့မယ်။
credit -  Ye` Paing Phyo\
အားလုံးကိုကျေးဇူးတင်ပါတယ်
ရဲထက်(www.wavemobilespecialservices.blogspot.com)
Twitter Bird Gadget