Thursday, November 14, 2013

ကျွန်တော်နဲ့Y511-T00 firmware ပြသနာလေး။

Android user များအနေ နဲ့တော့ကြုံဖူးလားတော့မသိဘူးကျွန်တော်ကတော့ကြုံဖူးပါတယ်။
Y511-T00 လေး ထောင်ဖောက်ပြီး font လေးချိန်းလိုက်တာ firmware လေးပြုတ်သွားတာအရမ်းလှပါတယ်။logo လေးမှာရပ်နေတယ်လေ။
အဲဒါနဲ့ ကျွန်တော်လည်း internet ပေါ်တက်ပြီးရှာလိုက်ပါတယ်။အင်တာနက်ပေါ်တက်ဖို့အတွက်
MPT နဲ့ တိုက်ပွဲဝင်ရပါသေးတယ်။ နောက်ဆုံးတော့ကျွန်တော်နိုင်ပါတယ်။ အဲဒါနဲ့ firmware တင်နည်းလေးကိုလေ့လာကြည့်လိုက်တော့ ဒီဖန်းoဲ က update.zip ဖိုင်နဲ့ recovery ကနေ flash ကတာပါ။
update.zip ဖိုင်နဲ့ဆိုတော့ ကျွန်တော်အကြီးကြီးစဉ်းစားမိလိုက်ပါတယ်။cwm recovery ကနေ flash မယ်ဆိုပြီးတော့ cwm recovery ကိုသွင်းလိုက်ပါတယ်။cwm recovery ကိုသွင်းပြီးတော့ update.zip ဖိုင်လေးကို flash ပါတယ်။ ကံမကောင်းခြင်းများစွာဖြင့် fail ပြသွားပါတယ်။
fail ပြသွားတယ်ဆိုတော့ ကျွန်တော်လည်း နောက် firmware တစ်ခုထပ်ဆွဲလိုက်ပါတယ်။ ဒါပေမယ့် firmware က ဒီတစ်ခုထဲပါပဲ ဆိုဒ်တွေအမျိုးမျိုးကတင်ထားတာဖြစ်ပါတယ်။
အဲဒိ firmware ကိုဆွဲပြီးတော့ ထပ် flash ပါတယ်။ ထပ်ပြီးတော့ fail ပြပါတယ်။
ကျွန်တော်စဉ်းစားရင်းနဲ့ 2 ရက်လောက်ကြာသွားပါတယ်။
နောက်နေ့ကျတော့ cwm recovery ကိုဖျက်ပြီး stock recovery ကိုပြန်သွင်းလိုက်ပါတယ်။
ပြန်သွင်းပြီး update.zip ဖိုင်လေးကို ပြန် flash လိုက်ပါတယ်။ ကံကောင်းစွာနဲ့ အောင်မြင်သွားပါတယ်။
Y511-T00 က cwm recovery မှာ အလုပ်မလုပ်ပါဘူး ။သူ့ရဲ့ original မှာပဲ firmware ပြန်တင်လို့ရပါတယ်။
user များလည်းအဲဒိလိုပြသာနာများနဲ့ကြုံတွေ့လာရင်ဖြေရှင်းနိုင်အောင်လို့ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်ခင်ဗျား
(အတတ်ကြူးဘီလူးဖြစ်ဆိုတာ)ကျွန်တော်ကိုပြောခြင်းဖြစ်ပါတယ်။
သိပြီးသူများလည်းကျော်ဖတ်သွားလိုက်ပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆက်လက်ကြိုးစားလျက်ပါ။
ရဲထက်(www.wavemobilespecialservices.blogspot.com)

5 comments:

  1. stock recovery ကို ဘယ်လိုပြန်သွင်းရလဲအစ်ကို... ကျွန်တော်လည်း တစ်လုံးမိသွားလို့ပါ... ကျွန်တော်က ပိုဆိုးတယ်... U00 firmware နဲ့မှားတင်ပြီး recovery ကိုပါ CWM သွင်းလိုက်တာ ဘယ်လိုသွင်းရမလဲ ပြောပြပေးပါခင်ဗျာ... ကျွန်တော် fb အမြဲသုံးပါတယ်... အကောင့်က https://www.facebook.com/gyittoo.bha ပါ။ ကူညီပါဦးအစ်ကို။

    ReplyDelete
  2. stock recovery လေးဘယ်မှာရနိင်မလဲ ကျေးဇူးတင်ပါတယ်ဗျာ လုပ်ပါဦး

    ReplyDelete
  3. stock recovery ကို cwm ပေါ်က ပဲ ပြန်တင်ရမလားဗျ... stock recovery ကို T00 firmware ကနေ ဘယ်လို ပြန်ဆွဲထုတ်ရမလဲဗျ...

    ReplyDelete
  4. T00 stop recovery link လေး ပေးပါဦး အကို ကျွှန်တော်က U00 Firmware ကို မှားပိး flash လိုက်မိလို.ပါခဗျာ ကူညီပါဦး၊၊

    ReplyDelete
  5. ​စောက်​ရူး

    ReplyDelete

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget