Monday, September 23, 2013

Android ဖုန်းအသုံးပြုသူတွေအတွက် မြန်မာစာ ၊ ကီးဘုတ်နဲ့ ကြိုက်နှစ်သက်ရာ ဆော့ဝဲသွင်းပြီးသားCustom firmware အလွယ်ဆုံးပြင်ဆင်မယ်






Android ဖုန်းအသုံးပြုသူတွေအတွက် မြန်မာစာ ၊ ကီးဘုတ်နဲ့ ကြိုက်နှစ်သက်ရာ ဆော့ဝဲသွင်းပြီးသားCustom firmware အလွယ်ဆုံးပြင်ဆင်လုပ်နည်းကို ပြောပြချင်ပါတယ်။
ဒီလို မြန်မာစာပါပြီး Custom Firmware လေးလုပ်ထားခြင်းအားဖြင့် ကိုယ်တစ်ယောက်တည်း သုံးဖို့မဟုတ်ဘဲ အခြားဖုန်းတူသူငယ်ချင်းတွေရှိရင်လည်း သူတို့ကို ကိုယ်ပြင်ဆင်ထားတဲ့ မြန်မာစာ ၊ ကီးဘုတ် နဲ့ စိတ်ကြိုက် app တွေပါပြီး ROM လေးကိုသူတို့ကိုလည်း ပေးသုံးတော့ သူတို့လည်းဘာမှလုပ်စရာမလို အဆင်သင့်သုံးရုံပေါ့ဗျာ။
အရင်ဆုံး ကိုယ့်ဖုန်းနဲ့ဆိုင်တဲ့ Custom Firmware တစ်ခုကို Site တစ်ခုခုကနေ download ရယူထားလိုက်ပါ။
ပြီးရင် အဲဒီ firmware ဇစ်ဖိုင်ကို 7zip ဆော့ဝဲအသုံးပြုပြီး Open Archive နဲ့ဖွင့်ကြည့်ပါ။ ဖြည်စရာမလိုဘူးနော်။ အဲဒီထဲမှာ boot.img ရယ် system folder ရယ် meta ဆိုတဲ့ folder ရယ်ပါတယ်။ boot.img နဲ့ meta ဖိုဒါကိုဘာမှမလုပ်နဲ့ ။ ဒီအတိုင်းထား ။
ကျနော်တို့ ပြင်မှာ system folder ပဲ ။
ကဲ အရင်ဆုံး firmware ထဲကိုမြန်မာစာထည့်မယ်။
အရင်ဆုံး ဘာကိုအရန်သင့်လုပ်ထားရမလဲဆိုတော့ Frozenkeyboard apk ဒါမှမဟုတ် bagan keyboard apk ကိုကွန်ပျူတာ desktop ပေါ်မှာအရန်သင့်ချထားပါ။
ပြီးရင် ကွန်ပျူတာ desktop ပေါ်မှာပဲ ဇော်ဂျီဖောင့်တစ်ခုကို နာမည်သုံးမျိုးနဲ့ ဖောင့်သုံးခုပွားထားပါ။ဘာနာမည်တွေနဲ့လဲဆိုတော့ “DroidSansFallback.ttf , DroidSans.ttf , Roboto-Regular.ttf” ဇော်ဂျီဖောင့်တစ်ခုတည်းကို အဲဒီနာမည်သုံးခုနဲ့ ဖောင့်သုံးခုပွားထားပါ။
ပီးရင်ခုနက firmware ဖိုင်ကို 7zip အသုံးပြုဖွင့်ထားတဲ့ထဲကနေ system folder ထဲဝင်ပြီး fonts ဖိုဒါထဲထပ်ဝင်လိုက်ပါ။ အဲဒီထဲမှာ ဖောင့်တွေအများကြီးရှိပါတယ်။ အဲဒီထဲက DroidSansFallback.ttf , DroidSans.ttf , Roboto-Regular.ttf စတဲ့နာမည်နဲ့ဖောင့်သုံးခုကိုရှာပြီးဖျက်လိုက်ပါ။ ပြီးရင် ခုနက ဇော်ဂျီဖောင့်ကိုဖောင့်သုံးခုပွားလိုက်တဲ့ဟာရှိတယ်လေ ။ အဲဒီသုံးခုကို firmware ရဲ့ fonts folder ထဲကိုထည့်လိုက်ပါ ။ copy/paste လုပ်ထည့်လို့ရပါတယ်။ ပြီးရင် fonts ဖိုဒါကနေပြန်ထွက်ပါ။ အဲဒီ system folder ထဲမှာပဲ app ဆိုတဲ့ ဖိုဒါတစ်ခုပါသေးတယ်။ အဲဒီထဲကိုဝင်ပါ။ ခုနက desktop ပေါ်မှာအရန်သင့်ချထားတဲ့ frozenkeyboard.apk ကိုအဲဒီ app folder ထဲ copy/paste လုပ်ထည့်လိုက်ပါ။ တခြား ကိုယ့်စိတ်ကြိုက် ဆော့ဝဲသွင်းချင်သေးတယ်ဆိုရင်တော့ app folder ထဲကိုပဲခုနက ကီးဘုတ် apk ထည့်ခဲ့သလို copy paste လုပ်ထည့်လိုက်ပါ။ တစ်ခုသတိထားရမှာက app folder ထဲကို apk ဖိုင်တွေထည့်တဲ့နေရာမှာ ထည့်မယ့် apk ဖိုင်တွေကို နာမည်အခက်ကြီးတွေမပေးပါနဲ့။ “a.apk”, “b.apk” .. အဲဒါမျိုးတွေပဲပေးပါ။ character တစ်ခုခုပါလာရင် အခန့်မသင့်ရင် firmware boot မတက်သည်အထိဖြစ်တတ်ပါတယ်။
ကဲ.. အခု အကုန်ထည့်ပြီးပြီဆိုရင်တော့ 7zip နဲ့ဖွင့်ထားတာကို ပိတ်လိုက်ပါ။
အင်တာနက်မှာရှာကြည့်လိုက်ပါ။ Zip Signer ဆိုတဲ့ဆော့ဝဲရှိပါတယ်။ အဲဒါနဲ့ အခုပြုပြင်လိုက်တဲ့ firmware ကို sign ပြန်လုပ်ရပါမယ်။ sign လုပ်လိုက်ရင် sign ဖြစ်သွားတဲ့ firmware တစ်ခု အဲဒီ zip signer ဆော့ဝဲရဲ့ ဖိုဒါထဲမှာပဲပေါ်လာပါမယ်။ ဒီနေရာမှာပြောချင်တာက sign လုပ်တဲ့ဆော့ဝဲကိုရှာမရသူများ အတွက် ဖုန်းထဲမှာတင် file ကို sign လုပ်လို့ရတဲ့ zip signer 2.apk ဆိုတဲ့ဖုန်းဆော့ဝဲလေးရှိပါတယ်။ အဲဒါနဲ့လည်းလုပ်လို့ရတယ်။ နောက်တစ်ခုပြောချင်တာက တစ်ချို့ဖုန်းအမျိုးအစားတွေရဲ့ firmware တွေကျတော့ sign လုပ်စရာမလိုဘဲနဲ့ကို ပြင်ထားတဲ့အတိုင်း တန်းသုံးနိုင်ပါတယ်။ အဲဒီ firmware ဖိုင်ကို ကိုယ့်ဖုန်းရဲ့ sd card ထဲထည့် ၊ CWM Recovery ထဲကနေ flash လိုက်ရုံပါပဲ။ ပြီးပြီဆိုရင်တော့ မြန်မာစာ ၊ မြန်မာကီးဘုတ်နဲ့ စိတ်ကြိုက် ဆော့ဝဲတွေပါတဲ့ firmware တစ်ခုကိုဖုန်းမှာ တင်လိုက်ပြီးဖြစ်သလို ကွန်ပျူတာမှာလည်း ကိုယ်ပြင်ထားတဲ့ မြန်မာစာပါပြီး firmware ရှိနေပြီပေါ့။ ကဲ…. ဒါပါပဲဗျာ.


ကျွန်တော်သိတဲ့ လေ့လာနေတဲ့ အသိတရားတွေဟာ အားလုံးကိုမျှဝေဖို့ပါ။


ရဲထက်(www.wavemobilespecialservices.blogspot.com)

No comments:

Post a Comment

လူကြီးမင်းတို့ ၏ အခက်အခဲများကို yehtet.al.al@gmail.com & minthweyint@gmail.com သို့ mail ပို့ပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ....

Twitter Bird Gadget