Thursday, September 19, 2013

ဗဟုသုတလေးပါ

လူသားတွေနဲ့ ဖားတွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ထိန်းညှိနေထိုင်တတ်ကြတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်...

စမ်းသပ်မှု တစ်ခုမှာ ဖားတစ်ကောင်ကို ရေထည့်ထားတဲ့ အိုးထ
...ဲကို ထည့်လိုက်ပါတယ်... အဲဒီနောက် အဲဒီ အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးတယ်... အိုးထဲက ရေရဲ့ အပူချိန် မြင့်တက်လာပေမယ့် ဖားရဲ့ အပူချိန်ကို ထိန်းညှိနိုင်စွမ်းကြောင့် ဖားဟာ ဘာမှမဖြစ်ဘဲ နေနိုင်တာကို တွေ့ရပါတယ်... ဒီလိုနဲ့ ဖားဟာ မြင့်တက်လာတဲ့ အပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေရင်း နောက်ဆုံး ရေဆူမှတ်ရောက်ကာနီးမှာတော့ လုံးဝ ထိန်းညှိနိုင်စွမ်း ကုန်ပြီး အိုးထဲကနေ ခုန်ထွက်ဖို့ ကြိုးစားပါတော့တယ်... ဒါပေမယ့် ဖားဟာ အိုးထဲကနေ အပြင်ကို မခုန်ထွက်နိုင်တော့ပါဘူး... ဘာလို့လဲဆိုတော့ သူ့ရဲ့ ရှိသမျှအင်အားတွေကို ခုနက အပူချိန်နဲ့ သဟဇာတဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အသုံးချလိုက်တဲ့အတွက် အလွန် အင်အားနည်းသွားလို့ပဲ ဖြစ်ပါတယ်... ဒါကြောင့် မကြာခင်မှာပဲ ဖားဟာ သေဆုံးရပါတော့တယ်...

ဖားဟာ ဘာကြောင့်သေဆုံးရပါသလဲ ?? လူများစုကတော့ ဆူပွက်နေတဲ့ ရေနွေးကြောင့်လို့ ပြောကြပါလိမ့်မယ်... တကယ်တမ်း သေချာစဉ်းစားကြည့်ရင်တော့ ဘယ်အချိန်မှာ အိုးထဲကနေ ခုန်ထွက်သင့်သလဲဆိုတာကို မဆုံးဖြတ်နိုင်တဲ့ ဖားရဲ့ အားနည်းချက်ကြောင့်ပါပဲ...

==============================

ကျွန်တော်တို့ အားလုံးဟာ လူတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ သဟဇာတ ဖြစ်အောင် ထိန်းညှိနေထိုင်တတ်ကြဖို့ လိုပါတယ်... ဒါပေမယ့် ဘယ်အခြေအနေမှာ လိုက်လျောညီထွေ နေသင့်တယ်... ဘယ်အခြေအနေမှာ ရင်ဆိုင်ဖြေရှင်းသင့်တယ် ဆိုတာကိုတော့ ဆုံးဖြတ်တတ်ဖို့ လိုအပ်လှပါတယ်... ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းသင့်တဲ့ အရာတွေကို လူတိုင်းလူတိုင်း ဘဝမှာတွေ့ကြုံရမှာ မလွဲပါဘူး...

တချို့ လူတွေဟာ ကိုယ့်ရဲ့ ဘဝကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ ငွေကြေးပိုင်းဆိုင်ရာ ကအစ ထိခိုက်ပူဆွေးအောင် ပြုလုပ်တတ်ကြပါတယ်... ဒါကို ကိုယ်က ခွင့်ပြုပြီး လိုက်လျောညီထွေ ဖြစ်အောင် ထိန်းညှိရင်းနဲ့ ကိုယ့်ရဲ့ဘဝ နစ်မြောသွားတတ်ပါတယ်... ဒါကြောင့် အဆိုးရွားဆုံး အခြေအနေမရောက်ခင်မှာ ခုန်ထွက်ဖို့ ကြိုးစားပါ... သင့်မှာ အဲလို လွတ်မြောက်အောင် ကြိုးစားဖို့ စွမ်းအားကျန်နေတုန်းမှာပေါ့....


ကျေးဇူးတင်ပါတယ်ခင်ဗျား
ရဲထက်(www.wavemobilespecialservices.blogspot.com)

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget