Monday, October 14, 2013

SD Card ထဲက အမှိုက်တွေကို အပြောင်ရှင်းပေးမယ့် SD card cleanup tool 0.6.4 For Android


[image for SD card cleanup tool 0.6.4]
ဒါလေးကတော့ SD Card ထဲက ဖိုင်တွေကို အပြောင်ရှင်းပေးမယ့် ဆော့ဝဲလေးပါ။ကျနော်တို့က ဆော့ဝဲတွေကို ဖုန်းထဲမှာ အလွယ်သွင်းလို့ရတော့ မျိုးစုံသွင်းကြည့် ကလိကြတယ်။ မကြိုက်ရင် ပြန်ဖျက်ကြတယ်။ အဲ uninstall လုပ်ကြတယ်။ ဒါပေမယ့် သွင်းလိုက်တဲ့ ဖိုင်တွေရဲ့ Cache File တွေက ကဒ်ထဲက နေရာတွေကိုယူပြီး နေကြတယ်။ unistall လုပ်လဲ အားလုံးကပျက်မသွားဘူး။ဒါကြောင့် ဆော့ဝဲတွေကို သွင်းလိုက် ဖျက်လိုက်လုပ်တဲ့အခါများလေ Memory နည်းလာလေပါပဲ။သွင်းထားတဲ့ ဆော့ဝဲလေးက လက်ရှိမှာ ဘာမှ မရှိပေမယ့် low space လာပြနေတတ်တယ်။ အဲဒါကိုဖြေရှင်းဖို့ ဒါလေးကိုသုံးလိုက်ပါ။ဒီထဲမှာ ရှိတဲ့ uninstaller Residue Data တွေကို ဖျက်ချလိုက်ရင် နေရာလွတ်တွေများလာပါလိမ့်မယ်။ အဲဒီ Data တွေက uninstall လုပ်ထားတဲ့ ဖိုင်တွေရဲ့ အမှိုက်တွေကျန်နေတာပါ။ ဒါတွေကို ဖျက်ချလိုက်ရင် နေရာလွတ်တွေများလာပြီး ဖုန်းလဲ ပေါ့ပါးလာပါလိမ့်မယ်။ Package manager ထဲက ဖိုင်တွေကတော့ ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ apk ဖိုင်တွေပါ။ ဒါတွေကတော့ မဖျက်ပါနှင့် ။ကဲစမ်းကလိကြည့်လိုက်ကြပါဦး။
 
Download Here 

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget