Wednesday, October 9, 2013

ဟာသလေးပါ(ပျှော်ရွှင်နိုင်ကြပါစေ။)

မောင်ရိုးဟာ ကောင်မလေးတစ်ယောက်ကို ချစ်နေတာကြာပါပြီ ဒါပေမဲ့ ဖွင့်ပြောဖို့ သတ္တိမရှိဘူးဖြစ်နေတယ်

တစ်ညမှာတော့ ရှိစုမဲ့စုသတ္တိလေးကို စုစည်းပြီးတော့ မက်ဆေ့ပို့ဖို့ လုပ်ပါတော့တယ် သူမက်ဆေ့ကို ဒီလိုရေးလိုက်ပါတယ်
"ကောင်မလေးရေ ငါ မင်းကိုချစ်နေတာကြာပါပြီဟာ ငါတို့နှစ်ယောက်အပြင်မှာ တွေ့ရအောင်နော် ဒါကို နင်လက်ခံတယ်ဆိုရင် ငါ့ဆီ မက်ဆေ့ပြန်ပို့ပေးပါ နင်ပြန်မပို့ရင်တော့ နင်လက်မခံဘူးလို့ပဲ ယူဆလိုက်တော့မယ်နော်"
မောင်ရိုးဟာ ရင်ခုန်ခြင်းများစွာနဲ့ စာကိုပို့လိုက်ပါတယ်

ခဏအကြာမှာတော့ မက်ဆေ့ဝင်လာတဲ့အသံကို ကြားလိုက်ပါတယ် ဒါပေမဲ့ သူမဖွင့်ရဲဘူး ဒါနဲ့ပဲ မနက်မှကြည့်မယ်ဆိုပြီး ရင်ခုန်စွာနဲ့အိပ်ပျော်သွားပါတော့တယ်

မနက်လင်းတော့ အိပ်ယာထ သွားတိုက် ရေမိုးချိုး ဖီးလိမ်းပြင်ဆင် မနက်စာစားပြီးတော့မှ အခန်းထဲကို ဝင်ပြီးတော့ ရင်ခုန်စွာနဲ့ မက်ဆေ့ကိုဖွင့်လိုက်ပါတယ် မက်ဆေ့မှာရေးထားတာက

"Your balance is lower than 200 kyats or Cents, Please recharge."

ပျော်ရွင်ပါ စေ ....




1 comment:

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget