Phone ၀ယ်ဖို့ ရွေးချယ်ရခက်နေရင် Phone တွေ ရဲ
့Specification တွေကို Side-By-Side နှိုင်းယှဉ်ပြီး
ရွေးချယ်မှသာအဆင်ပြေစေနိုင်ပါတယ်။ဖုန်းတွေ အများကြီးကို
နှိင်းယှဉ်ရွေးချယ်ချင်ရင်တော့ Geekaphone ဆိုတဲ့ Website မှာနှိုင်းယှဉ်နိုင်ပါတယ်။Geekaphone က ဖုန်းငါးလုံးအထိ Compare လုပ်ပေးနိုင်ပါတယ်။
Geekaphone ရဲ့  Home Page ကတော့ ရိုးရှင်းပြီး ဖုန်းနှစ်လုံးကို
Side-By-Side နှိုင်းယှဉ်ဖို့ ပြုလုပ်ပေးထားပါတယ်။ ဖုန်းမားကတ် မှာ
နာမည်ကြီးနေတဲ့ ဖုန်းတွေ ဖြစ်တဲ့ Moto X, Nexus 4, iPhone 5S, Galaxy S4,
Note 3, LG G2, Lumia 1020, Moto X, HTC One စတဲ့ဖုန်းတွေကိုလည်း
ပြသပေးထားပြီး အဲဒီဖုန်းတွေကိုအလွယ်တကူ နှိုင်းယှဉ်လို့ ရပါတယ်။
နှိုင်းယှဉ်ချင်တဲ့ ဖုန်းနှစ်လုံးကို Click နှိပ်ပေးရုံပါပဲ။ ဖုန်းတွေ ရဲ
့နာမည်ကို ရိုက်ပြီးတော့လည်း နှိင်းယှဉ်နိုင်ပါတယ်။နှိင်းယှဉ်ဖို့ ဖုန်းတွေ
ရွေးချယ်ပြီးရင်တော့ COMPARE button ကိုနှိပ်ပါ။
Geekaphone က
CPU clock speed,RAM,Screen,Battery Size,Internal Storage Capacity စတဲ့
ဖုန်းတွေ ရဲ့  Specs တွေကို ဖော်ပြပေးပါလိမ့်မယ်။ Page
အောက်ကိုဆင်းပြီးကြည့်ရင် Camera Specs,Video Resolution Capabilities,CPU
Architecture စတဲ့ ပိုပြီးပြည့်စုံတဲ့သတင်းအချက်အလက်တွေကို သိနိုင်ပါတယ်။
နောက်ထပ်ဖုန်းတစ်လုံးကိုနှိုင်းယှဉ်ချင်သေးရင် ညာဘက်က + Button ကနေ
ထပ်ဖြည့်နိုင်ပါတယ်။Recommend လုပ်ပေးထားတဲ့ဖုန်းတွေလည်းတွေ့ မြင်နိုင်ပြီး
Click တစ်ချက်နှိပ်ပြီးနှိုင်းယှဉ်တဲ့စာရင်းထဲထည့်နိုင်ပါတယ်။
ဖုန်းဝယ်ဖို့ ရွေးချယ်ရခက်နေရင်တော့ Geekaphone ၀က်ဆိုက်ကိုသွားရောက်ရွေးချယ်ပါလို့  အကြံပြုလိုက်ပါတယ်။
ဒီမှာရှာနော်...............
ရဲထက်(www.wavemobilespecialservices.blogspot.com)
No comments:
Post a Comment
လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....