Friday, November 8, 2013

မှတ်ထားကြနော်






ဖုန်း Bill ဖြည့်မရဖြစ်နေပါသလား!!!!! ခုတလော ငွေဖြည့်မရတာ၊ ငွေလွဲ ပို့ရင် မရောက်တာတွေ တော်တော်များများ ကြားလာရ ပါတယ်။ ရောင်းသူနဲ့ ဝယ်သူကြားမှာ တစ်ယောက်နဲ့တစ်ယောက် သံသယ စိတ်တွေဝင်ပြီး ပြဿနာ တက်ရတာလဲ ဖုန်းဆိုင်တိုင်း၊ငွေဖြည့်ကဒ်ရောင်းသူတိုင်း ဖုန်းကိုင်ဆောင်သူတိုင်း ကြုံခဲ့ပြီးသားဖြစ်မှာပါ။ ဒီပြဿနာမှာ ဝယ်သူရော ရောင်းသူရော မမှားကြပါဘူး။ ဝယ်သူနဲ့ရောင်းသူ ကြားထဲက သံသယ စိတ်တွေကင်းစေဖို့ သက်ဆိုင်ရာ sever ဖုန်းကိုခေါ်ဆိုမေးမြန်းခြင်းဖြင့် သိရှိ နိုင်ပါတယ်။ ငွေဖြည့်ကဒ် error များအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်များ... GSM/WCDMA ကဒ်များအတွက် 01-555476 CDMA 800 MHz(73 ဖြင့်စသော)၊450 MHz ကဒ်များအတွက် 09-73111111 1500 Ks CDMA 800(MEC Tel) ကဒ်များအတွက် Call Canter -1212 Ytalk international calling card များအတွက် 09-73174871 အထက်ဖော်ပြပါ ဖုန်းများမှ သက်ဆိုင်ရာ ဖုန်းများ သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။ သက်ဆိုင်ရာဖုန်းကိုဆက်ပီးတော့ ဖြစ်နေတဲ့ အကြောင်းအရာကိုပြောပြပါ၊ serial no. တောင်းပါလိမ့်မယ်။ error ဖြစ်နေတဲ့ bill ကဒ် အပေါ်က serial no. ကိုပြောပြလိုက်ပါ။ အသုံးမပြုရသေးဘူးဆိုရင် အသုံးမပြုရသေးပါဘူးပြောပြီးတော့ သုံးပြီးသားဆိုပါက ဘယ်နေ့ ဘယ်အချိန်က ဘယ်ဖုန်းနံပါတ် ကို ငွေဝင်သွားပါပြီဆိုတာကို တိတိကျကျ ပြောပြပါလိမ့်မယ်။ ဝယ်သူ နဲ့ ရောင်းသူ ကြား သံသယ စိတ်တွေ ကင်းရှင်းကြပါစေ။

ရဲထက်(www.wavemobilespecialservices.blogspot.com)

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget