Wednesday, November 6, 2013

ဟာသလေးပါအပြင်းပြေတာပေါ့နော်

ဒီမယ်
ကိုယ့်အခြစ်ဟာ တဖြည်းဖြည်းထွားလာတဲ့ Samsung ဖုန်း လို ကြာလေ ကြီးမားကျယ်ပျံ့လာလေလေပါပဲ။

မင်းကိုမျှော်ရတာ ကိုယ့်လည်ပင်းတောင် အသစ်ထွက်တဲ့ ပန်းသီး ဖုန်းလို ရှည်လာပါရောလား ..။

ကိုယ်မင်းကို ဘလက်ဘယ်ရီ လို တသက်တကယ် အတည်ကြံတာပါ။ ကိုယ့်အခြစ်က

ရှာ့ပ် က ထုတ်တဲ့ ဖုန်းတွေလို ရေစိမ်ခံပါတယ်ကွယ်။

  Huawei လို ခနနေ ပျက်ပြယ်သွားမယ့် မေတ္တာမျိုး မဟုတ်ရပါဘူးကွယ့်။

မင်းဘေးမှာ HTC လို သိပ်ပြီတီတီ ပြောတတ်တဲ့ ကောင်မျိုးတွေ

ရှိလာမှာ စိုးတယ်ကွယ်။ သည်တော့လည်း MOTOROLA လို

ပျော်ပျော်ကိုယ်ဟာ ဘယ်နေနိုင်တော့မလိမ့်တုန်း….။

ကိုယ့်အချစ်က အယ်လ်တီအီး တက္ကနော်လော်ဂျီ လို ဝေးဝေးကနေလည်း လိုင်းဆွဲအား ကောင်းပါတယ်ကွယ် ..။

အန်အက်ဖ်စီ လို အနီးအနားကပ်မှ ပလီတတ်တာ မျိုး မဟုတ်တာ နားလည်စေချင်ပါရဲ့ ..။

  Sony ကင်မရာ ဘယ်လောက်ကောင်းကောင်း ပန်းသီးကို မဖြိုနိုင်သလို

မင်းဘေးက သိပ်တော်ပါတယ် ဆိုတဲ့ ချာတိတ်တွေကိုလည်း ကိုယ် မမှုပါဘူးကွယ့်…။

မင်းသာ သူချစ်-အတု တွေ ပေါတဲ့ ဖူဂျစ်ဆု လို ဖုန်းမျိုး မရွေးမိပါစေနဲ့ ဆုတောင်းပါတယ်ကွယ်…။

တကယ်တော့ ကိုယ်ဟာ nokia  ရဲ့ ပြတင်းပေါက်ဖုန်းလို မင်းတယောက် သုံးဖို့ အတွက်ဆို

အရာရာ ကတ်စတမ်မိုက်ဇ် ပေးချင်သူရယ်ပါ။  Dell စတိ ဖုန်းလို အမြဲသတိ သုံးပြီး ဆက်ဆံစရာ မလိုပါဘူးကွယ်။

ကိုယ်မင်းကို သတိရတဲ့ စက္ကန့် တွေကိုသာ ထိုင်ရေတွက်ကြည့်မယ် ဆိုရင် play store က အပ္ပလီအန္နတ္တ ထက် သာမယ်

ထင်ပါရဲ့ ..။ ကိုယ့်အချစ်တွေကို မင်းရာနှုန်းပြည့် ပိုင်ပါတယ်ကွယ် ကတ်သီးကတ်သတ် အမြစ်တူးစရာ(root) ထောင်ဖောက်စရာ(jailbreak)မလိုပါဘူး။


မယုံဘူးလား

ဘာလဲ အလုပ်တာဝန်တွေရော အိမ်မှုကိစ္စပါ ၂မျိုးစလုံးတော့ ကျုပ်မလုပ်နိုင်လောက်ဘူးလို့ တော့ အထင်မမှားစေချင်ဘူးကွယ်။

ဘာကြောင့်လဲဆိုတော့ .. ကိုယ့်ပရော်ဆက်ဆာက ဒျူဝယ်ကိုးလ်(Dual core) မို့လို့ပါ။

အနံကြီးပြီး ကွင်းကျယ်တဲ့ စက္ကရင် ဗြက်ပြဲတွေလို စိတ်မကူးစေချင်ဘူးကွယ်။ ကိုယ့်အချစ်သည်သာ

၁၆း၉ Fully  HD အပြည့်ထွက်သလို စစ်မှန်တိကျတာပါ။

ဒီမယ်

အပေါ်ယံတွေ အလွန်လှတဲ့ နက်ကဆက် ဖုန်းလို ကောင်တွေနဲ့ ကျုပ်ကို မယှဉ်ထိုးပါနဲ့ကွယ်။

ဒရော့ပ်တက်စ် လုပ်လိုက်တာနဲ့ ကိုယ်ဘယ်လောက် အကြမ်းခံတယ်ဆိုတာ သိမှာပါနော..။

Just For Fun , Credit To ဘူမှန်းမသိတော့

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget