Monday, January 27, 2014

*** လေ့လာတွေ့ရှိချက်များ ***

Mr.AD စုဆောင်းပြုစုသည်။

mobile ဖြင့် fb သုံးရာတွင် ရေအိမ်တက်ချိန် နှင့် အိပ်ယာဝင်ချိန်မှာ အရသာအရှိဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

computer နဲ့ fb သုံးနေစဉ် Chat Box တွင် web ထက် mobile ဦးရေမှာ ပိုများနေကြောင်း လေ့လာတွေ့ရှိခဲ့သည်။

မိန်းကလေးများရဲ့ Profile ပုံများတွင် အပေါ်စီးမှရိုက်သော မျက်နှာများ အများဆုံးတင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ မျက်နှာကို
အောက်ကပင့်ရိုက်ခြင်းမှာ အလွန်ပင်နည်းကြောင်း ..
ထပ်မံ လေ့လာတွေ့ရှိခဲ့သည်။

Hand Set အသစ်တစ်လုံး ၀ယ်ပြီးပါက ၀ယ်ပြီးပြီချင်း (၃)လလောက် ဖုန်းအသစ်လေးကို မပွန်း၊ မရှ၊ မထိခိုက်အောင် ဂရုစိုက် ကိုင်တွယ်ပြီး
နောင်များတွင် ပွန်းပွန်း ပဲ့ပဲ့ ဖြစ်သလို ကိုင်တတ်ကြောင်း
လေ့လာတွေ့ရှိခဲ့သည်။ (အများစုမှာ ယောက်ျားလေးများ ဖြစ်သည်)

အိပ်ယာဝင်ချိန် နှင့် အိပ်ယာနိုးချိန်များတွင် fb ကို မပျက်မကွက် လာရောက် noti ရှင်းလင်းကြသူများ တစ်နေ့ထက်တစ်နေ့ များလာသည်ကိုလဲ
လေ့လာတွေ့ရှိခဲ့သည်။

ဂျ၊ ပု၊ တိ၊ ဟွတ်၊ ညော်၊ တေး၊ ကျမ်း၊ နာ၊ တေ၊ ရေး ... အစရှိသော မပီကလာ မြန်မာ Language အသစ်များ online တွေ ရေပန်းစား
ခေတ်စားနေကြောင်း လေ့လာတွေ့ရှိခဲ့သည်။

photo comment များမှာ fb အပေါင်းသင်း ရောင်းရင်းများကြား အလွန်ပင် ခေတ်စားလာကာ ကိုယ့်ဘော်ဒါများကိုလဲ Troll လုပ်ကာ comment တွေမှာ အချင်းချင်း သမကြပြီး fb မှာ ပျော်ရွှင်ကြသူများ များပြားလာကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ဘ၀အမောဖြေနိုင်မယ့် ဟာသ များကို တင်သော ဟာသ ပေ့ခ်ျများသည် နည်းပညာပေ့ခ်ျများထက် fans များစွာရရှိနေကြောင်း
လေ့လာတွေ့ရှိခဲ့သည်။ နည်းပညာ ပေ့ခ်ျများမှာ ပို့စ် ပုံမှန်တင်နိုင်မှသာ fans ဦးရေ ဖြည်းဖြည်းချင်း တက်လေ့ရှိသည်ကိုလဲ ထပ်မံ လေ့လာတွေ့ရှိခဲ့သည်။

ယခုစာကို ဖတ်နေသောသူများသည် တစ်နေ့တာ online သုံးခြင်းတွင်
fb တွင် အများဆုံး အချိန်ကုန်ကြောင်းကိုလဲ လေ့လာတွေ့ရှိခဲ့သည်။

weechat , viber , Tango ... အစရှိသော VOIP app များကြောင့် ယခင်က နာမည်ကြီး G-talk ကို အသုံးနည်းလာကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ယနေ့ခေတ်လူငယ်များ MIRC ကို မသုံးသလောက် ရှိနေကြောင်း ထပ်မံ လေ့လာတွေ့ရှိခဲ့သည်။

ဖုန်းဆိုင်များလဲ တစ်နေ့တစ်ခြား များပြားလာကြောင်း၊ တစ်ချို့မှာ မျက်စောင်းထိုး၊ ဘေးချင်းကပ်၊ တစ်ပြကျော်၊ တစ်ဘလောက်အကွာ .. စသဖြင့် အပြိုင်အဆိုင် ဖွင့်လာကြောင်း လေ့လာတွေ့ရှိခဲ့သည်။
လာမည့်နှစ် ၂၀၁၄ တွင် ယခုထက် အဆ(၁၀၀)လောက် ပိုများလာနိုင်ကြောင်းလဲ လေ့လာတွေ့ရှိခဲ့သည်။

များမကြာမီတွင် facebook သည် မြန်မာနိုင်ငံရဲ့ ကြေငြာ ကဏ္ဍတွင် အရေးပါသော Commercial website ကြီးဖြစ်လာတော့မည်ဖြစ်ကြောင်း
လေ့လာတွေ့ရှိခဲ့သည်။ အောင်မြင်နေသော Page များကိုလဲ စီးပွားရေးသမားများ ဈေးကြီးပေးကာ ၀ယ်ယူနေသည်ဟုလဲ ထပ်မံ လေ့လာတွေ့ရှိခဲ့သည်။

နိဂုံးချုပ်အနေဖြင့် ရေးရသော် .........

Facebook User ဦးတည်ချက် (၅)ရပ်

- Facebook ပုံမှန်သုံးစွဲရေး။

- like , share , comment များ အပြန်အလှန် ရရှိရေး။

- သတင်း နှင့် ဓါတ်ပုံများ မနှေးအမြန် ဖတ်ရှုရေး။

- မည်သို့ပင် အလုပ်ရှုပ်နေကာမူ facebook ဖွင့်ကာ noti စစ်ဆေးရေး။

- ဖြစ်ပေါ်လာသည့် connection ကို အံတုပြီး facebook ပေါ်သို့ မရောက် ရောက်အောင် တက်ကြည့်ရေး။

....... တို့ဖြစ်ပါကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

ပြီးပါပြီ။ ထပ်မံတွေ့ရှိချက်များကို နောင်တွင် ဆက်လက်တင်ဆက်သွားပါ့မည်

Mr.AD

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget