Monday, January 27, 2014

*** MyDarling (သို့) ချစ်သူတွေအတွက် ချစ်စရာ Widget လေး ***


အလန်းလေးတွေ မတင်တာကြပြီဖြစ်လို့ App အလန်းလေးတွေမှ သဘောကျ နှစ်သက်တဲ့သူတွေအတွက် MyDarling ဆိုတဲ့ widget အလန်းလေးကို တင်ပေးလိုက်ပါတယ်။ ချစ်သူစုံတွဲတွေအတွက် အရမ်းချစ်စရာကောင်းတဲ့ app လေးပါ။ ပထမဆုံး စတင် အသုံးပြုတဲ့အခါ ကိုယ့်ချစ်သူရဲ့ information များကို ထည့်သွင်းပေးရပါမယ်။ ဓါတ်ပုံ၊ နာမည်၊ မွေးနေ့၊ ချစ်သူစဖြစ်တဲ့နေ့၊ ဖုန်းနံပါတ် .. စသဖြင့် ထည့်သွင်းပေးရပါမယ်။ widget လေးမှာ ပါဝင်တဲ့ function တွေက အများကြီးဗျ။ အဓိက ဖော်ပြတာလေးတွေကို ရေးပေးလိုက်ပါတယ်။

- ကိုယ့်ချစ်သူရဲ့ ဓါတ်ပုံ သုံးပုံကို screen ပေါ် တင်ထားလို့ရတယ်။ Refrash လုပ်ကာ တစ်ပုံပြီးတစ်ပုံ ပြောင်းလဲ အသုံးပြုနိုင်တယ်။

- ချစ်သူရဲ့ မွေးနေ့ဘယ်တော့ ရောက်ရှိမလဲဆိုတာ ဖော်ပြပေးတယ်။
Noti bar မှာလဲ မွေးနေ့ကိုရောက်ရင် သတိပေးဖို့ timer ပေးထားလို့ရတယ်။

- ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ရက် အရေတွက်ကိုလဲ ဖော်ပြပေးတယ်။
ဘယ်နှစ်ရက်၊ ဘယ်နှနှစ် ရှိနေပြီလဲ အတိကျ ဖော်ပြပေးပါတယ်။

- ချစ်သူဆီ အလွယ်တကူဖုန်းခေါ်ဖို့နဲ့ sms ပို့ဖို့အတွက် Call & SMS function များလဲ တစ်ခါတည်း ပါရှိပါတယ်။ ထပ်မံပြီး ဖုန်းခေါ်ရ လွယ်ကူအောင်လို့လဲ noti bar ပေါ်မှာ ချစ်သူရဲ့ contact ကို တင်ထားလို့ရသေးတယ်ဗျာ။ တစ်ချက်နှိပ်လိုက်ရင်
ဖုန်းတန်းခေါ်မယ့် Direct Call function ကိုလဲ အသုံးပြုနိုင်ပါတယ်။

- ချစ်သူဆီမှ အ၀င် call , အထွက် call များ မှတ်သားထားသည်များကိုလဲ
ကြည့်ရှုနိုင်ပါတယ်။

- ယောက်ျားလေးသုံး နှင့် မိန်းကလေးသုံးဆိုပြီး widget theme နှစ်မျိုးပါရှိတယ်။

- ဖုန်းတော်တော်များများနှင့် အဆင်ပြေအောင် widget size သုံးမျိုး ပါရှိပါတယ်။

နောက်ထပ် function များစွာလဲ ပါရှိပါသေးတယ်။ မထင်ရဘူးခင်ဗျ။ ဒါလေးကို စမ်းတုန်းက သာမန် widget လေးပဲဆိုပြီး ထင်ခဲ့တာ။ ကလိကြည့်တော့မှ ချစ်သူစုံတွဲတွေအတွက် များစွာသော
function တွေ ပါရှိနေတာကို သိခဲ့ရတယ်။ ကလိကြည့်ပေတော့။
MyDarling ဟာ widget ဖြစ်တဲ့အတွက် widget ထဲကနေ ရှာဖွေပြီး homescreen ပေါ်တင်ပေးရပါမယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

သြော် .. ဒါနဲ့ မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးတဲ့ ညီမလေး ခင်ဝင့်ဝါကိုလဲ ကျေးဇူးတင်ပါတယ်လို့ .... ဟီး



ဒီမှာဒေါင်းလိုက်နော် ခစ်ခစ်ခစ်

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget