<<< မသိသေးသောဘော်ဒါများအတွက်တင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျား။>>>
ကွန်ပျူတာပေါ်ကနေ Gmail Account ဖွင့်လို့မရတဲ့ သူငယ်ချင်းတွေ မိမိတို့ရဲ့ Android ဖုန်းပေါ်ကနေတဆင့် Gmail Account အလွယ်တကူဖွင့်လို့ရပါတယ်ခင်ဗျား။Android ဖုန်းကိုသုံးပါ။Android က google ရဲ့ ကိုယ်ပိုင် OS ဖြစ်လို့
gmail service ကိုလည်းအလွယ်တကူသုံးလို့ရအောင်
လုပ်ပေးထားပါတယ်။
(1) Android ဖုန်းမှာ setting ကိုသွားပါ ။
(3)add an account ကိုနှိပ်ပါ။
(4)Google ကိုရွေးပါ။
( ဒီနေရာမှာ ကိုယ့်ဖုန်းထဲမှာ gmail application
သွင်းပြီးသားရှိမှသာ google ဆိုတာပေါ်
နေမှာ။Samsung ဖုန်းတွေမှာဆိုရင်တော့ Build in အနေနဲ့ပါပါတယ်။Huawei ဖုန်းတွေမှာဆိုရင်စင်ကာပုဘက်က၀င်တဲ့အလုံးတွေမှ ပါတတ်ပါတယ်ခင်ဗျာ။Android တစ်ချို့ တရုတ်ဖုန်းတွေနဲ့ custom romsတွေမှာပါမလာတတ်ပါဘူး။အဲဒိအခါကျရင်ဒီ Tool လေးနဲ့ထည့်လိုက်ရင်အဆင်ပြေပါတယ်ခင်ဗျား။Root Access တော့လိုအပ်တယ်နော်။
(5)ကိုယ်သုံးချင်တဲ့ နာမည်နဲ့ account name ကိုပေးပါ။ကိုယ်လိုချင်တဲ့နာမည်မရရင် နောက်နာမည်အသစ်ရွေးပေါ့။ရခဲ့ရင် Next နှိပ်
(6)ကိုယ်ပေးချင်တဲ့ passwordကို ၂ခါဖြည့်ပါ။ပေးလိုက်တဲ့ passwordကိုသေချာမှတ်ထားပါ။မေ့သွားရင်ပြန်ယူ
ဖို့ခက်ခဲပါတယ်။
(7)Security Question က answer ကို
ကိုယ်မှတ်မိမယ့်ဟာပေးပါ။password မေ့သွားလို့ gmail account ဝင်မရ
တော့ရင်
ဒီ security question ကိုသုံးပြီးပြန်ယူရမှာပါ။
(11) Finish setup ကိုနှိပ်ပါ။
အကောင့်အသစ်ကိုစသုံးလို့ရသွားပါပြီ။လိုအပ်ရင်ဆန္ဒရှိသလောက် ဒီအတိုင်း gmail
account ပေါင်းများစွာကို ဆက်ကာဆက်ကာ ကြိုက်သလောက်ဖွင့်လို့ရပါတယ်။
ကိုယ့်မှာ android ဖုန်းမရှိရင်တော့
ရှိတဲ့သူငယ်ချင်းတစ်ယောက်ယောက်ကို ဖွင့်ခိုင်းပေါ့။ဖုန်းမှာအင်တာနက်
ဖွင့်ထားဖို့တော့လိုပါမယ်။
အဆင်ပြေကြပါစေ။
ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဆက်လက်ကြိုးစားလျက်ပါ
ရဲထက်(www.wavemobilespecialservices.blogspot.com)
No comments:
Post a Comment
လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....