Saturday, September 21, 2013

Android ဖုန်းမှာ Auto Rotating Error ဖြေရှင်းနည်း


စက်ရုပ်ဖုန်းတွေမှာတစ်ခါတစ်ရံ version update ပြုလုပ်ပြီးတဲ့အခါမျိုးနဲ့ root လေဖာက်ပြီးတဲ့အခါမျိုးမှာ
phone auto rotating screen အလုပ်မလုပ်တာမျိုးကြုံတွေ့ရတတ်ပါတယ်။Auto rotating system ဆိုတာသိပြီးသားသူများလည်းသိပြီးသားဖြစ်ကြမှာပါ။
Auto rotating system ဖြေရှင်းနည်း။
ဥပမာအနေနဲ့ Samsung Galaxy S နဲ့ပြပေးထားပါတယ်။
အောက်မှာလေ့လာကြပါနော်။





Home Screen မှ Menu button ကိုနှိပ်ပြီး Setting ထဲကိုသွားပါ။
Display ကိုရွေးပေးပါ။
 Display ထဲက Hornzontal  Calibration ကိုနှိပ်ပေးပါ။
ပြီးရင်စိတ်ဝင်စားစရာအပိုင်းရောက်ပါပြီ။





ဖုန်းမျက်နှာပြင်ကိုရေပြင်ညီစားပွဲပေါ်မှာပဲဖြစ်ဖြစ်မှောက်ထားပါ။ဖုန်းအောက်ခြေပိုင်းတစ်ဝက်ကိုစားပွဲခုံအစွန်း
မှာ Celibration button နှိပ်လို့ရအောင်မျက်နှာပြင်လွတ်ယုံလောက်ထားပေးပါ။
(ဖုန်းမျက်နှာပြင်မမှောက်ပဲနဲ့လုပ်လို့ရပါတယ်။ဖုန်းအောက်ခံကာဗာအနေအထားနဲ့အဆင်မပြေမှာစိုးလို့ပါ။)
ဖုန်းမျက်နှာပြင်အောက်ကနေ Celibration button ကိုနှိပ်ပေးပါ။ငါးsecond လောက်စောင့်ပေးပါ။
Celibration Box ပေါ်လာတဲ့အခါ Celibration ပြုလုပ်လို့ပြီးပါပြီ။
Vertical to horizontal လှည့်ပြောင်းကြည့်ပါ။
Auto Rotating error ကိုအောင်မြင်စွာဖြေရှင်းပြ၊ီးပါပြီ။
Celibration button အစိမ်းရောင်ဘောလုံးလေးကအလယ်မှာရှိနေပါလိမ့်မယ်။

အခုဆိုရင်လူကြီးမင်းတို့ရဲ့ Android phone (or) Tablet မှာ Auto rotating error ဖြေရှင်းနည်းကို
နားလည်သဘောပေါက်ပြီးအဆင်ပြေအောင်လုပ်တတ်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျား။

ကျွန်တော်တင်တဲ့ပို့ထဲမှာ အမှားများလည်းပါကောင်းပါနိုင်ပါတယ်ခင်ဗျား။
သည်းခံပြီးတော့ဖတ်ပေးကြပါနော်။

မိုဘိုင်းလောကမှညီအစ်ကိုများကိုခင်မင်လေးစားလျက်
ရဲထက်(www.wavemobilespecialservices.blogspot.com)
(စက်ရုပ်ကြီးများကြီးစိုးချိန်)

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget