Thursday, September 19, 2013

မလေးရှားပြန် (ဟာသလေးပါ)

''မလေးရှားပြန်''
------------------
ဒီမှာ အမိ ... မင်းကို
ရည်းစားစကားလိုက်ပြောတယ်...
ခဏခဏအဖြေ လိုက်လိုက်တောင်းတယ်..ရာရာစစ...
ဆိုက္ကားအငှားနင်းတဲ့ကောင်စားကများဆိုပြီး
ကျူပ်ကို အထင်တော့ တစ်စက်တစ်လေမှသေးမသွားနဲ့၊

ဆိုက္ကားသမားဆိုပေမယ့် အလကား ပမွှားတော့မဟုတ်ဘူး
ဘာသာစကားမှာ မလေးလိုကို ကျွမ်းကျွမ်းကျင်ကျင်
ကျူပ်ပြောတတ်တယ်...။

ဘွဲ့လက်မှတ်နဲ့ အင်္ဂလိပ်လိုကို ရေးတတ်ဖတ်တတ်
နဲနဲပါးပါး မှုတ်တတ်သေးတယ်...
မင်းမကိုင်ဘူးတဲ့ iPad ကျုပ်ကိုင်ခဲ့ဖူးတယ်
မင်းမသုံးဘူးတဲ့ iPhone ကျုပ်သုံးခဲ့ဖူးတယ်
မင်းမဆွတ်ဖူးတဲ့ ရေမွှေး ကျူပ်အပြင်ထွက်တိုင်းဆွတ်ခဲ့ဖူးတယ်
မင်းမစားဖူးတဲ့ KFC ကျုပ်နေ့တိုင်း အီနေအောင်စားခဲ့ဖူးတယ်
မင်းမသောက်ဖူးတဲ့ StarBucks Coffee ကျုပ်ရင်ပူတိုင်း
အော်ဒါမှာသောက်ခဲ့ဖူးတယ်...
မင်းမရောက်ဖူးတဲ့ ကစားကွင်းတွေ ကျူပ်ပျင်းတိုင်း သွားခဲ့ဖူးတယ်
မင်းနာရီနဲ့တွက်ပြီး ထိုင်သုံးရတဲ့ အင်တာနက် ကျုပ်တစ်နေကုန်
မွှေနှောက်ပြီး သုံးခဲ့ဖူးတယ်...

မင်းသိလား Facebookကကျူပ်ပရိုဖိုင်မှာ
ဓါတ်ပုံတင်တုံးကဆိုရင် Like အခုတစ်ရာ ရခဲ့ဖူးတယ်
ကျုပ်ပုံတော့မဟုတ်ဘူးပေါ့ဗျာ ကိုရီးယားမင်းသားပုံ...
ဘာပဲဖြစ်ဖြစ်လေ ကျုပ်တင်တာလေ..


အဲ့လို အသစ်တွေ့တိုင်းလိုက်လိုက်ဝယ်ပြီ
အကောင်းတွေမှ ၀ယ်စား သူငယ်ချင်းတွေချိန်းတိုင်း ပျော်ပွဲစားတွေပဲ ထွက်နေခဲ့တာနဲ့
ကိုယ့်ဘာသာကိုလည်း
တစ်ပြားမှ မစုမိမဆောင်းမိ
အိမ်လည်းပြန်ရောက် အရင်းအနှီးလေး ပြန်တောင်းကြည့်တော့
နင်ပို့ထားတာ ဘယ်နှစ်ပြားရှိလို့လဲဆိုတာနဲ့
မာနကို ခဝါချ အအားမနေတက်တာနဲ့
အညောင်းပြေ အညာပြေဆိုပြီး ဆိုက္ကားနင်းစားနေတာ
နှယ်နှယ်ရရတော့မဟုတ်ဘူး ဘာမှတ်...။

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget