Wednesday, November 13, 2013

Android latest version (4.4)


Android latest version 4.4 ကို kitkat လို့ခေါ်ပါတယ်။ နောက်ဆုံးထွက်ထားတာပါ။အခု google ကထွက်တဲ့ Google Nexus 5 handset နဲ့ တစ်တွဲထဲ ထွက်ရှိလာတာပါ။kitkat မှာဘာတွေ တိုးတက်လာသလဲ။

Better Visuals
Application နဲ့ game တွေဟာ အခုဆိုရင် screen တစ်မျက်နှာလုံးကို(fullscreen) နေရာယူသွားမှာဖြစ်ပါတယ်။ အဲဒီတော့ အပေါ်မှာအမြဲပေါ်နေတဲ့ notification တွေ battery icons တွေက အမြဲမပေါ်နေတော့ပါဘူး။ အဲဒါတွေကို ကို ဖျောက်ထားမှာဖြစ်ပြီး application content များကို အသုံးပြုတော့မှ ပေါ်လာမည်ဖြစ်သည်။

Sensors
Kitkat မှာ hardware sensor batching စနစ်ထည့်သွင်းလာပါတယ်။ အဲဒီစနစ်ပါဝင်လာတဲ့အတွက် sensor များအတွက် power အသုံးပြုမှုကို လျော့ချလာနိုင်ပါတယ်။ အရင်က sensor တစ်ခုချင်းစီအလိုက် တိုင်းတာရရှိမှုတွေကို ဆက်တိုက်ပေးပို့ကြတယ်။ batching နဲ့ကျတော့ အလှည့်ကျ ရယူပြီးပေး ပို့တဲ့ hardware ပါဝင်လာတယ်။

Performance
Kitkat မှာ သိသိသာသာပြောင်းလဲ လိုက်တာကတော့ hardware requirement အတွက် RAM ကို 512MB နဲ့ ရရှိအောင် လုပ်ဆောင်ပေးထားပါတယ်။ ဒါကြောင့် application တွေအတွက်လည်း memory space ပိုမိုရရှိလာသလို အနိမ့်ပိုင်းစက်များတွင်လည်း အဆင်ပြေစွာ သုံးနိုင်ပါမည်။

Smart Caller ID
Kitkat မှာ သင်ရဲ့contact list နဲ့ social network တွေနဲ့ link လုပ်လို့ရလာပါတယ်။ဒါကြောင့် contact detail တွေကို လည်း social network တွေကတဆင့် ယူလို့ရလာပါတယ်။

The “OK Google” command
Moto X မှာလို ပဲ kitkat ကနေ အခုဆိုရင် okay google feature ကို မိတ်ဆက်ပေးလိုက်ပါပြီ။ user အနေဖြင့် toch screen ကို ထိစရာမလိုပဲ OK Google လို့ပြောပြီး voice command များဖြင့် ခိုင်းစေနိုင်ပါတယ်။

Hangout
Kitkat မှာ hangout application ကိုထည့်သွင်းပေးထားပါတယ်။ SMS, MMS နဲ့ IM message တွေကို contacts မှဆင့် ပြုလုပ်ပေးနိုင်တယ်။ Gif ဖိုင်တွေကိုပါ share ပေးနိုင်ပါတယ်။

Sceeen Recording
Kitkat မှာ screen recording function ပါဝင်ပြီး video အနေဖြင့် record လုပ်မှာဖြစ်ပါတယ်။ ပြီးရင် စက်ထဲမှာပဲ MP4 ဖိုင်အနေဖြင့် သိမ်းပေးပါတယ်။

IR blasters
Ir blaster ပါဝင်လာပါတယ်။ IR ဆိုတာက infrared ပါ။ remote control တွေလို အလုပ်လပ်ပေးနိုင်မှာဖြစ်ပါတယ်။ IR အတွက် API ကလည်း open ဖွင့်ပေးထားတာဖြစ်တဲ့အတွက် နောက်ဆိုရင် TV တို့ VCD တို့လို remote ပါတဲ့ စက်တွေအတွက် control လုပ်နိုင်တဲ့ application ထည့်သွင်းပေးရုံနဲ့ ဖုန်းတစ်လုံးထဲကနေ ထိန်းချုပ်နိုင်လာမှာပါ။

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget