Wednesday, October 9, 2013

ဟာသလေးပါ(ပျှော်ရွှင်နိုင်ကြပါစေ။)

မောင်ရိုးဟာ ကောင်မလေးတစ်ယောက်ကို ချစ်နေတာကြာပါပြီ ဒါပေမဲ့ ဖွင့်ပြောဖို့ သတ္တိမရှိဘူးဖြစ်နေတယ်

တစ်ညမှာတော့ ရှိစုမဲ့စုသတ္တိလေးကို စုစည်းပြီးတော့ မက်ဆေ့ပို့ဖို့ လုပ်ပါတော့တယ် သူမက်ဆေ့ကို ဒီလိုရေးလိုက်ပါတယ်
"ကောင်မလေးရေ ငါ မင်းကိုချစ်နေတာကြာပါပြီဟာ ငါတို့နှစ်ယောက်အပြင်မှာ တွေ့ရအောင်နော် ဒါကို နင်လက်ခံတယ်ဆိုရင် ငါ့ဆီ မက်ဆေ့ပြန်ပို့ပေးပါ နင်ပြန်မပို့ရင်တော့ နင်လက်မခံဘူးလို့ပဲ ယူဆလိုက်တော့မယ်နော်"
မောင်ရိုးဟာ ရင်ခုန်ခြင်းများစွာနဲ့ စာကိုပို့လိုက်ပါတယ်

ခဏအကြာမှာတော့ မက်ဆေ့ဝင်လာတဲ့အသံကို ကြားလိုက်ပါတယ် ဒါပေမဲ့ သူမဖွင့်ရဲဘူး ဒါနဲ့ပဲ မနက်မှကြည့်မယ်ဆိုပြီး ရင်ခုန်စွာနဲ့အိပ်ပျော်သွားပါတော့တယ်

မနက်လင်းတော့ အိပ်ယာထ သွားတိုက် ရေမိုးချိုး ဖီးလိမ်းပြင်ဆင် မနက်စာစားပြီးတော့မှ အခန်းထဲကို ဝင်ပြီးတော့ ရင်ခုန်စွာနဲ့ မက်ဆေ့ကိုဖွင့်လိုက်ပါတယ် မက်ဆေ့မှာရေးထားတာက

"Your balance is lower than 200 kyats or Cents, Please recharge."

ပျော်ရွင်ပါ စေ ....




usb debug on စရာမလို ပဲ pattern pin password face lock တွေဖြည်မယ်

usb debug on စရာမလို ပဲ pattern pin password face lock တွေဖြည်မယ်

usb debug off ကို on ဖြစ်အောင်လုပ်မယ် too many pattern attempt ကို wipe data မလို debug မလိုပဲဖြုတ်လို့ရတဲ့ ဆော့ဝဲလေးရေးထားပါတယ်

ခု Tool လေးက Pattern,Pin,Password,Face lock တွေကို
2.3 Ginger ကနေ 4.2 Jellybean အထိ ဖြတ်လို့ရတဲ့ ဆော့ဝဲလေးပါ။
ဒီလို lock ဖြည်တဲ့ဆော့ဝဲတွေက အများကြီးပဲထွက်နေကြတာပါ.။
အဲ့ထဲမှာ ဒီ Tool လေးရဲ့ ထူးခြားချက်တွေကတော့
-Too many pattern attempt ကိုwipe data မလုပ်ပဲ ဖျက်နိုင်တယ်
-Ginger အနည်းစုနဲ့ ICS and JB အများစုမှာ USB debug on ပေးနိုင်တယ်.ပြီးတော့
USB Debug onမထားလဲ ANY LOCK ကိုဖျက်နိုင်တယ်..
-gesture.key နဲ့ password.key ကို ဖျက်တာမဟုတ်ပဲ SQL ကိုသုံးပြီး database
ဖိုင်ကိုပြင်ထားတာဖြစ်တယ်

Download Here

လုပ်နည်းကတော့ ဖုန်းကို Recoveryဝင်ပါ ကွန်ပျူတာနဲ့ချိတ်ပါ ပြီးရင် ဇစ်ဖိုင်ထဲက .bat ကို run ပါ။ reboot ကျပြီးပြန်တက်လာရင် လော့ပျက် ဒီဘက် အွန်ပြီးဖြစ်နေပါလိမ့်မယ်
introduction.text ကိုဖတ်ပါ

ကွန်ပျူတာချင်း ဖုန်းအခြေအနေချင်းမတူတဲ့အတွက် ရချင်တဲ့ဖုန်းမှရပါလိမ့်မယ်

စမ်းသပ်ပြီး Model တွေက samsung ace. Huawei y511 g520 g525 auxv920 နဲ့ huawei တော်တော်များများမှာစမ်းထားပါတယ

ရမရစမ်း ပြီး ရင် comment ပေးသွား ကြပါအုံး ...

zip passward က nainglynn ပါ။



အဆင်ပြေကြပါစေ။
ကျွန်တော်သိသမျှလေ့လာနေသမျှတွေဟာအားလုံးကိုမျှဝေဖို့ပါ။


ရဲထက်(www.wavemobilespecialservices.blogspot.com)


Samsung/i phone/ sony/ HTC ဖုန်းများကိုအစစ်လားအတုလားခွဲခြားနည်း

ခုနောက်ပိုင်း samsung / iphone/ sony/ HTC ဆိုတဲ့နာမည်ကြီး brand တွေကိုပုံစံတူခိုးပြီးရောင်းလာတာများလာပါတယ်။ပုံမှန်ဆိုင်တွေကတော့အတု(Clone) ဟုပြောရောင်းသလိုရောချတဲ့ဆိုင်တွေလည်းရှိပါတယ်။အဲဒိအတွက်စစ်ဆေးနည်းကိုဗဟုသုတအနေနဲ့
ပြောပြချင်ပါတယ်။ဖတ်ပြီးရင်အခြားသူငယ်ချင်းလည်းသိအောင် share ပေးကြပါနော်။
အရင်တုန်းကပုံစံတူတွေထုတ်ပေမယ့် java ဖြစ်တဲ့အတွက်ခွဲခြားရလွယ်သလိုပုံစံမှာလည်းကွာခြားလို့ရှိပါတယ်။အခု Clone Android တွေထွက်လာတော့ Brand ကလည်း Android ဆိုတော့ အတွင်းပိုင်းမှာခွဲခြားမရအောင်တူလာပါတယ်။အပြင်ပိုင်းအရလည်းတော်တော်လေးတူလာပါတယ်။
ပုံမှန် service သမားတစ်ယောက်အနေနဲ့သိနိုင်သော်လည်းအပြင်လူအနေနဲ့ကသိနိုင်ဖို့ခက်ခဲပါတယ်။
အဓိကအားဖြင့်နိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေအတွက်ပါ။အဲဒိမှာဆိုင်တွေကဘယ်နှစ်နှစ်အာမခံ၊
ဗီယက်နက်ထုတ်အစစ်စသဖြင့်လိမ်ရောင်းတာကိုလက်တွေ့ခံရတဲ့ကျွန်တော့သူငယ်ချင်းတွေလည်းအများကြီးတွေ့ဖူးပါတယ်။
ခုစစ်ဆေးနည်းသုံးမျိုးပြောပြပါမယ်။
 
1.အမြင်အားဖြင့်ဆုံးဖြတ်ခြင်း

ကျန်တာတွေဘယ်လောက်တူတူ ရုပ်ထွက်ကတော့အရောင်ကပုံမှန်ထက်လျော့ပါတယ်။

2.ကုဒ်နံပါတ်များသုံးစစ်ဆေးနည်း

samsung တွင်သာ
*#1234#
*#0*#
*#1111#

3.imei ဖြင့်စစ်ဆေးနည်း(All Brand)

*#06# ကိုနှိပ်ပြီးဖြစ်စေ။နောက်ကျောဘက်ဓာတ်ခဲဖယ်လိုက်လျှင်လည်းကပ်ထားတဲ့စာထဲမှာ imei ရှိပါတယ်။15 လုံးရှိပါတယ်။အဲဒိနံပါတ်ကိုမှတ်ပြီး Android ဖုန်းမှာစစ်ဆေးနိုင်ရန် IMEI  check by MH Application အသုံးပြုခြင်းဖြင့်ဖြစ်စေ။အောက်ကလင့်တွေကွန်ပျူတာဖြင့်ဖြစ်စေစစ်ဆေးနိုင်ပါတယ်ခင်ဗျား။
Enter IMEI number below အောက်ကအကွက်ထဲတွင်မိမိ IMEI နံပါတ်ကိုရိုက်ထည့်ပြီး Analyse ကိုနှိပ်လိုက်ပါ။



အဆင်ပြေကြပါစေခင်ဗျား
လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ။

ဆက်လက်ကြိုးစားလျက်ပါ
ရဲထက်(www.wavemobilespecialservices.blogspot.com)


gt-i9100 version 4.2.2 slim official

ကျွန်တော်စမ်းသပ်ထားပါသည် error မရှိပါဘူး  လိုအပ်မယ်ဆိုယူသုံးလို့ရတာပေါ့ ခင်ဗျာ

Download Here


battery problem

Huawei G610,C8155 တွေမှာ ပြီးတော့ 4.2.2 အထက်တွေမှာ battery နဲ့ ပက်သက်တဲ့ ဆော့ဝဲတွေ မထည့်ကြပါနဲ့ ဘက်ထရီလည်း စားတယ် ပြီးတော့
တစ်ချို့ဆော့ဝဲတွေနဲ့ သွားငြိတက်ပါတယ်
percentage နဲ့ ကြည့်ချင်ရင် settings>>battery>>battery percentage လေးကို အမှန်ခြစ်လေး ပေးလိုက်ရင် သင့်ရဲ့ဖုန်းရဲ့ battery ဘေးနာမှာ percentage လေးနဲ့ သွားပေါ်နေပါလိမ့်မည်
original ပါပါတယ် ခင်ဗျာ အဆင်ပြေကြပါစေ
မသိသူဖော်စား သိတဲ့ သူကြော်စားပေါ့ 







__ Samsung မှ ကမ္ဘာ့ပထမဆုံး ကွေးညွတ်မျက်နှာပြင်နှင့် ဖုန်းထုတ်လုပ် (အတိအကျတော့မသိရသေးပေမယ့်သေချာသလောက်တော့ရှိနေပြီဖြစ်ပါတယ်)

 
 
 
 
Samsung က ဒီနေ့ပဲ ကွေးညွတ်မျက်နှာပြင် အသုံးပြုထားတဲ့ စမတ်ဖုန်းကို ကြော်ငြာလိုက်ပါတယ်။
ဒီဖုန်းက Galaxy Round လို့ ခေါ်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်ပြီး မျက်နှာပြင်ကို
ကွေးညွတ်ထားတာကလည်း အံ့သြဖို့ ကောင်းတယ်။

Design
၅.၇ လက်မရှိပြီး 1080p HD အရည်အသွေးထွက်ရှိပါတယ်။ Android 4.3 ကို အသုံးပြုထားပြီး
Note 3 မျက်နှာပြင်မှာ လုပ်နိုင်သမျှလုပ်နိုင်တယ်လို့ သိရပါတယ်။

မျက်နှာပြင်က သိသိသာသာကြီးကို ကွေးညွတ်နေပြီး Feature အသစ်တွေအဖြစ် roll effect နဲ့
gravity effect ဆိုပြီး ထည့်သွင်းထားပါတယ်။ အဲဒီ effect တွေရဲ့ အားသာချက်ကတော့ Screen
ကိုတောင် unlock လုပ်စရာမလိုပဲ အချိန်တွေ၊ အချက်အလက်တွေ၊ သီချင်းတွေက
ို နားဆင်ခံစားဖို့လို့ သိရတယ်။

Camera
Round ရဲ့ ကင်မရာက S4 နဲ့ Note 3 မှာလိုပဲ 13 megapixel ဖြစ်တယ်။ အရှေ့ကင်မရာကတော့
2MP ပါ။

Performance
Processor ကို ထူးထူးခြားခြားနဲ့ 2.3 GHz MSM 8974 quad-core ကို အသုံးပြုထားပြီး
32GB နဲ့ စလာမှာဖြစ်တယ်လို့သိရတယ်။ RAM ကတော့ 3GB ပါ။

Battery
Battery ကတော့ 2800 mAh ရှိတယ်။

ဈေးနှုန်း
လက်ရှိအချိန်မှာ Galaxy Round ကို ကိုရီးယားအတွက်ပဲ ထုတ်လုပ်ထားပြီး
ကမ္ဘာ့ဈေးကွက်အကုန်လုံးကို မဖြန့်သေးဘူးလို့ Samsung က ပြောထားပါတယ်။
Samsung ကတော့ တစ်ကမ္ဘာလုံးအတွက် Coming Soon ပါတဲ့။
Credit to--Smart Pro Journal

ဟင်းချက်နည်း နဲ့  မုန့် လုပ်နည်း 53 မျိုး လေ့လာနိုင်တဲ့ စာအုပ်လေးပါ






Download Here
Twitter Bird Gadget