Monday, August 26, 2013

Lenovo IdeaPad Tablet A1 ကို Root လုပ်နည်း

အရေးကြီးသောဖိုင်များကိုပထမဦးဆုံး backup လုပ်ထားပါ။
Root လုပ်ရန်အတွက် CWM Recovery နဲ့ Root.zip ဖိုင်တွေလိုအပ်တဲ့အတွက်အောက်မှာ download ရယူလိုက်ပါ။recovery ယူရန်

Download ရယူပြီးပါက ရလာသောဖိုင်နှစ်ဖိုင်ကို Tablet ရဲ့ sd card ထဲသို့ထည့်ပြီးပါဝါပိတ်ပါ။
ပြီးလျှင် vol down & power button ကိုတွဲနှိပ်ပါ။ Lenovo logo တက်လာရင် power button ကိုလွှတ်ပြီးvol down ကိုဆက်နှိပ်ထားပါ။စက်ရုပ်ပုံ logo လေးနဲ့ loading bar လေးတက်လာပြီး power ပြန်ပိတ်သွားမည်။ ပါဝါပြန်တက်လာပါက CWM Recovery ထဲသို့ရောက်သွားပါမည်။

CWM Recovery ထဲသို့ရောက်သွားပါက install zip from sdcard ကို vol up,vol down သုံးပြီး power ခလုတ်နှိပ်ပြီးဝင်ပါ။
choose zip from sd card ကို power ခလုတ်သုံးပြီးဝင်ပါ။sd cardထဲရောက်သွားပါမည်။ စောစောကထည့်ထားတဲ့ A1_rooter zipကို Volume up & Volume down ရွေးပြီး                power ခလုပ်ကိုနှိပ်ပါ။       -Yes - Install Superuser.zip ဖိုင်ကို ရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
               Insatll from sdcard complete.ပေါ်လာလျှင် +++++Go Back+++++ ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။
               - reboot system now ကိုရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
ပါဝါပြန်တက်လာသောအခါ Applications များထဲတွင် SuperUser ကိုမြင်တွေ့ရမှာဖြစ်ပြီး rootလုပ်ခြင်းအောင်မြင်သွားပါပြီ။
အဆင်ပြေပါစေ။

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget