Thursday, September 19, 2013

No Root Huawei 4.1 Myanmar Font New S4 Themes

Huawei ဖုန်းတွေရဲ့ Android Version 4.1 မှာ Root မဖောက်ပဲမြန်မာဖောင့်ထည့်လို့ရပါတယ်ခင်ဗျား။
software သမားတိုင်းလည်းသိပြီးသားဖြစ်မှာပါ။
ကျွန်တော့ဘော်ဘော်တစ်ယောက် မေးမြန်းလာတဲ့အတွက်ဒီပို့လေးကိုတင်ပေးခြင်းဖြစ်ပါတယ်။
သိပြီးသားညီအစ်ကိုများလည်းလျှာရှည်တယ်လို့မထင်ကြပါနဲ့။
မသိသေးသူများအတွက်တင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျား။
Themes ကနေ သွင်းတာပေါ့နော်..
ဒါကတော့ S4 နဲ့ icon တွေတူအောင်လုပ်ထားတဲ့ S4 Themes ပါ။
ဒီ Themes ကို Internal Storage ထဲက HW Themes ထဲကို ထည့်လိုက်ပါ.
ပြီးရင် Themes ဆိုတဲ့ App ထဲကို ၀င်ပြီး S4 Themes MMSD ဆိုတာကိုရွေးပေးလိုက်ပါ။
Themes with Font ကို ရွေးပေးလိုက်ပါ။
Reset ကျပြီးပြန်တက်လာရင် မြန်မာလိုရပါပြီ။
ပြီးရင် Language & keyboard ကိုကြည့်ပါ။ Frozen Keyboard မပါရင် Frozen Keyboard လေးထည့်ပေးလိုက်ပါနော်။
 အဆင်ပြေကြပါစေ။
Download Here

 အင်တာနက်လိုင်းကောင်းမှပုံလေးနဲ့ထပ်တင်ပေးပါ့မယ်ခင်ဗျား။

မိုဘိုင်လောကမှညီအစ်ကိုအားလုံးကိုလေးစားလျက်
ရဲထက်(www.wavemobilespecialservices.blogspot.com)

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget