Wednesday, October 23, 2013

Samsung Home Sync


သင်နှင့် သင်မိသားစုတို့အတွက် နေရာမရွေးရှိနေမည့် ကိုယ်ပိုင်ကမ္ဘာငယ် သို့မဟုတ် Samsung HomeSync မြန်မာနိုင်ငံဈေးကွက်သို့ရောက်ရှိ Samsung မှ အသစ်ထွက်ရှိလာသော HomeSync သည် သင့်ကိုယ်ရေးကိုယ်တာ ရုပ်ပုံ၊ ဗီဒီယို နဲ့ အချက်အလက်များစွာကို သိမ်းဆည်းထားနိုင်သောနေရာတစ်ခုဖြစ်ပြီး အချိန်မရွေး နေရာမရွေး ဆွဲယူအသုံးပြုနိုင်မည့်အပြင် ဝေမျှခံစားနိုင်မည့်အရာဖြစ်သည်။ မိသားစု အားလုံး သုံးစွဲနိုင်သည့် အပြင်၊ သင့်ကိုယ်ပိုင်အခန်း သီးသန့်ထားရှိ၍လည်း ကိုယ်ရေးကိုယ်တာ ထိခိုက်မှုမရှိအောင် ဖွဲ့စည်းလုပ်ဆောင်နိုင်သော အရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် မိသားစုအားလုံးနှင့် မျှဝေခြင်းနှင့် တစ်ကိုယ်ရည်သီးသန့် ခွဲခြမ်းသုံးစွဲခြင်းတို့အား မိသားစုဝင်တိုင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ထူးခြားချက်မှာ Jelly Bean Android OS စနစ်ပါဝင်နေခြင်းကြောင့် HomeSync အား သင်၏ မိသားစု နှင့် တစ်ကိုယ်ရည် ဖျော်ဖြေရေးပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်စေသည်။ ထို့ပြင် HomeSync ဖြင့် သင့်အိမ်အား သင်အဝေးမှာ ရှိနေစဉ်ပင် လုံခြုံစွာ မျက်ခြေမပြတ်စောင့်ကြည့်နိုင်ဦးမည် ဖြစ်သည်။ Android OS ပါဝင်ခြင်းကြောင့် မာလ်တီမီဒီယာမျိုးစုံအား ကောင်းစွာ အသုံးချနိုင်ခြင်းကြောင့် အင်တာနက်မှတဆင့် သတင်း၊ သီချင်း၊ ဗီဒီယို၊ ဂိမ်း၊ ရုပ်ပုံနဲ့ အခြားအသုံးချလိုသည်များအား လုပ်ဆောင်နိုင်စွမ်းစေပါသည်။ HomeSync ဖြင့် မိသားစုဝင်အားလုံး မိမိနှစ်သက်ရာ device (Laptop, Mobile Phone, Tablet, TV, Camera စသည်) များဖြင့် ချိတ်ဆက်၍ လိုအပ်သလို ဝေမျှသိမ်းဆည်း ကြည့်ရှုအသုံးချနိုင်မည် ဖြစ်သည်။ မိသားစုဝင်တိုင်း Private သီးသန့်အကောင့် ထားရှိအသုံးပြုနိုင်ခြင်းကလည်း အားသာချက်တစ်ခုဖြစ်ပြီး မိမိကိုယ်ရေးကိုယ်တာအား အခြားမိသားစုဝင်များ ဝင်ရောက်ကြည့်ရှု၍ မရနိုင်ဘဲ မိသားစုဝင်အားလုံးနှင့် ဝေမျှသော အကြောင်းအရာများကိုသာ အခြားသူများမှ ကြည့်ရှုနိုင်ခွင့်ရစေခြင်းသည်လည်း ကောင်းမွန်သော အားသာချက်ဖြစ်သည်။ HomeSync တွင် သိုမှီးသိမ်းဆည်းနိုင်ရန် 1TB ပမာဏ ပါဝင်ထား၍ လုံလောက်စွာ သိမ်းဆည်းအသုံးချနိုင်မည်ဖြစ်သည်။ ပရောဆက်ဆာအား 1.7 GHz Dual-core ကို အသုံးပြုထားပြီး ယာယီမှတ်ဉာဏ် RAM အတွက် 2GB ရှိခြင်းကြောင့် လုပ်ဆောင်မှုများအား လျင်မြန်ချောမွေ့စွာ လုပ်ဆောင်နိုင်ပါမည်။ ဝိုင်ဖိုင် အသုံးပြုနိုင်ပြီး ဘလူးတုသ် ဗားရှင်း ၄.၀ နှင့် USB ဗားရှင်း ၃.၀ အမြင့်ပိုင်းများ အသုံးပြုထားခြင်းကြောင့် အချက်အလက်များကူးပြောင်းရယူရာတွင် မြန်ဆန်ကောင်းမွန်သည်။ Android JellyBean ကို အသုံးပြုထား၍ အင်တာနက်ဖြင့်ချိတ်ဆက်ကာ Samsung Apps နှင့် Google Play Store တို့မှ အန်းဒြိုက်အက်ပလီကေးရှင်းများစွာကို ဆွဲယူအသုံးပြုနိုင်မည် ဖြစ်ပြီး သင့်ရုပ်မြင်သံကြားစက်မှ တဆင့်လည်း HD အရည်အသွေးရုပ်ပုံနှင့် HD အရည်အသွေးအသံထွက်တို့ဖြင့် ကြည့်ရှုကစားနိုင်မည်ဖြစ်သည်။ သင်၏ HomeSync ထဲမှ ဓါတ်ပုံများကိုလည်း ဖုန်း မှတဆင့် ထိန်းချုပ်ပြီး တီဗီပေါ်တွင် Screen Mirroring လုပ်ဆောင်ချက်အား အသုံးပြု၍ ကြည့်ရှုနိုင်ခြင်း စသည်တို့အား ပြုလုပ်နိုင်မည် ဖြစ်သည်။ USB 3.0, HDMI အထွက် နှင့် Optical Audio စနစ်တို့အတွက် သီးသန့် ဆက်သွယ်ရန်နေရာများ ပါရှိသည်။ Exclusive IP Camera ဖြင့်လည်း သင်၏ အိမ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်စေမည် ဖြစ်သည်။ သင့်အိမ်တွင်း လှုပ်ရှားမှုများအား အလိုအလျောက်မှတ်တမ်းတင်ပေးထားမည်ဖြစ်ပြီး ထူးခြားသော အကြောင်းဖြစ်ပေါ်လာပါက သင့်ထံသို့ အလိုအလျောက် ဆက်သွယ်သတိပေးနိုင်သည်။ သင်၏ ဖုန်း၊ တက်ဘလက်နှင့် ကင်မရာတို့မှ ရိုက်ကူးထားသောပုံရိုက်များနှင့် အခြားအချက်အလက်များအား သင်၏ တစ်ကိုယ်ရည်အကောင့်အတွင်းသို့လည်းကောင်း၊ မိသားစုအားလုံးနှင့် သက်ဆိုင်သောအကောင့်အတွင်းသို့လည်းကောင်း အလိုအလျောက် ကြိုးဖြင့် ချိတ်ဆက်ရန် မလိုအပ်ဘဲ ကြိုးမဲ့စနစ်ဖြင့် သိမ်းဆည်းနိုင်သည်။ အလိုအလျောက်စနစ်ကို မနှစ်သက်ပါကလည်း မိမိနှစ်သက်ချိန်မှ သိမ်းဆည်းရန်အတွက် ရိုးရိုးစနစ်သို့လည်း ပြောင်းလဲနိုင်သည်။ Samsung HomeSync အား အသုံးပြုရန်အတွက် မြန်နှုန်းမြင့် အင်တာနက် ဝိုင်ဖိုင် စနစ် ရှိရန် လိုအပ်ပါသည်။ Samsung HomeSync သည် ခေတ်မီသော ဘဝနေထိုင်မှုပုံစံအသစ်တွင် မိသားစုတိုင်းအတွက် မရှိမဖြစ် အရေးပါသော ခေတ်မီလူ့အသုံးအဆောင်အီလက်ထရောနစ်ပစ္စည်းတစ်ခုပင်ဖြစ်ပါတော့သည်။ ယခုအခါ မြန်မာနိုင်ငံဈေးကွက်သို့ Samsung HomeSync မှာ ရောက်ရှိလာပြီဖြစ်၍ အသေးစိတ်အချက်အလက်များနှင့် လက်တွေ့လုပ်ဆောင်ချက်များအား လေ့လာမေးမြန်းဝယ်ယူနိုင်ရန် အနီးဆုံး Samsung Brand Shop များသို့ ဆက်သွယ်နိုင်ပါသည်။ ထို့အပြင် https://www.facebook.com/samsungmyanmar တွင်လည်း ကြည့်ရှုလေ့လာနိုင်ပါသည်။

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget