Wednesday, September 18, 2013

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ




ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်ပြသနာတစ်ခုက memory ပါသူ့  ပြဿနာကလည်း Blue death screen(အပြာရောင်စာတန်းတွေ) တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

အဓိကကတော့ ကျွန်တော်တို့ကွန်ပျူတာတစ်လုံးစ၀ယ်မယ်ပေါ့။ဝယ်မယ်ဆိုရင် ကွန်ပျူတာအရောင်းဆိုင်ကိုကျွန်တော်တို့ပြေးရတော့မယ်လေ။အဲဒိမှာကိုယ်ဟာကွန်ပျူတာနဲ့ပတ်သတ်ပြီး
အခြေခံလောက်ပဲနားလည်တာပါ။Hardware ပိုင်းကျတော့အချို့ကဘာမှန်းတောင်မသိပါဘူး။
အဲဒိအခါမှာ ကွန်ပျူတာservice သမားက မေးပါတယ်။mobile ဆိုင်မှာသုံးမှာလား။စာစီစာရိုက်သုံးမှာလား။
အခွေထုတ်ပြီးရောင်းမှာလားအစရှိသည်များကိုမေးပါတယ်။
ဥပမာ။မိုဘိုင်းဆိုင်အတွက်သုံးမယ်ဆိုရင်
processor က 3.40 GHz လောက်ပေါ့
Ram        က 4.00 GB လောက်ပေါ့
System    က 32 bit Operating System လောက်ပေါ့
အဓိကကတော့မိုဘိုင်းဆိုင်အတွက်ဆိုအပေါ်က system လောက်သုံးနိုင်ရင်အဆင်ပြေပါပြီ။
အဲဒိမှာ မိုဘိုင်းဆိုင်အတွက်ဆို DVD  Drive ဟာမလိုအပ်သလောက်ပါပဲ။အဲဒါမို့Computer Service သမားတွေက မိုဘိုင်းဆိုင်အတွက်ဆို DVD Drive ကိုပါတယ်ဆိုရုံလေး အရည်အသွေးနိမ့်တာထည့်ပေးလိုက်ပါတယ်။ဒါကလည်းဝယ်သူနဲ့ရောင်းသူသဘောတူညီပြီးမှထည့်ပေးလိုက်
ခြင်းဖြစ်ပါတယ်။အဲဒိတော့ကိုယ်ဟာမိမိဝယ်လာတယ့်စက်မှာ DVD Drive ပါတာပဲဆိုပြီးအခွေတွေကြည့်မယ်။အခွေတွေကူးမယ်ဆိုရင်တော့လုံးဝအဆင်မပြေလောက်ပါဘူး။လောလော
ဆယ်မှာတော့အဆင်ပြေနေပေမယ့်နောက်ပိုင်းမှာ အပေါ်ကပြောခဲ့တဲ့အတိုင်းအပြာရောင်စာတန်းတွေတက်လာမယ်။ကွန်ပျူတာဟာလုံးဝထိုးရပ်သွားမယ်။
နောက်ဆုံး Window ကျပြီး။Hard Disk ပါလဲရသည်အထိကြုံတွေ့ရနိုင်ပါတယ်။
အဲဒိလိုဖြစ်လာရင်ဆိုင်ကလည်းဘာမှပြန်မလုပ်ပေးတော့ဘူးလေ။သူပေးတဲ့ Warranty ပျက်သွားပြီ။အဲဒိအတွက် ကိုယ့်ရဲ့ပိုက်ပိုက်တွေကုန်မယ်။အချိန်တွေကုန်မယ်။လုပ်ငန်းတွေပျက်မယ်။

အဲဒိလိုမဖြစ်အောင်အစကတည်းကကိုယ်တိုင်ကြိုတင်ပြီးဆင်ခြင်သင့်ပါတယ်။
 ကဲ......သတိပြုနိုင်ကြပါစေဗျာ
ကွန်ပျူတာနဲ့ပတ်သတ်ပြီးကျွန်တော်သိသလောက်လေးတင်ပေးခြင်းဖြစ်ပါတယ်။
ကျွန်တော်ရေးတဲ့ထဲမှာအမှားများလည်းပါကောင်းပါနိုင်ပါတယ်ခင်ဗျား။
သည်းခံပြီးဖတ်ပေးကြပါခင်ဗျား။

 မိုဘိုင်းလောကမှညီအစ်ကိုမောင်နှမများကိုခင်မင်လေးစားလျက်
 ရဲထက်(www.wavemobilespecialservices.blogspot.com)
 



No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget