Thursday, March 20, 2014

Android Error Request

Android OS စနစ်သုံးဖုန်းတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်တတ်တဲ့ Error တွေကို ဖော်ပြ ပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Android OS ဖုန်းတွေဟာအသုံးပြုတဲ့သူတွေကိုအများကြီးအထောက်အကူပေးနိုင်တဲ့အပြင်

အသုံးပြုသူ ကိုယ်တိုင်စိတ်ကြိုက်ပြုပြင်ဖန်တီးမှုတွေကိုပါ ဖုန်းထဲမှာ ပြုလုပ်နိုင်လောက်အောင်ထိ Firmware က

ပြည့်စုံတယ်လိုကျွမ်းကျင်သူတွေက ဆိုကြပါတယ်။အဲဒီလို အသုံးပြုနိုင်ခြင်းတွေ များပြားကောင်းမွန်တဲ့ Android

OS ဖုန်းတွေဟာတစ်ခါတစ်ရံမှာလည်း Firmware Error တွေနဲ့ဖုန်းရဲ့လုပ်ဆောင်ချက်တွေ ပိတ်ဆို့ရပ်တန့်သွား

တဲ့အဖြစ်အပျက်မျိုးတွေကလည်းရှိနေတတ်ပါတယ်။

ပထမဆုံးအနေနဲ့ Android OS ဖုန်းတွေမှာဖုန်းတွင်းစနစ်ပိုင်းတွေနဲ့ဆော့ဖ်ဝဲတွေကိုဖွင့်ပြီးသွားရင်ပဲဖြစ်ဖြစ်

၊ အသုံးပြုပြီးသွားရင်ပဲဖြစ်ဖြစ်ပြန်ပိတ်ပေးနိုင်တဲ့စနစ် မပါဝင်ခြင်းပါပဲ။ဆော့ဖ်ဝဲတစ်ခု စနစ်တစ်ခု ထဲကိုဝင်ခဲ့ပြီးပြီ

ဆိုရင်တော့ Back ခလုတ်နဲ့တင်ပြန်ထွက်လာလို့ရနိုင်ပါတယ်။ဒါကလည်း အားနည်းချက်တစ်ခုလို့တော့မဆိုသာ

ပါဘူး။ဘာကြောင့်လဲဆိုတော့အသုံးပြုတဲ့သူတွေအနေနဲ့ဖုန်းတွင်းစနစ်ပိုင်းတွေကိုအလွယ်တကူ ဝင်နိုင်ထွက်နိုင်

အောင်ပြုလုပ်ပေးထားတဲ့စနစ်တစ်ခုဖြစ်တဲ့အတွက်ပါ။

ဒီလိုမျိုးပြန်ပိတ်လို့မရနိုင်တဲ့အတွက်စနစ်တစ်ခုဆော့ဖ်ဝဲတစ်ခုကိုအသုံးပြုပြီးသွားပြီဆိုရင်ပြန်ပိတ်ပေးနိုင်ဖို့

လိုအပ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲဒီလိုအသုံးပြုခဲ့တဲ့ဆော့ဖ်ဝဲတွေဟာ Back ခလုတ်နဲ့ပြန်ထွက်သွားခဲ့

တယ်ဆိုပေမယ့်လုံးဝပိတ်သွားတာမျိုးမဟုတ်ဘဲဖုန်းထဲမှာနောက်ခံ Background ဆော့ဖ်ဝဲတစ်ခုအနေနဲ့အလုပ်

ဆက်လုပ်ပြီး ကျန်နေခဲ့ ပါတယ်။အဲဒီလို Background ဆော့ဖ်ဝဲတွေ Run နေတာ များလာပြီဆိုရင် ဖုန်းရဲ့လုပ်

ဆောင်ချက်တွေဟာလေးလံလာပြီးနှေးကွေးလာပါတယ်။ဒါ့အပြင်တစ်ခါတစ်ရံမှာဖုန်းတစ်ခုလုံးဟန်းနေပြီးဘာမှ

လုပ်လို့မရတော့တာမျိုးတွေရှိပါတယ်။ဒါရဲ့နောက်ထပ် Error တစ်ခုကတော့ ဘက်ထရီ ကြာကြာမခံတော့ခြင်းပါ ပဲ။

နောက်ခံဆော့ဖ်ဝဲတွေအလုပ်လုပ်နှုန်းများလာတဲ့အတွက်ဖုန်းရဲ့ဘက်ထရီကလည်းနာရီအနည်းငယ်နဲ့တင်

ကုန်သွားတတ်ပါတယ်။ဒါကလည်း Android အသုံးပြုသူတွေသတိပြုသင့်တဲ့အချက်တစ်ခုပါပဲ။ဖုန်းရဲ့ဘက်ထရီ

ကြာကြာမခံတော့ဘူး ၊ဖုန်းလုပ်ဆောင်ချက်တွေနှေးကွေးလာပြီ ၊ဖုန်းမကြာခဏဟန်းလာပြီဆိုရင် ဒါကိုသတိပြုရ

ပါ လိမ့်မယ်။ဒီလို နောက်ခံ Run နေတဲ့ ဆော့ဖ်ဝဲတွေကို ပိတ်ပစ်နိုင်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုပြီး ပိတ်ရပါ

တယ်။ဒါကတော့ Advance Task Killer လို Task Killer ဆော့ဖ်ဝဲတွေကိုထည့်သွင်းထားသင့်ပါတယ်။



Download Here


Error တက်ခြင်းမှ ကင်းဝင်းနိုင်ပါစေ။

ရဲထက် (Wave mobile special Service)

creait by Mobile House

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget