Monday, November 18, 2013

၀၉ - ၇၃ မိုဘိုင်းဖုန်း အင်တာနက် ပြန်လျှောက် နိုင်တော့ မည်

၀၉ - ၇၃ ဖြင့် စသည့် စီဒီအမ်အေ မိုဘိုင်းဖုန်း များ အင်တာနက် လျှောက်ထား ခြင်း အား လိုင်းပြည့် နေသဖြင့် ရပ်ဆိုင်း ထားပြီး ယခုနှစ် ကုန်ပိုင်းမှ သာ ပြန်လည် လျှောက်ထား ခွင့် ပြုတော့ မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း ဆက်သွယ်ရေး ဌာန မှ သိရ သည်။ အဆိုပါ ဖုန်း အမျိုးအစား အား အသုံးပြု မှု များပြား နေပြီး ယခု နောက်ပိုင်း တွင် အင်တာနက် လျှောက်ထား ခြင်း ပိုမို များပြား လာသည့် အတွက် လိုင်း အင်အား လုံလောက်မှု မရှိခြင်း တို့ကြောင့် အင်တာနက် လိုင်း လျှောက်ထား မှု ရပ်ဆိုင်း ထားရခြင်း ဖြစ်သည် ဟု သိရသည်။ “လတ်တလော လိုင်းပြည့် နေတာ မျိုး တွေ ဖြစ်နေတဲ့ အတွက် အင်တာနက် လိုင်းသစ် မချပေး သေး ပါဘူး။ အဲဒီ အတွက် လည်း တိုးချဲ့ နေတာ ရှိပါတယ်။ ဘယ်လောက် တော့ လိုင်းပြန် လျှောက်ခွင့် ပေးမလဲ ဆိုတာတော့ အတိ အကျ မပြော နိုင် သေး ပါဘူး။ ဒီဇင်ဘာ လ လောက် ထဲမှာပဲ ဖြစ်မှာ ပါ” ဟု မိုဘိုင်း ဆက်သွယ်ရေး ဌာန မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကမ်းရိုးတန်း ဖုန်းများ ဖြစ်သည့် စီဒီအမ်အေ နှင့် WCDMA ဖုန်းများ ချထား ပေး လျက် ရှိပြီး ယင်းဖုန်း များ အနက် WCDMA ဖုန်းများ ကိုသာ အင်တာနက် လိုင်း လျှောက်ထား နိုင်ကြောင်း သိရ သည်။ “အင်တာနက် လိုင်းတွေ ချထား ပေးပြီး သုံးရတာ လိုင်းကြပ်ပြီး အဆင် မပြေ ဖြစ်မှာ လဲ စိုးတဲ့ အတွက် လိုင်း အင်အား လုံလုံ လောက်လောက် ဖြည့်ပြီး မှ ပြန်ချ ထားပေး သွားမယ်” ဟု ယင်းက ထပ်မံ ပြောသည်။ စီဒီအမ်အေ 800Mhz ဖုန်းများ အတွက် အင်တာနက် လိုင်း ပြန်လည် လျှောက်ထား ခွင့် ပြုပါ က လည်း ဖုန်းဖြင့် မတ်ဆေ့ခ်ျ ပေးပို့၍ လျှောက်ထား နိုင်သည့် စနစ် ဖြင့် အသုံးပြု ခွင့် ပေးသွား မည် ဖြစ်ကြောင်း သိရ သည်။ CDMA 800Mhz အင်တာနက် လျှောက်ထား မည့်သူ တစ်ဦး က “အရင် တုန်းက မက်ဆေ့ခ်ျ ပို့ပြီးတော့ လျှောက်လို့ ရတယ် ဆိုတာ သိတယ်။ ဒါပေမဲ့ မလျှောက် ဖြစ်ဘူး။ လိုင်းကျပ် လို့ ပိတ်ထား တယ် ဆိုတာ သိရတယ်။ ပြန်လျှောက် လို့ ရတယ် ဆိုရင်လဲ လိုင်းကောင်းကောင်း သုံးလို့ ရဖို့ လိုအပ် တယ်။ လက်ရှိ သုံးနေတဲ့ ၇၃ ဖုန်းတွေ တောင်မှ တစ် မိနစ် လေးကျပ် ဖြတ်ပြီးတော့ အင်တာနက် လိုင်းသုံး ရတာ မကောင်း ဘူး” ဟု ပြောသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အင်တာနက် အသုံးပြု ခ ကို ဂျီအက်စ်အမ် အ မျိုးအစား အတွက် တစ် မိနစ်လျှင် ၂ ကျပ် WCDMA နှင့် CDMA 800 အမျိုးအစား အတွက် တစ်မိနစ် လျှင် လေးကျပ် အသီးသီး ကောက်ခံ လျက် ရှိကြောင်း သိရှိရသည်။

Flower News Journal

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget