Friday, August 30, 2013

*** Shopping List နဲ့ ဈေးဝယ်ထွက်မယ် ***


မကြာခဏ ဈေးဝယ်ထွက်နေရတဲ့သူတွေအတွက် အလွန် အသုံးဝယ်တဲ့ App လေးတစ်ခု ရှာဖွေရေး လုပ်ပေးလိုက်ပါတယ်။ ဈေးဝယ်တဲ့အခါ အိမ်မှာကတည်းက ၀ယ်ရမယ့် ပစ္စည်းစာရင်းတွေကို ..
မှတ်သားသွားမယ်ဆိုရင် ဈေးဝယ်တဲ့အခါ အချိန်ကုန်သက်သာစေပါတယ်။
ဒီအတွက် Shopping List app က ကူညီပါလိမ့်မယ်။ ပစ္စည်းစာရင်း ..
အရေအတွက်၊ ဘယ်မှာဝယ်ခဲ့သလဲ .. စတာတွေကို မှတ်သားပေးပါမယ်။
အရင်ဆုံး Shopping List ကို အသုံးပြုရာတွင် မြန်မာစာ အဆင်ပြေဖို့အတွက် Shopping List ရဲ့ setting ထဲကိုသွားပြီး Font နေရာမှာ System default font ကို ရွေးပေးရပါမယ်။ ဒါမှ မြန်မာလို မြင်နိုင် ရေးနိုင်မယ်။ Font size ကိုလဲ ကိုယ် လိုသလို ရွေးချယ်နိုင်ပါတယ်။ အသုံးပြုပုံက ရှင်းပါတယ်။

ပထမဆုံး မြင်ရမှာကတော့ Main Title ဖြစ်ပါတယ်။ ပုံ(၁)မှာ ပြထားသလိုပါပဲ။ သွားဝယ်မယ့် ဆိုင်တွေကို ရေးမှတ်နိုင်ပါတယ်။ မှတ်သားပြီးရင် Main Title အောက်မှာ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းစာရင်းကို မှတ်သားနိုင်မှာဖြစ်ပါတယ်။ ဥပမာ “ စိန်ဂေဟာမှာ ၀ယ်ရန်” ဆိုတဲ့အောက်မှာ ပုံ(၂)လို ရေးမှတ်နိုင်ပါတယ်။
မှတ်သားထားသော ပစ္စည်းအမျိုးအမည်ကို ၀ယ်ပြီးတဲ့အခါ ထိုနာမည်အပေါ်တွင် ကြာကြာဖိလိုက်တာနဲ့ မျဉ်းကြောင်းခြစ်ပေးပါမယ်။ ၀ယ်ပြီးသွားပြီဆိုတဲ့သဘောပေါ့။ အပေါ်က shopping ခြင်းလေးကလဲ ဘယ်နှစ်ခု ၀ယ်ပြီးပြီဆိုတာ ပြသပေးပါတယ်။
တကယ်အသုံးဝင်တယ်နော်။ ဈေးဝယ်ထွက်တဲ့အခါ လိုချင်တဲ့ပစ္စည်း ၀ယ်ဖို့ရာ သတိမေ့မှာ ပူစရာမလိုတော့ဘူး။ Shopping List ကိုကြည့်ပြီး တစ်ခုချင်း စတိုင်ကျကျ ၀ယ်သွားရုံပါပဲ။ အားလုံး သဘောကျမယ်လို့ မျှော်လင့်ပါတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။


Download Here 

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget