Sunday, September 22, 2013

ကျောက်သင်ပုန်းကွန်ပြူတာ တွဲလျက်ပါ Asus နောက်ဆုံးထွက် Padfone

ထိုင်ဝမ်အခြေဆိုက် Asus တို့ ယခု ရက်ပိုင်းလေးတင် အသစ်မိတ်ဆက်ပေး လိုက်တဲ့ Padfone ဖြစ်ပါတယ်။ Asus Padfone Infinity လို့ အမည်ပေး ထား ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလက ပထမဆုံး မျိုးဆက် Asus Padfone ထွက်ရှိ ခဲ့ပြီးသွားပါပြီ။ ယခု Infinity မှာတော့ အများကြီး ထူးခြားလာတာ တွေ့မြင် ရမှာ ဖြစ်ပါတယ်။ မကြာမီ ထွက်ရှိတော့မှာပါ။ တရားဝင် မိတ်ဆက် ပြသ ခဲ့ပြီး ဖြစ်ပါတယ်။ ဖုန်း အနေနဲ့ပဲ သုံးနေရုံမက၊ Tablet အနေနဲ့ပါ အသုံးပြု လို့ရအောင် Dock Tablet ပါရှိပြီး Notebook လိုသုံးချင်သေးရင် ကီးဘုတ် သက်သက် ဝယ်နိုင် ပါသေးတယ်။ GSM ဆင်းကဒ်ထည့်သုံးနိုင်တဲ့ ဖုန်းပါ။

Tablet က အမှန်တော့ Dock Station တစ်မျိုးပါပဲ။ ဖုန်းကို ထည့်လိုက်ရုံနဲ့ ၁၀.၁ လက်မ ကျယ်တဲ့ မျက်နှာပြင်ကနေ Tablet လိုမျိုး အသုံးပြုလို့ ရအောင် ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ ပထမဆုံး ထွက်ရှိ စဉ်က အမေရိကန်ဒေါ်လာ ၈၅၀ ကျော်တောင် ရှိခဲ့ပါတယ်။ 64 GB ဗားရှင်းဆိုရင် ကန်ဒေါ်လာ ၁၀၀၀ ကျော်တောင် ရှိပါတယ်။ ဒီတစ်ခါတော့ အရည် အသွေးမြင့်မားလာမှုအပြင် ဈေးနှုန်းကလည်း သက်သာ သွားပါတယ်။ ဖုန်းကိုပဲ အရင်လေ့လာရအောင်။

၎.၃ လက်မ အရွယ် HD resolution Display အသုံးပြု ထားပါတယ်။ Processor 2.2 GHz Quad Core Qualcomm Snapdragon 800 ကို အသုံးပြုထားပြီး နောက်ဆုံးထွက် အဆင့်မြင့်စမတ်ဖုန်း များနဲ့ ယှဉ်လို့ ရပါတယ်။ RAM လည်း 2GB ပါ။ Internal 64 GB ဗားရှင်းတော့ မထွက် ရှိတာ့ပါဘူး။ 16 GB နဲ့ 32 GB ဗားရှင်း ထွက်ရှိမှာ ဖြစ်ပါတယ်။ micro SD ကဒ်ထည့်ဖို့ slot ပါဝင်လာအုံးမှာ ဖြစ်ပါတယ်။ ကင်မရာက 13 Megapixel ပါ။ f2.0 rear camera ဖြစ်တာမို့ HTC One ရဲ့  Ulta pixel နည်းပညာ နဲ့အတူတူပဲလို့ ဆိုပါတယ်။ ရှေ့ ကင်မရာ ကတော့ 2 Megapixel ပါ။ Android 4.2 Jelly Bean နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Navigation နဲ့ အခြားသော Software/Feature များပါဝင်နေပါသေးတယ်။ ဖုန်းတပ်ဆင်မယ့် Tablet ကတော့ အရင်ကလို ၁၀.၁ လက်မ ဝန်းကျင် ပဲ ဖြစ်မှာပါ။ တိုက်နေနီယမ် အနက်ရောင်၊ ပလက်တီနမ် အဖြူရောင် ဆိုပြီး အရောင် ၂ မျိုးနဲ့ထွက်ရှိမှာ ဖြစ်ပါတယ်။ ဖုန်းချည်းသက်သက် ဝယ်မယ် ဆိုရင်တော့ 16 GB ကို ကန်ဒေါ်လာ ၆၄၀၊ 32 GB ကိုတော့ ကန်ဒေါ်လာ ၇၁၀ သတ်မှတ်ထားပါတယ်။

Infinity Station Dock လို့ခေါ်တဲ့ Tablet ကို ထပ်ဝယ်မယ်ဆိုရင်တော့ ကန်ဒေါ်လာ ၂၄၀ ကုန်ကျအုံးမှာပါ။ ဒေါ်လာ ၂၄၀ တန် Tablet က ဘယ်လို Feature တွေ ပါရှိမယ်ဆိုတာကို ဖော်ပြ မထားသေး ပါဘူး။ 16 GB Padfone တစ်စုံဝယ်မယ် ဆိုရင် ကန်ဒေါ်လာ ၈၈၀ လောက်တော့ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာလည်း ငွေကျပ် ၈သိန်းခွဲလောက် ပေါက်ဈေးရှိနိုင်မယ့် စမတ်ဖုန်း+ကျောက်သင်ပုန်း ကွန်ပြူတာ တစ်စုံပါ။ ၄ သိန်းခွဲတန်ဖုန်းတစ်လုံးနဲ့ ၃ သိန်းခွဲ တန် ကျောက်သင်ပုန်း ကွန်ပြူတာ တစ်လုံး ဝယ်မယ်လို့ စိတ်ကူးရှိရင်တော့ တစ်မျိုးပေါ့။ ဖုန်းကောင်းကောင်းကိုင်ပြီး Tablet လိုမျိုး Feature အစံသုံးချင်ရင်တော့ Asus Padfone Infinity နဲ့လည်း လုံလောက် နိုင် ပါတယ်။
.
Ref: androidcommunity


No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget