Friday, October 11, 2013

Huawei Y320-U01 အတွက် myanmar font

 ကျွန်တော်ချစ်ညီလေးတစ်ယောက်တောင်းဆိုတဲ့အတွက်ဒီပို့စ်လေးကိုတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျား။
သိပြီးသားသူမျာကတော့ကျော်ဖတ်သွားလိုက်ကြပါနော်။ဟဲဟဲ။
HuaweiY320-U01အတွက်မြန်မာစာဖောင့်ထည့်ပုံထည့်နည်းလေးပါ။ကျနော်အခုမှ့စမ်းပြီး
ထည့်ကြည့်ထားတာပါ အဆင်ပြေပါတယ်။လိုအပ်တာတွေရှိရင်လဲခွင့်လွှတ်ပေးကျပါခင်ဗျာ။
အခုဝင်လာတဲ့ Huawei Y320တွေမှာ T/U/C ဆိုပြီးရှိကျတယ်။အဲ့အထဲမှာမှ T ကမြန်မာကီးဘုတ်ထည့်သုံးရင်အဆင်ပြေပါတယ်။ဒါပေမဲ့ Uကတော့ အဆင်မပြေဘူးဗျ။ကျနော်လဲစမ်းရင်းနဲ့မှ့သွားတွေ့တာ။ သူက ကျနော်ပုံမှာပြထားတဲ့အတိုင်း Geometric Shapes မှာ ၀လုံးတွေနဲ့ဖမ်းထားတော့font ပြောင်းတဲ့အခါ ၀လုံးတွေနဲ့အဆင်မပြေဖြစ်လာတာပဲ။


 အခုလုပ်တဲ့နည်းကတော့  DroidSansFallback နဲ့ ကိုမသုံးဘဲ DroidSansThai နဲ့ ပဲချိန်ပေးလိုက်တာပါ။လိုအပ်တဲ့ ဆောဖ်ဝဲလ်တွေကိုတော့အောက်မှာဒေါင်းလိုက်ပါ။လိုအပ်တာတွေက Fontschanger နဲ့ Busybox တွေပါပဲ။
Download busy box (latest vision)

Download Fonts changer (latest vision) မြန်မာဖောင့် Changer မဟုတ်ပါ။

Download font file

အရင်ဆုံး memory card ထဲကို  font file ထဲက font 2 ခုကို ထည့်ထားလိုက်ပါ။

 ပြီးရင် မိမိဖုန်းကို Vroot နဲ့ Root လုပ်လိုက်ပါ။ထို့နောက် ပေါ်ကဒေါင်းထားတဲ့ဖိုင်တွေကိုသွင်းလိုက်ပါ။
ပြီးရင် မိမိဖုန်းမှာသွင်းထားတဲ့ busybox ကိုဖွင့်လိုက်ပါ။ပြီးရင် install လုပ်ပေးပါ။
လုပ်ပြီးပါက Busybox မှ့ထွက်ပြီး FontsChanger ကိုဖွင့်လိုက်ပါ။ Refresh ပြီးတဲ့အထိစောင့်ပေးပါ။
  ထို့နောက် Menu key ကိုနှိပ်ပြီး Advance ကိုရွေးပေးပါ။
ထို့နောက် DroidSansThai.ttf ကိုရှာပြီး ဖိထားလိုက်ပြီးSet ကိုရွေးလိုက်ပါ။ထို့နောက်ပေါ်လာသည့်အထဲမှ့မိမိထည့်ထားသောဖောင့်ကိုရွေးပေးပါ။
ကျနော်ကတော့ Sanpya သုံးထားတဲ့အတွက် Sanpya ကိုရွေးပေးပါမည်။
ထို့နောက် apply ကိုနှိပ်လိုက်ပါ။ ပြီးလျှင် Reboot Now ကိုထပ်ရွေးပေးပါ။ထို့နောက်ဖုန်းပြန်တက်လာပါက Forzenkeyboard နဲ့ပဲဖြစ်ဖြစ်အဆင်ပြေတဲ့မြန်မာကီးဘုတ်ထည့်သုံးလို့ရပါပြီ။

အဆင်ပြေပါစေခင်ဗျား။

မိုဘိုင်းလောကမှညီအစ်ကိုမောင်နှမများကိုခင်မင်လေးစားလျက်
ရဲထက်(www.wavemobilespecialservices.blogspot.com)

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget