Sunday, March 23, 2014

ဖုန်းအချက်ပေးစနစ်.apk - 4 MB


Android Phone + Tablet တွေအတွက် မြန်မာမှု ပြုထားတဲ့

ဖုန်းအချက်ပေးစနစ် APK လေးကို ကိုကျော်မျိုးဝင်းမှ မြန်မာမှု
ထားပါတယ်။ဒီ APK လေးမှာ ဘာတွေ ပြုလုပ်လို့ ရလဲ ဆိုရင်တော့
ရွေ့လျားခြင်း ( ဖုန်းရွေ့သွားတာနဲ့ အသံထမြည်ခြင်း)
ထိကိုင်ခြင်း (ဖုန်းကိုင်လိုက်တာနဲ့ အသံထမြည်ခြင်း)
အားသွင်းကြိုးဖြုတ်ခြင်း (ဖုန်းကို အားသွင်းထားရင်းနဲ့ တစ်စုံတစ်ယောက်
က ကြိုးကို ဖြုတ်လိုက်ရင် အသံထမြည်ခြင်း)
ဖုန်းလော့ဖွင့်ခြင်း (ဖုန်းရဲ့ Home screen ကို ဖွင့်လိုက်တာနဲ့ အသံထမြည်
ခြင်း)
ဆူညံသံ ( အသံတွေ ကြားတာနဲ့ အသံထမြည်ခြင်း)
ကင်မရာ (ကင်မရာ ဆော့ဝဲလေးကို ဖွင့်လိုက်တာနဲ့ အသံထမြည်ခြင်း )
တို့ကို တစ်ခုခြင်းသို့မဟုတ် အကုန်လုံးကို Alarm ပေးထားလို့ ရပါတယ်။
ဥပမာ မိမိဖုန်းကို မိမိက အားသွင်းထားတယ် ဆိုပါစို့ တစ်စုံတစ်ယောက်က
ကြိုးကို ဖြုတ်လိုက်ရင် အလိုအလျောက် အသံထမြည်မှာ ဖြစ်ပါတယ်။ အဲဒီ
တော့ မိမိဖုန်းကို စိတ်ချလက်ချ အားသွင်းထားလို့ ရပါပြီ။ အသံထမြည်နေတဲ့
အချိန်မှာ အသံကို အတိုးအလျော့လုပ်လဲ အသံကတော့ မြည်မြဲအတိုင်း မြည်
နေမှာပါ မိမိက အဲဆော့ဝဲလေးကို သွားပိတ်မှ အသံက ပိတ်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ခု ဆူညံသံလေးကို ပေးထားမယ်ဆိုပါစို့.... မိမိက အိပ်နေရင်း နဲ့
ဆူညံသံလေးကို Alarm လေး ပေးထားလိုက်မယ်..... ဖုန်းက အိပ်နေရင်းနဲ့
အောက်ကို ကျသွားတာတို့ တစ်နေရာရာမှာ အထားမှားထား တာ ဆို့ပါစို့....
လေလေးကို ချွန်လိုက်တာနဲ့ ဖုန်းရှိတဲ့နေရာကို သိရမှာ ဖြစ်ပါတယ်..........အသုံး
တည့်တဲ့ ဆော့ဝဲလေး ဖြစ်တဲ့အတွက် Android Phone ကိုင်ဆောင်ထားသူတိုင်း
ရှိထားသင့်တဲ့ ဆော့ဝဲလေး ဖြစ်ပါတယ်
Android Version 2.2. အထက်မှာ အသုံးပြုလို့ ရပါတယ်. ဒီကောင်လေးကို အသုံး
ပြုဖို့အတွက် မိမိဖုန်းက မြန်မာဖောင့်ထည့်ထားရန် လိုအပ်ပါတယ်


အားလုံးအဆင်ပြေကြပါစေ။

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget