Wednesday, August 28, 2013

Android အသုံးပြုသူတွေက iPhoneသမားတွေကို ချိုးနှိမ်ပြောချင်ရင်…

လက်ရှိ Smartphoneလောကမှာ Androidဖုန်းတွေနဲ့ iPhoneတွေရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းပါတယ်။ iPhoneဘက်မှာတော့ တစ်ဦးတည်းသော ကျောထောက်နောက်ခံ ဖြစ်တဲ့ Appleက ရပ်တည်နေပြီး Android နောက်မှာတော့ Samsung, HTC, Huawei, Sonyလို ကုမ္ပဏီတွေ အပါအ၀င် များစွာသော ကုမ္ပဏီတွေ ရပ်တည်နေပါတယ်။ ဒါပေမယ့် အဓိက ကတော့ Samsungဖြစ်ပြီး အခုလည်း ကျွန်တော်က Androidကိုယ်စားပြု အဖြစ် Samsungနဲ့ Appleကိုယ်စားပြု iPhoneကို ယှဉ်ပြီး ပြောသွားမှာပါ။ ကျွန်တော် ပြောမှာက Androidဖုန်းက iPhoneထက် သာလွန်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ကဲ ဆက်ကြည့်ရအောင်ဗျာ။

(၁) အရင်ဆုံး Android အသုံးပြုသူက iPhoneသမားကို ပြောနိုင်တာ တစ်ခုကတော့ ငါ့ဖုန်းရဲ့ Screenက မင်းထက်ပိုကြီးတယ် ဆိုတာပါပဲ။

(၂) နောက်တစ်ချက်ကတော့ ငါ့မှာ SD Card Slotကို သုံးပြီး Storageကို ထပ်မြှင့်နိုင်သေးတယ် ဆိုတာပါပဲ။

(၃) နောက်တစ်ချက်က ငါ့ဘက်ထရီကို လဲချင်သလို၊ ဖြုတ်ချင်သလို ဖြုတ်လို့ ရတယ်ဆိုတာ ဖြစ်ပါတယ်။

(၄) ပြီးတော့ Home Screenကို စိတ်ကြိုက် ပြောင်းလဲနိုင်တာ ဖြစ်ပြီးတော့ Widgetနဲ့ Appတွေကို စိတ်ကြိုက် ပြောင်းလဲနိုင်မှာ ဖြစ်သလို Wallpaperတွေကိုလည်း ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၅) နောက်ပြီး ဖုန်းကို Tabletလိုလည်း သုံးနိုင်ပါသေးတယ်။

(၆) လက်ရှိ Googleရဲ့ အသံစနစ်နဲ့ ထိန်းချုပ် လုပ်ဆောင်မှုတွေက Siriထက် သာလွန်နေတာ တွေ့ရပါတယ်။

(၇) နောက်ပြီး Google Mapကို တစ်ခါ Downloadလုပ်ပြီး အစုံသုံးနိုင်ပေမယ့် iPhoneကတော့ Appတစ်ခုချင်းစီကို Downloadလုပ်ရပါတယ်။

(၈) ပြီးတော့ Androidဖုန်းတွေက Googleရဲ့ Gmail, Chromeနဲ့ အခြားသော ၀န်ဆောင်မှုတွေ အားလုံး သုံးနိုင်ပါတယ်။

(၉) နောက်တစ်ချက်က ဖုန်းတစ်လုံးနဲ့ တစ်လုံးကို နီးကပ်စွာ ကပ်ထားလိုက်ရုံနဲ့ NFCစနစ်ကြောင့် ဓါတ်ပုံနဲ့ အခြားသော Fileတွေကို အလွယ်တကူ ကူးယူနိုင်တာ ဖြစ်ပါတယ်။

(၁၀) နောက်ပြီး Google Walletလို စနစ်တွေကို အသုံးပြုပြီးတော့ Onlineကတစ်ဆင့် ငွေပေးချေမှုတွေကို လွယ်ကူစွာ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

(၁၁) အထူး သီးသန့်ထုတ်လုပ်ထားတဲ့ Charger မလိုပဲ Standard USB Chargerရှိရုံနဲ့ အားသွင်းနိုင်တာ ဖြစ်ပါတယ်။

Credit To ကိုမင်းခန့်

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget